Sales Hotline : 09448001653       Download App



ပညာရေးကောလိပ် လေးခုကို ဒီဂရီကောလိပ်အဖြစ် အဆင့်တိုးမြှင့်မည်

ပညာရေးကောလိပ် လေးခုကို ဒီဂရီကောလိပ်အဖြစ် အဆင့်တိုးမြှင့်မည်

တစ်နိုင်ငံလုံးတွင် ပညာရေး ကောလိပ် ၂၅ ခုရှိသော်လည်း ရှေ့ပြေးစီမံချက်အနေဖြင့် ပညာ ရေးကောလိပ် လေးခုကို ပညာသင်ကာလ ၂ နှစ်မှ လေးနှစ်သို့ တိုးမြှင့်ပြီး ဘွဲ့ဒီဂရီပေးအပ်မည့် ပညာရေး ဒီဂရီကောလိပ်များအဖြစ် အဆင့်တိုးမြှင့်ရန် လျာထား သည်ဟု သိရသည်။

‘‘အခုကျောင်းတွေက ဒီပလို မာသင်တန်းတွေပေးနေတာ။ အဆင့်မြှင့်မယ်ဆိုတော့ သင်ရိုးညွှန်းတမ်းကိုလည်း အသစ်သုံးမှာ။ အဲဒီတော့ ကျောင်းအားလုံးကိုတော့ အဆင့်တိုးလို့ မရသေးဘူး။ သင်ရိုးအသစ်တွေက ဆရာ၊ ဆရာမတွေ၊ ကျောင်းသား၊ ကျောင်းသူတွေနဲ့ အဆင်ပြေရဲ့ လားဆိုတာ အရင်စမ်းသပ်ရဦး မယ်’’ဟု ဒေါက်တာအောင်အောင် မင်းက ဆိုသည်။

ပညာရေးကောလိပ်များကို ဒီဂရီကောလိပ်အဆင့်တိုးမြှင့်ပြီး ပါက လေးနှစ်တက်ရောက်သင်ယူ ရမည့် ပညာရေးဘွဲ့သင်တန်းများ ဖွင့်လှစ်သင်ကြားမည်ဖြစ်ပြီး ချီး မြှင့်မည့်ဘွဲ့အမည်ကို ၀န်ကြီးဌာန သို့ တင်ပြထားကြောင်း သိရသည်။

လက်ရှိပညာရေးကောလိပ်များတွင် ၂ နှစ် တက်ရောက်သင် ယူရမည့် ဆရာအတတ်ပညာ ဒီပလိုမာ သင်တန်းများ ဖွင့်လှစ်သင်ကြားနေပြီး သင်တန်းပြီးဆုံးပါက အခြေခံပညာကျောင်းများ၌ မူလတန်းပြ အဖြစ် ခန့်အပ်လျက်ရှိ သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: 7 day daily

Government School Read 6191 times