Sales Hotline : 09448001653       Download App



International Education Expo 2019 ကျင်းပမည်

International Education Expo 2019 ကျင်းပမည်

တက္ကသိုလ်ပေါင်း (၁၀၀) ကျော်ရဲ့ပညာရေးသတင်းအချက်အလက်တွေကို လေ့လာနိုင်မည့် International Education Expo 2019 ကိုကျင်းပသွားမည် ဖြစ်ပါသည်။


ပြပွဲကို စက်တင်ဘာလ (၂၁) ရက်၊ နံနက် (၁၀) နာရီမှ နေ့လည် (၁) နာရီအထိ Novotel Hotel (Pyay Room) မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး တက္ကသိုလ်ဝင်တန်း/iGCSE ဖြေဆိုထားသည့် ကျောင်းသား/သူ များသည်၊ HBD-ABE-NCC လက်မှတ်ကိုင်ဆောင်ထားသူများ၊ မြန်မာနိုင်ငံမှာ တက္ကသိုလ်တက်ရောက်နေသူများနှင့် ဘွဲ့တစ်ခုခုရရှိထားသူများ တက်ရောက်နိုင်မည် ဖြစ်ပါသည်။

Bookshops (431) စာအုပ်အရောင်းဆိုင်များနှင့် ပတ်သက်ပြီး (431) ခုရှာရန်နှိပ်ပါ။


Diploma, Bachelor, Master Degree Program တွေကိုအလိုက် Study Grant တွေကို တစ်ပါတည်းလျှောက်ထားနိုင်မည့်အပြင် ယူကေ၊ ယူအက်စ်၊ ကနေဒါ၊ ဆွဇ်ဇာလန်၊ နယ်သာလန်၊ စင်ကာပူနှင့် ထိုင်းနိုင်ငံများမှ တက္ကသိုလ်ပေါင်း (၁၀၀) ကျော်ရဲ့ ပညာရေးသတင်းအချက်အလက် အစုံအလက်ကိုပါ လေ့လာခွင့်ရမှာ ဖြစ်ပါသည်။

 

Computer Repair (309) ကွန်ပျူတာပြုပြင်ထိန်သိမ်းရေးနှင့် ပတ်သက်ပြီး (309) ခုရှာရန်နှိပ်ပါ။


ပညာရေးပြပွဲနှင့် ဆွေးနွေးပွဲတက်ရောက်လိုသူများအနေဖြင့် http://bit.ly/ieduexpo2019 မှာ စာရင်းပေးသွင်းနိုင်ပါသည်။

 

Read More:>>> ဝင်ခွင့်အမှတ်ကန့်သတ်ချက်မရှိခေါ်ယူမည့် ဆေးတက္ကသိုလ်

 

Source: Internet

News Read 1065 times