Sales Hotline : 09448001653       Download App



ရန်ကုန်စီးပွားရေးတက္ကသိုလ် အဝေးသင်ကျောင်းသား/သူများအတွက် တက္ကသိုလ်အဆောင်နေခွင့်ပေးမည်

ရန်ကုန်စီးပွားရေးတက္ကသိုလ် အဝေးသင်ကျောင်းသား/သူများအတွက် တက္ကသိုလ်အဆောင်နေခွင့်ပေးမည်

ရန္ကုန္စီးပြားေရးတကၠသိုလ္ (ရြာသာႀကီး) နယ္ေျမတြင္ တက္မည့္ ရန္ကုန္စည္ပင္သာယာနယ္နိမိတ္ျပင္ပမွ အေဝးသင္ပထမႏွစ္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအတြက္ တကၠသိုလ္အေဆာင္ေနထိုင္ခြင့္ျပဳမည္ဟု ရန္ကုန္စီးပြားေရးတကၠသိုလ္ သင္တန္းေရးရာဌာနမွဴး ဦးသန္းစိုးဦးကေျပာပါတယ္။

 

အေဝးသင္တကၠသိုလ္စီးပြားေရးပညာႏွင့္ စီးပြားစီမံဘာသာရပ္သင္တန္းမ်ားကို ယခင္က ဝိဇၨာ၊ သိပၸံ တကၠသိုလ္မ်ားတြင္တက္ရေသာ္လည္း ယခုပညာသင္နွစ္ (ပထမႏွစ္) သင္တန္းမ်ားမွစတင္၍ ရန္ကုန္၊ မံုရြာႏွင့္ မိတၳီလာစီးပြားေရးတကၠသိုလ္တို႔တြင္ ေျပာင္းလဲတက္ေရာက္ရပါတယ္။

Fitness Centre (352) Fitness Centre မ်ားႏွင့္ပတ္သက္ျပီး (352) ခုရွာရန္ႏွိပ္ပါ။

ရန္ကုန္စီးပြားေရးတကၠသိုလ္တြင္ အေဝးသင္သင္တန္းတက္ေရာက္မည့္ နယ္ၿမိဳ႕မ်ားမွ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအဆင္ေျပေစရန္ တကၠသိုလ္ပိုင္ေက်ာင္းသား၊ ေက်ာင္းသူ အေဆာင္မ်ားတြင္ ေနခြင့္ျပဳျခင္းျဖစ္ေၾကာင္း ဦးသန္းစိုးဦးကေျပာသည္။ “နယ္က ကေလးေတြက သြားေရးလာေရးခက္ခဲတယ္။

ရန္ကုန္မွာက်ေတာ့ ေနေရး၊ ထိုင္ေရးခက္ေတာ့ ကေလးေတြက အေဆာင္ေပးမွာလားလို႔ေမးတာေတြရွိပါတယ္။ ေအာက္တိုဘာ၊ ႏိုဝင္ဘာမွာ Day (ေန႔သင္တန္း) ေက်ာင္းသား၊ ေက်ာင္းသူမ်ားအတြက္ တကၠသိုလ္အေဆာင္မ်ားေနခြင့္ျပဳေသာ္လည္း အေဝးသင္ေက်ာင္းသား၊ ေက်ာင္းသူမ်ားသည္ ျပင္ပပုဂၢလိကအေဆာင္မ်ားတြင္သာ ငွားရမ္းေနထိုင္ရသည္။ အေဝးသင္ေက်ာင္းသား၊ ေက်ာင္းသူမ်ား တကၠသိုလ္အေဆာင္ေနခြင့္ေပးျခင္းကို ရန္ကုန္စီးပြားေရးတကၠသိုလ္က ပထမဆံုးစီစဥ္ေပးျခင္းျဖစ္ပါတယ္။

 

တကၠသိုလ္အေဆာင္မ်ားတြင္ ႏိုဝင္ဘာ () ရက္မွ (၃၀) ရက္အထိ ေနထိုင္ခြင့္ျပဳမည္ျဖစ္ၿပီး အေဆာင္ေနထိုင္ခြင့္ကို ေအာက္တိုဘာ () ရက္မွ (၃၀) ရက္အထိ ရန္ကုန္စီးပြားေရးတကၠသိုလ္ (ရြာသာႀကီးနယ္ေျမ) အေဝးသင္ဌာနတြင္ ေလွ်ာက္ထားရမည္ျဖစ္ပါတယ္။

 

ရန္ကုန္စည္ပင္သာယာနယ္နိမိတ္ျပင္ပတြင္ ေနထိုင္သည့္ေက်ာင္းသား၊ ေက်ာင္းသူမ်ားသာ တကၠသိုလ္အေဆာင္ေနထိုင္ခြင့္ျပဳမည္ျဖစ္ၿပီး လက္ရွိရန္ကုန္စီးပြားေရးတကၠသိုလ္ ေက်ာင္းသား၊ ေက်ာင္းသူအေဆာင္မ်ား၏ ဝင္ဆံ့အင္အားအရ အမ်ိဳးသား (၂၀၀) ခန္႔၊ အမ်ိဳးသမီး (၂၀၀) ေက်ာ္၊ (၃၀၀) ခန္႔ အေဆာင္ေနထိုင္ခြင့္ျပဳႏိုင္မည္ဟု သင္တန္းေရးရာဌာနမွဴးကဆိုပါတယ္။

 

ရန္ကုန္စီးပြားေရးတကၠသိုလ္ (ရြာသာႀကီး) နယ္ေျမတြင္ ယခုပညာသင္ႏွစ္တြင္ စီးပြားေရးပညာႏွင့္ စီးပြားစီမံဘာသာရပ္ အေဝးသင္ေက်ာင္းသား၊ ေက်ာင္းသူ (၁၃၀၀) ေက်ာ္ရွိပါတယ္။

Read More:>>> နဝမတန္္းေအာင္ျမင္သူမ်ားကိုိ ေန႔စားလေပး မူလတန္းျပဆရာ၊ဆရာမမ်ားလုပ္ရန္ ေခၚယူ

ယခုပညာသင္ႏွစ္ ရန္ကုန္စီးပြားေရးတကၠသိုလ္ အေဝးသင္ေက်ာင္းသား၊ ေက်ာင္းသူမ်ားသည္ အနီးကပ္ပို႔ခ်သင္တန္းကို ႏိုဝင္ဘာ () ရက္မွ (၁၈) ရက္အထိ တက္ရမည္ျဖစ္ၿပီး စာေမးပဲြကို ႏိုဝင္ဘာ (၂၀) ရက္မွ (၂၉) ရက္အထိေျဖဆိုရမည္ဟု ရန္ကုန္စီးပြားေရးတကၠသိုလ္ကေၾကညာထားသည္။

 

Source: 7Day Daily

 

**Unicode**

 

ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီး) နယ်မြေတွင် တက်မည့် ရန်ကုန်စည်ပင်သာယာနယ်နိမိတ်ပြင်ပမှ အဝေးသင်ပထမနှစ် ကျောင်းသား၊ ကျောင်းသူများအတွက် တက္ကသိုလ်အဆောင်နေထိုင်ခွင့်ပြုမည်ဟု ရန်ကုန်စီးပွားရေးတက္ကသိုလ် သင်တန်းရေးရာဌာနမှူး ဦးသန်းစိုးဦးကပြောပါတယ်။


အဝေးသင်တက္ကသိုလ်စီးပွားရေးပညာနှင့် စီးပွားစီမံဘာသာရပ်သင်တန်းများကို ယခင်က ဝိဇ္ဇာ၊ သိပ္ပံ တက္ကသိုလ်များတွင်တက်ရသော်လည်း ယခုပညာသင်နှစ် (ပထမနှစ်) သင်တန်းများမှစတင်၍ ရန်ကုန်၊ မုံရွာနှင့် မိတ္ထီလာစီးပွားရေးတက္ကသိုလ်တို့တွင် ပြောင်းလဲတက်ရောက်ရပါတယ်။

Fitness Centre (352) Fitness Centre များနှင့်ပတ်သက်ပြီး (352) ခုရှာရန်နှိပ်ပါ။

ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် အဝေးသင်သင်တန်းတက်ရောက်မည့် နယ်မြို့များမှ ကျောင်းသား၊ ကျောင်းသူများအဆင်ပြေစေရန် တက္ကသိုလ်ပိုင်ကျောင်းသား၊ ကျောင်းသူ အဆောင်များတွင် နေခွင့်ပြုခြင်းဖြစ်ကြောင်း ဦးသန်းစိုးဦးကပြောသည်။ “နယ်က ကလေးတွေက သွားရေးလာရေးခက်ခဲတယ်။

ရန်ကုန်မှာကျတော့ နေရေး၊ ထိုင်ရေးခက်တော့ ကလေးတွေက အဆောင်ပေးမှာလားလို့မေးတာတွေရှိပါတယ်။ အောက်တိုဘာ၊ နိုဝင်ဘာမှာ Day (နေ့သင်တန်း) ကျောင်းသား၊ ကျောင်းသူများအတွက် တက္ကသိုလ်အဆောင်များနေခွင့်ပြုသော်လည်း အဝေးသင်ကျောင်းသား၊ ကျောင်းသူများသည် ပြင်ပပုဂ္ဂလိကအဆောင်များတွင်သာ ငှားရမ်းနေထိုင်ရသည်။ အဝေးသင်ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်အဆောင်နေခွင့်ပေးခြင်းကို ရန်ကုန်စီးပွားရေးတက္ကသိုလ်က ပထမဆုံးစီစဉ်ပေးခြင်းဖြစ်ပါတယ်။


တက္ကသိုလ်အဆောင်များတွင် နိုဝင်ဘာ (၅) ရက်မှ (၃၀) ရက်အထိ နေထိုင်ခွင့်ပြုမည်ဖြစ်ပြီး အဆောင်နေထိုင်ခွင့်ကို အောက်တိုဘာ (၁) ရက်မှ (၃၀) ရက်အထိ ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီးနယ်မြေ) အဝေးသင်ဌာနတွင် လျှောက်ထားရမည်ဖြစ်ပါတယ်။


ရန်ကုန်စည်ပင်သာယာနယ်နိမိတ်ပြင်ပတွင် နေထိုင်သည့်ကျောင်းသား၊ ကျောင်းသူများသာ တက္ကသိုလ်အဆောင်နေထိုင်ခွင့်ပြုမည်ဖြစ်ပြီး လက်ရှိရန်ကုန်စီးပွားရေးတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူအဆောင်များ၏ ဝင်ဆံ့အင်အားအရ အမျိုးသား (၂၀၀) ခန့်၊ အမျိုးသမီး (၂၀၀) ကျော်၊ (၃၀၀) ခန့် အဆောင်နေထိုင်ခွင့်ပြုနိုင်မည်ဟု သင်တန်းရေးရာဌာနမှူးကဆိုပါတယ်။


ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီး) နယ်မြေတွင် ယခုပညာသင်နှစ်တွင် စီးပွားရေးပညာနှင့် စီးပွားစီမံဘာသာရပ် အဝေးသင်ကျောင်းသား၊ ကျောင်းသူ (၁၃၀၀) ကျော်ရှိပါတယ်။

Read More:>>> နဝမတန်းအောင်မြင်သူများကို နေ့စားလပေး မူလတန်းပြဆရာ၊ဆရာမများလုပ်ရန် ခေါ်ယူ

ယခုပညာသင်နှစ် ရန်ကုန်စီးပွားရေးတက္ကသိုလ် အဝေးသင်ကျောင်းသား၊ ကျောင်းသူများသည် အနီးကပ်ပို့ချသင်တန်းကို နိုဝင်ဘာ (၆) ရက်မှ (၁၈) ရက်အထိ တက်ရမည်ဖြစ်ပြီး စာမေးပွဲကို နိုဝင်ဘာ (၂၀) ရက်မှ (၂၉) ရက်အထိဖြေဆိုရမည်ဟု ရန်ကုန်စီးပွားရေးတက္ကသိုလ်ကကြေညာထားသည်။


Source: 7Day Daily

News Read 2213 times