Sales Hotline : 09448001653       Download App



တက္ကသိုလ်အချို့တွင် ဘာသာရပ်အသစ်များတိုးချဲ့ဖွင့်လှစ်သွားမည်

တက္ကသိုလ်အချို့တွင် ဘာသာရပ်အသစ်များတိုးချဲ့ဖွင့်လှစ်သွားမည်

တက္ကသိုလ်အချို့တွင် ဘာသာရပ်အသစ်များတိုးချဲ့ဖွင့်လှစ်သွားမည်ဟု အဆင့်မြင့်ပညာဦးစီးဌာနမှသိရသည်။ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် တစ်နိုင်ငံလုံးရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ် (၁၁) ကျောင်းတွင် တိုးချဲ့သင်ကြားသွားမည်ဖြစ်သည်။

 

သက်ဆိုင်ရာတက္ကသိုလ်တွေမှာ ဒေသလိုအပ်ချက်အရ တင်ပြလို့ ကျွန်တော်တို့က NEPC တို့သဘောထားကိုမေးတယ်။ သင်ကြားမယ့် ဆရာ၊ ဆရာမဦးရေနဲ့ သင်ထောက်ကူပစ္စည်းပြည့်စုံတယ်ဆိုရင် ဘာသာရပ်အသစ်သင်ကြားဖို့အတွက် ခွင့်ပြုတာပေါ့” ဟု အဆင့်မြင့်ပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းကဆိုသည်။

 

ရန်ကုန်နည်းပညာတက္ကသိုလ်တွင် Food Engineering နှင့် Telecommunication Engineering ဘာသာရပ်များ စတင်သင်ကြားမည်ဖြစ်သည်။

 

ရန်ကုန်အနောက်ပိုင်းနည်းပညာတက္ကသိုလ်တွင် Chemical Engineering နှင့် Textile Engineering ဘာသာရပ်များသင်ကြားမည်ဖြစ်သည်။

 

နည်းပညာတက္ကသိုလ် (ပုသိမ်) တွင် Information Technology၊ နည်းပညာတက္ကသိုလ် (တောင်ငူ) တွင် Information Technology, Mechatronic Engineering နှင့် နည်းပညာတက္ကသိုလ် (ကျောက်ဖည်) တွင် Mechatronic Engineering တို့ကို တိုးချဲ့သင်ကြားမည်ဖြစ်သည်။

ဘားအံတက္ကသိုလ်၊ လွိုင်ကော်တက္ကသိုလ်နှင့် ဟားခါးကောလိပ်တို့တွင် ဥပဒေပညာရပ်များ စတင်သင်ကြားမည်ဖြစ်သည်။

 

Read More:>>>> ကုန်သွယ်ရေကြောင်းကောလိပ်တွင် ကျောင်းသား (၂၀၀) လေ့ကျင့်သင်ကြားမည်

 

ဟားခါးနည်းပညာတက္ကသိုလ်တွင် Civil, EC, EP နှင့် Mech ဘာသာရပ်တို့ သင်ကြားမည်ဖြစ်ပြီး ဟားခါးကွန်ပျူတာတက္ကသိုလ်တွင် ကွန်ပျူတာဘာသာရပ်များနှင့် ကသာပညာရေးဒီဂရီကောလိပ်တွင် ပထမနှစ်ဘာသာရပ်များ စတင်သင်ကြားမည်ဟုသိရသည်။

 

Source: Daily Eleven

 

News Read 1657 times