Sales Hotline : 09448001653       Download App



ရေကြောင်းပညာတက္ကသိုလ်သို့ အမှတ်ပေါင်း (၄၄၀) ဖြင့် လျှောက်ထားနိုင်ပြီ

ရေကြောင်းပညာတက္ကသိုလ်သို့ အမှတ်ပေါင်း (၄၄၀) ဖြင့် လျှောက်ထားနိုင်ပြီ

မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တက္ကသိုလ်ဝင်ခွင့်အတွက် တက္ကသိုလ်ဝင်စာမေးပွဲရမှတ် ပြင်ဆင်သတ်မှတ်ခေါ်ယူခြင်း ဖြစ်ပါသည်။


၁။ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်၏ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တက္ကသိုလ်ဝင်ခွင့်အား တက္ကသိုလ်ဝင်စာမေးပွဲစုစုပေါင်းရမှတ် (၄၇၀) နှင့်အထက်ရရှိသူများ လျှောက်ထားနိုင်ကြောင်းခေါ်ယူခဲ့ပါသည်။


၂။ ယခုအခါတက္ကသိုလ်ဝင်ခွင့်လျှောက်ထားခြင်းအတွက် တက္ကသိုလ်ဝင် စာမေးပွဲစုစုပေါင်းရမှတ် (၄၄၀) နှင့်အထက်ရရှိသူများထပ်မံလျှောက်ထားနိုင်ပါကြောင်းနှင့် လျှောက်ထားလိုသူများအနေဖြင့် (၁၃-၉-၂၀၁၉) ရက် သောကြာနေ့ နောက်ဆုံးထား၍ မြန်မာနိုင်ငံရေကြောင်း ပညာတက္ကသိုလ်သို့ တိုက်ရိုက်လျှောက်ထားရမည်ဖြစ်ပါသည်။

 

Read More:>>>> ရန်ကုန်အဝေးသင်တက္ကသိုလ် Online ဖြင့်ဘွဲ့လွန်ဒီပလိုမာသင်တန်း


**အသေးစိတ်အချက်အလက်များအား သိရှိလိုပါက Website www.mmu.edu.mm နှင့် ဖုန်းနံပါတ် ၀၉-၄၅၈၁၃၈၀၇၇၊ ၀၉-၇၉၈၁၈၄၃၃၂ သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

 

(တက္ကသိုလ်ဝင်ခွင့်စိစစ်ရွေးချယ်ရေးအဖွဲ့)


 Source: မြန်မာ့အလင်း

 

News Read 3168 times