Sales Hotline : 09448001653       Download App



တက္ကသိုလ်ဝင်ခွင့်ကို ပြည့်စုံစွာလျှောက်ထားခဲ့ခြင်းမရှိသူများကို ဦးစားပေးတက္ကသိုလ်များက ထပ်မံလျှောက်ထ

တက္ကသိုလ်ဝင်ခွင့်ကို ပြည့်စုံစွာလျှောက်ထားခဲ့ခြင်းမရှိသူများကို ဦးစားပေးတက္ကသိုလ်များက ထပ်မံလျှောက်ထ

**Unicode**

တက္ကသိုလ်ဝင်ခွင့်လျှောက်ထားခဲ့စဉ်က ပြည့်စုံစွာလျှောက်ထားခဲ့ခြင်းမရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ဦးစားပေးတက္ကသိုလ်များက ထပ်မံလျှောက်ထားခွင့်ပေးနေကြောင်းသိရသည်။


၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင် ကျောင်းသား၊ ကျောင်းသူများလျှောက်ထားခဲ့သည့် တက္ကသိုလ်ဝင်ခွင့်ရစာရင်းများကို လာမည့်အောက်တိုဘာလတွင် ထုတ်ပြန်ရန်လျာထားပြီး လက်ရှိတွင် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားခဲ့စဉ်က ဦးစားပေးတက္ကသိုလ်ကို ပြည့်စုံစွာဖော်ပြခြင်းမရှိဘဲ တက္ကသိုလ်ဝင်ခွင့်မရသေးသည့် ကျောင်းသား၊ ကျောင်းသူများကို အကြောင်းကြားမှုများပြုလုပ်ပြီး ဦးစားပေးတက္ကသိုလ်များထပ်မံလျှောက်ထားခွင့်ပေးနေကြောင်း အဆင့်မြင့်ပညာဦးစီးဌာနကသိရသည်။


“အောက်တိုဘာလထဲမှာ ထွက်ဖို့လျာထားတာဟုတ်ပါတယ်။ ဝင်ခွင့်မရတဲ့ကျောင်းသား၊ ကျောင်းသူတွေကို ဖုန်းနဲ့အကြောင်းကြားပေးနေပါတယ်။ သူတို့ကဖြည့်တုန်းက (၂) ကျောင်းလောက်ပဲဖြည့်တယ်။ သူတို့ရတဲ့အမှတ်နဲ့ သူတို့ဖြည့်တဲ့ကျောင်းကဝင်ခွင့်မရတော့ ဖုန်းနဲ့အကြောင်းကြားပြီး ဘယ်တက္ကသိုလ်၊ ဘယ်ဘာသာရပ်ထပ်ဖြည့်မလဲဆိုတာ ပြန်လုပ်ပေးနေပါတယ်” ဟု အဆင့်မြင့်ပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းကပြောကြားသည်။

ယခုနှစ်အတွက် တက္ကသိုလ်ဝင်ခွင့်ရစာရင်းများကို ပညာရေးဝန်ကြီးဌာန Website မှတစ်ဆင့် ကျောင်းအားလုံးအတွက်ကြေညာပေးသွားမည်ဖြစ်သလို သက်ဆိုင်ရာကျောင်းအလိုက်လည်း ဝင်ခွင့်ရစာရင်းများ ကြေညာပေးမည်ဖြစ်ကြောင်း၊ တက္ကသိုလ်ဝင်ခွင့်ရစာရင်းများထွက်ရှိပြီးပါက ကျောင်းပြောင်း၊ ဘာသာရပ်အပြောင်းအရွှေ့များကို ပြုလုပ်နိုင်မည်ဖြစ်သည်။


၂၀၁၉ ခုနှစ်တွင် သီးခြားခေါ်ယူခဲ့သည့် တက္ကသိုလ်များထဲမှ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်၊ မန္တလေးကွန်ပျူတာတက္ကသိုလ်တို့သည် ယင်းတို့ခေါ်ယူစဉ်ကရမှတ်ထက် ပိုမိုလျော့နည်းသည့် အမှတ်များဖြင့် ဒုတိယအကြိမ်ထပ်မံ ခေါ်ယူခဲ့ရသေးကြောင်းသိရပါသည်။

Soruce: Democracy

**Zawgyi**

တကၠသိုလ္ဝင္ခြင့္ေလွ်ာက္ထားခဲ့စဥ္က ျပည့္စံုစြာေလွ်ာက္ထားခဲ့ျခင္းမရွိသည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားကို ဦးစားေပးတကၠသိုလ္မ်ားက ထပ္မံေလွ်ာက္ထားခြင့္ေပးေနေၾကာင္းသိရသည္။

 

၂၀၁၉ ခုႏွစ္ တကၠသိုလ္ဝင္စာေမးပဲြေအာင္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားေလွ်ာက္ထားခဲ့သည့္ တကၠသိုလ္ဝင္ခြင့္ရစာရင္းမ်ားကို လာမည့္ေအာက္တိုဘာလတြင္ ထုတ္ျပန္ရန္လ်ာထားၿပီး လက္ရွိတြင္ တကၠသိုလ္ဝင္ခြင့္ေလွ်ာက္ထားခဲ့စဥ္က ဦးစားေပးတကၠသိုလ္ကို ျပည့္စံုစြာေဖာ္ျပျခင္းမရွိဘဲ တကၠသိုလ္ဝင္ခြင့္မရေသးသည့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားကို အေၾကာင္းၾကားမႈမ်ားျပဳလုပ္ၿပီး ဦးစားေပးတကၠသိုလ္မ်ားထပ္မံေလွ်ာက္ထားခြင့္ေပးေနေၾကာင္း အဆင့္ျမင့္ပညာဦးစီးဌာနကသိရသည္။

 

Read More >> AGTI ေက်ာင္း (၃) ေက်ာင္းတြင္ Farm Machinery ဘာသာရပ္အသစ္ကို စတင္သင္ၾကားမည္

 

“ေအာက္တိုဘာလထဲမွာ ထြက္ဖို႔လ်ာထားတာဟုတ္ပါတယ္။ ဝင္ခြင့္မရတဲ့ေက်ာင္းသား၊ ေက်ာင္းသူေတြကို ဖုန္းနဲ႔အေၾကာင္းၾကားေပးေနပါတယ္။ သူတို႔ကျဖည့္တုန္းက (၂) ေက်ာင္းေလာက္ပဲျဖည့္တယ္။ သူတို႔ရတဲ့အမွတ္နဲ႔ သူတုိ႔ျဖည့္တဲ့ေက်ာင္းကဝင္ခြင့္မရေတာ့ ဖုန္းနဲ႔အေၾကာင္းၾကားၿပီး ဘယ္တကၠသိုလ္၊ ဘယ္ဘာသာရပ္ထပ္ျဖည့္မလဲဆိုတာ ျပန္လုပ္ေပးေနပါတယ္” ဟု အဆင့္ျမင့္ပညာဦးစီးဌာနမွ ညႊန္ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာသိန္းဝင္းကေျပာၾကားသည္။

 

ယခုႏွစ္အတြက္ တကၠသိုလ္ဝင္ခြင့္ရစာရင္းမ်ားကို ပညာေရးဝန္ၾကီးဌာန Website မွတစ္ဆင့္ ေက်ာင္းအားလံုးအတြက္ေၾကညာေပးသြားမည္ျဖစ္သလို သက္ဆိုင္ရာေက်ာင္းအလုိက္လည္း ဝင္ခြင့္ရစာရင္းမ်ား ေၾကညာေပးမည္ျဖစ္ေၾကာင္း၊ တကၠသိုလ္ဝင္ခြင့္ရစာရင္းမ်ားထြက္ရွိၿပီးပါက ေက်ာင္းေျပာင္း၊ ဘာသာရပ္အေျပာင္းအေရႊ႕မ်ားကို ျပဳလုပ္ႏိုင္မည္ျဖစ္သည္။

၂၀၁၉ ခုႏွစ္တြင္ သီးျခားေခၚယူခဲ့သည့္ တကၠသိုလ္မ်ားထဲမွ ျမန္မာႏိုင္ငံေရေၾကာင္းပညာတကၠသိုလ္၊ မႏၱေလးကြန္ပ်ဴတာတကၠသိုလ္တုိ႔သည္ ယင္းတို႔ေခၚယူစဥ္ကရမွတ္ထက္ ပိုမိုေလ်ာ့နည္းသည့္ အမွတ္မ်ားျဖင့္ ဒုတိယအၾကိမ္ထပ္မံ ေခၚယူခဲ့ရေသးေၾကာင္းသိရပါသည္။

 

Soruce: Democracy

News Read 10310 times