Sales Hotline : 09448001653       Download App



အွန်လိုင်းစီးပွားရေးဒီပလိုမာသင်တန်း ရန်ကုန်အဝေးသင်တက္ကသိုလ်တွင် စတင်လျှောက်ထားနိုင်

အွန်လိုင်းစီးပွားရေးဒီပလိုမာသင်တန်း ရန်ကုန်အဝေးသင်တက္ကသိုလ်တွင် စတင်လျှောက်ထားနိုင်

ရန်ကုန်အဝေးသင်တက္ကသိုလ်တွင် အွန်လိုင်းဖြင့်ပို့ချမည့် စီးပွားရေးပညာဒီပလိုမာသင်တန်းကို အောက်တိုဘာ () ရက်နေ့တွင် စတင်လျှောက်ထားနိုင်ပြီဖြစ်ကြောင်းသိရပါသည်။

ရန်ကုန်အဝေးသင်တက္ကသိုလ်တွင် လက်ရှိအွန်လိုင်းဖြင့်ပို့ချနေသော ဥပဒေသင်တန်းများအပြင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သမိုင်း၊ ပထ၀ီ၊ စိတ်ပညာ၊ ဒဿနိကဗေဒ၊ အရှေ့တိုင်းပညာ၊ စီးပွားရေးပညာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ သင်္ချာ၊ Zoology၊ ရုက္ခဗေဒဘာသာရပ်များကိုလည်း အွန်လိုင်းဖြင့်ဖွင့်လှစ်ပို့ချရန်အတွက် ပညာရေးဝန်ကြီးဌာနကို ခွင့်ပြုချက်တင်ပြထားရာ စီးပွားရေးပညာဌာန၏ Post Graduate Diploma in Business (PGDB) ကို အောက်တိုဘာ () ရက်နေ့တွင် စတင်လျှောက်ထားနိုင်မည်ဖြစ်ကြောင်း ရန်ကုန်အဝေးသင်တက္ကသိုလ်မှ သိရပါသည်။

ကျောင်းအပ်တာကအစ သင်တန်းပို့ချတာအဆုံး အကုန်အွန်လိုင်းကနေပဲလုပ်ရမှာပါ။ လက်ရှိဖွင့်နေတဲ့ ဥပဒေသင်တန်းတွေအတိုင်းပဲသွားမှာပါ” ဟု ရန်ကုန်အဝေးသင်တက္ကသိုလ်မှ သင်တန်းရေးရာ ဌာနမှူး ဦးအောင်ခိုင်သန်းကပြောသည်။

အဆိုပါသင်တန်းကို အစိုးရဌာနများနှင့် NGO များမှ ဘွဲ့ရအရာထမ်းများအပြင် ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းများတွင် လုပ်ကိုင်နေသော ဘွဲ့ရများပါ လျှောက်ထားနိုင်မည်ဖြစ်သည်။

ဘာသာရပ်များကို အွန်လိုင်းဖြင့်ပို့ချနိုင်ရန်အတွက် သင်ရိုးညွှန်းတမ်းများကို ကိုယ်ပိုင်ရေးဆွဲထားသော သင်ရိုးညွှန်းတမ်းများဖြင့်သာ သင်ကြားမည်ဖြစ်ကြောင်း၊ Assignment တင်ခြင်း၊ စာမေးပွဲဖြေဆိုခြင်းများကိုလည်း အွန်လိုင်းဖြင့်သာ ပြုလုပ်မည်ဖြစ်ပြီး အနီးကပ်သင်တန်းများကိုလည်း ထားရှိပေးမည်ဖြစ်ကြောင်းသိရပါသည်။

 

Read More:>>>>> စက်တင်ဘာလနောက်ဆုံးတင်သွင်းရမည့် တက္ကသိုလ်ဝင်စာမေးပွဲ လျှောက်လွှာ

ဝင်ခွင့်အတွက်သတ်မှတ်ထားသည့် လျှောက်လွှာပုံစံများကို ရန်ကုန်အဝေးသင်တက္ကသိုလ် စီးပွားရေးပညာဌာန၏ website ( www.udeeco.edu.mm ) မှတစ်ဆင့် အောက်တိုဘာ () ရက်နေ့တွင် အွန်လိုင်းဖြင့်ဝင်ခွင့်ပြုလုပ်နိုင်မည်ဖြစ်ကြောင်း သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံသူများကို Email ဖြင့် ပြန်လည်အကြောင်းကြားမည်ဖြစ်ပါသည်။

လက်ရှိရန်ကုန်အဝေးသင်တက္ကသိုလ်မှ အွန်လိုင်းဖြင့်ဖွင့်လှစ်ပို့ချနေသော သင်တန်းများမှာ Post Graduate Diploma in Law၊ ဥပဒေပညာ၊ ဥပဒေပညာမဟာဘွဲ့တို့ကိုပို့ချနေပါသည်။

Source: Democracy

 
 
News Read 2843 times