Sales Hotline : 09448001653       Download App



ရန်ကုန်အဝေးသင်တက္ကသိုလ် ထားဝယ်ဌာနခွဲ (၁၇၃)ကြိမ်မြောက် ဘွဲ့နှင်းသဘင်ကြေညာချက်

ရန်ကုန်အဝေးသင်တက္ကသိုလ် ထားဝယ်ဌာနခွဲ (၁၇၃)ကြိမ်မြောက် ဘွဲ့နှင်းသဘင်ကြေညာချက်

အဝေးသင်တက္ကသိုလ် ထားဝယ်ဌာနခွဲမှ (၂၀၁၈) ပညာသင်နှစ်အောက်တိုဘာလနှင့် နိုဝင်ဘာလတို့တွင် ကျင်းပခဲ့သော ဝိဇ္ဇာ/သိပ္ပံ၊ ဥပေဒေပညာ၊ စီးပွားရေး ပညာစာမေးပွဲများဖြေဆို အောင်မြင်ပြီးသူများသည် (၁၇၃) ကြိမ်မြောက် ဘွဲ့နှင်းသဘင် တက်ရောက်ရန် (သို့) အဝေးရောက်ဘွဲ့ယူရန် လျှောက်ထားနိုင်ပါသည်။

 

**ဘွဲ့နှင်းသဘင်ကြေး ကျပ် (၁၅၀၀)

**အဝေးရောက်ဘွဲ့ကြေး ကျပ် (၁၀၀၀)

**လျှောက်လွှာလက်ခံမည့်ရက် (၂၁--၂၀၁၉) ရက်မှ (၁၃--၂၀၁၉) ရက်အထိ

 

၁။ လျှောက်လွှာပုံစံကို (၂ လက်မခွဲ) အရွယ်၊ ဆေးသားကောင်းသည့် ဓာတ်ပုံအသစ် () ပုံ၊ (ဓာတ်ပုံတွင် လက်ပြတ်အင်္ကျီ မဖြစ်စေရ)နှင့် မှတ်ပုံတင်မိတ္တူတို့ကို ပူးတွဲ၍ (၁၃--၂၀၁၉) ရက်နောက်ဆုံးထား၍ လျှောက်ထားရမည်။

 

၂။ ၂၀၁၈ မတိုင်မီက ဘွဲ့စာမေးပွဲအောင်မြင်သူများသည် အဝေးရောက်ဘွဲ့အတွက်သာလျှင် လျှောက်ထားနိုင်ပါသည်။

 

၃။ လျှောက်လွှာပုံစံကို ပြည့်စုံမှန်ကန်စွာ ဖြည့်စွက်ပြီး သက်ဆိုင်ရာဌာနခွဲသို့ ပေးသွင်းရန်ရှိသော ငွေကြေးများပေးဆောင်ပြီးကြောင်း ထောက်ခံချက်ရယူ၍ သတ်မှတ်ဘွဲ့နှင်းကြေးများကို မိမိစာမေးပွဲအောင်မြင်ခဲ့သည့် ထားဝယ်တက္ကသိုလ်၊ အဝေးသင်ဌာနတွင် ပေးသွင်းလျှောက်ထားကြရမည်။

 

၎။ နယ်မှလျှောက်ထားသူများသည် သတ်မှတ်ကြေးများကို ထားဝယ်တက္ကသိုလ်အဝေးသင်ဌာနသို့ စာတိုက်ငွေပို့လွှာ (Postal Money Order) ဖြင့် ပေးပို့နိုင်ပါသည်။ ငွေပို့လွှာ အောက်ခြေတွင် ကတ်ပြားအမှတ်၊ ဖခင်အမည်၊ ခုံအမှတ်၊ အထူးပြုဘာသာစသည်တို့ကို တိကျစွာဖော်ပြရပါမည်။

 

၅။ ဘွဲ့တက်ရောက်လျှောက်ထားပြီး ဘွဲ့နှင်းသဘင်အခမ်းအနားသို့ တက်ရောက်ပျက်ကွက်သူများ၏ ဘွဲ့လက်မှတ်များကို အဝေးရောက်ဘွဲ့လက်မှတ်များ ထုတ်ပေးသည့် အချိန်မှသာ ထုတ်ပေးမည်ဖြစ်ပါသည်။

 

**(၁၇၃) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အစီအစဉ်**

 

**ဘွဲ့နှင်းသဘင်အစမ်းလေ့ကျင့်ရက်**

**နံနက်ပိုင်း

(၁၄-၁၂-၂၀၁၉) ရက် စနေနေ့၊ နံနက် () နာရီ

 

**ညနေပိုင်း**

(၁၄-၁၂-၂၀၁၉) ရက် စနေနေ့၊ မွန်းလွဲ () နာရီ

 

Read More:>>>> ရန်ကုန်အဝေးသင်တက္ကသိုလ် Online ဖြင့်ဘွဲ့လွန်ဒီပလိုမာသင်တန်း

 

**ဘွဲ့နှင်းသဘင်ကျင်းပမည့်ရက်**

 

**နံနက်ပိုင်း

(၁၅-၁၂-၂၀၁၉) ရက် တနင်္ဂနွေနေ့၊ နံနက် () နာရီ

 

**ညနေပိုင်း

(၁၅-၁၂-၂၀၁၉) ရက် တနင်္ဂနွေနေ့၊ မွန်းလွဲ () နာရီ

 

Source: ကြေးမုံ

 

News Read 1391 times