Sales Hotline : 09448001653       Download App



ဟင်္သာတ တက္ကသိုလ်(အဝေးသင် သင်တန်း) ဘွဲ့နှင်းသဘင်လျှောက်လွှာတင်သွင်းရန်

ဟင်္သာတ တက္ကသိုလ်(အဝေးသင် သင်တန်း) ဘွဲ့နှင်းသဘင်လျှောက်လွှာတင်သွင်းရန်

ဟင်္သာတ တက္ကသိုလ် (အဝေးသင်သင်တန်း) ဘွဲ့နှင်းသဘင်လျှောက်လွှာတင်သွင်းရန်ကြေညာချက်

 

၁။ ၂၀၁၈-ပညာသင်နှစ်တွင် (၂၀၁၈) ခုနှစ်၊ အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် ကျင်းပခဲ့သော ရန်ကုန်အဝေးသင်တက္ကသိုလ် (ဟင်္သာတဌာနခွဲ) ၏ စတုတ္ထနှစ် ၀ိဇ္ဇာ၊ သိပ္ပံ (ဘွဲ့)၊ ပဉ္စမနှစ် ဥပဒေပညာ (ဘွဲ့) စာမေးပွဲကို ဖြေဆိုအောင်မြင်ခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများသည် ဘွဲ့နှင်းသဘင်တက်ရောက်ရန် (သို့) အဝေးရောက်ဘွဲ့ယူရန်လျှောက်ထားနိုင်ပါသည်။

 

၂။ ဘွဲ့လျှောက်လွှာတင်သွင်းခြင်းကို (၂၀၁၉) ခုနှစ်၊ သြဂုတ်လ (၁၃) ရက်မှ စက်တင်ဘာလ (၁၃) ရက်အထိ နောက်ဆုံးထား၍ ရုံးချိန်အတွင်း လျှောက်ထားနိုင်ပါသည်။

 

၃။ လျှောက်ထားသူများသည် ဟင်္သာတတက္ကသိုလ် (အဝေးသင် သင်တန်း) တွင် သတ်မှတ်ထားသည့် လျှောက်လွှာပုံစံဖြင့် () လအတွင်း ရိုက်ကူးထားသော (၂ လက်မ × ၁ လက်မခွဲ) အရွယ် ဓာတ်ပုံ () ပုံကို ပူးတွဲ၍ လျှောက်ထားရမည်။ (နိုင်ငံသားစိစစ်ရေးကတ်ပြား မိတ္တူပါယူဆောင်လာရန်)

 

၎။ ဘွဲ့နှင်းသဘင်ကြေးကို ကိုယ်တိုင်ပေးသွင်းလိုသူများသည် ဟင်္သာတတက္ကသိုလ် “ငွေလက်ခံဌာန” သို့ ပေးသွင်းနိုင်ပါသည်။

 

၅။ နယ်မှလျှောက်ထားလိုသူများသည် သတ်မှတ်ကြေးကို “ပါမောက္ခချုပ် ဟင်္သာတတက္ကသိုလ်” သို့ လိပ်မူ၍ စာတိုက်ငွေပို့လွှာ (Postal Money Order) ဖြင့် ပေးပို့နိုင်ပါသည်။

 

ပေးပို့လွှာ၏အောက်ခြေတွင် “ဘွဲ့နှင်းသဘင်ကြေး” ဟုဖော်ပြပြီး လျှောက်လွှာရှင်အမည်၊ စာမေးပွဲခုံအမှတ်၊ အထူးပြုဘာသာ၊ အောင်မြင်သည့်ခုနှစ် စသည်တို့ကို တိကျစွာဖော်ပြရမည်။

 

၆။ ဘွဲ့နှင်းသဘင်သို့ တက်ရောက်လိုသူ ပုဂ္ဂိုလ်များသည် ဘွဲ့နှင်းသဘင်ကြေး (၁၅၀၀) ကျပ်တိတိ နှင့် အဝေးရောက်ဘွဲ့ယူလိုသူများသည် ဘွဲ့နှင်းကြေး (၁၀၀၀) ကျပ်တိတိကို ပေးသွင်းရမည်ဖြစ်သည်။

 

၇။ ဘွဲ့တက်ရောက်မည်ဟု လျှောက်ထားပြီး ဘွဲ့နှင့်းသဘင်အခမ်းအနားသို့ တက်ရောက်ဘွဲ့ယူရန် ပျက်ကွက်သူများ၏ ဘွဲ့လတ်မှတ်များကို အဝေးရောက်ဘွဲ့လတ်မှတ်များ ထုတ်ပေးသည့်အချိန်မှတွင်သာ ထုတ်ပေးမည်ဖြစ်ပါသည်။

 

Read More:>>>>> အွန်လိုင်းစီးပွားရေးဒီပလိုမာသင်တန်း ရန်ကုန်အဝေးသင်တက္ကသိုလ်တွင် စတင်လျှောက်ထားနိုင်

 

၈။ (၂၀၁၈) ပညာသင်နှစ်မတိုင်မီ ပညာသင်နှစ်များမှ ဘွဲ့စာမေးပွဲများအောင်မြင်ပြီး ဘွဲ့လျှောက်ထားခြင်းမရှိခဲ့သူများသည် အဝေးရောက်ဘွဲ့ကိုသာ လျှောက်ထားနိုင်ပါသည်။

 

၉။ ဘွဲ့နှင်းသဘင်ကျင်းပမည့်ရက်နှင့် အစီအစဉ်များကို ထပ်မံကြေညာပါမည်။

 

Source: ကြေးမုံ

 

News Read 1336 times