Sales Hotline : 09448001653       Download App



မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်(ရေဆင်း၊နေပြည်တော်) လျှောက်လွှာခေါ်ယူခြင်း

မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်(ရေဆင်း၊နေပြည်တော်) လျှောက်လွှာခေါ်ယူခြင်း

၁။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ (ရေဆင်း၊ နေပြည်တော်) တွင်ခန့်ထားရန် အောင်ဖော်ပြပါ ရာထူးနေရာများအတွက် လျှောက်ထားနိုင်ပါသည်။

Screenshot from 2019 08 06 11 07 57

 

၂။ အထက်ဖော်ပြပါ ရာထူးနေရာများအတွက် လျှောက်ထားသူသည်

** ပြည်ထောင်စုမြန်မာနိုင်ငံသားဖြစ်ရပါမည်။

** လျှောက်လွှာပိတ်သည့်ရက်တွင် အသက်(၃၅) နှစ်ဝက် မကျော်လွန်သူဖြစ်ရပါမည်။

** ကျန်းမာရေးကောင်းမွန်ပြီး သင်ကြားရေးကို ဝါသနာပါသူဖြစ်ရပါမည်။

** အနည်းဆုံးလုပ်သက် တစ်ဆက်တည်း () နှစ် တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရပါမည်။

 

၃။ လျှောက်လွှာတွင် အောက်ဖော်ပြပါ အချက်များကို ပြည့်စုံစွာဖော်ပြရပါမည်။

** လျှောက်ထားသူ၏ အမည်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်

** မွေးသက္ကရာဇ်နှင့်အသက်

** လူမျိုးနှင့်ကိုးကွယ်သည့်ဘာသာ

** ပညာအရည်အချင်း

** မိဘအမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်၊ ၄င်းတို့၏ အလုပ်အကိုင်

** လျှောက်ထားလိုသည့်ရာထူး

** ဆက်သွယ်ရန်လိပ်စာ၊ ဖုန်းနံပါတ်

** အမြဲတမ်းနေရပ်လိပ်စာ

 

၎။ လျှောက်လွှာနှင့်အတူ အောက်ပါစာရွက်စာတမ်းများ ပူးတွဲပါရှိရပါမည်။

** တက္ကသိုလ်ဝင်တန်းအောင်လက်မှတ်မိတ္တူ၊ ဘွဲ့လက်မှတ်မိတ္တူနှင့် နှစ်အလိုက် အမှတ်စာရင်းမိတ္တူများကို ပူးတွဲတင်ပြရပါမည်။ (မူရင်းများအားလူတွေ့ဖြေဆိုသည့် အခါပြသနိုင်ရပါမည်။)

** အကျင့်စာရိတ္တကောင်းမွန်ကြောင်းနှင့် ပြစ်မှုကင်းရှင်းကြောင်း သက်ဆိုင်ရာရပ်ကွက်နှင့် ရဲစခန်းထောက်ခံစာမူရင်း။

** () လ အတွင်းရိုက်ကူးထားသော လိုင်စင်ဓာတ်ပုံ () ပုံ၊ (ကျောဘက်တွင်အမည်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ်ရေးသားရန်)

** ပြင်ပမှ လျှောက်ထားသူများအတွက် အလုပ်သမားမှတ်ပုံမိတ္တူ၊ ကျန်းမာရေးကောင်းမွန်ကြောင်းမြို့နယ် ဆရာဝန်၏ ဆေးလက်မှတ်မူရင်း။

** အခြားဌာနများမှ ဝန်ထမ်းဖြစ်လျှင် လျှောက်လွှာတွင်လက်ရှိရာထူး၊ လစာနှုန်းများဖော်ပြ၍ မိမိလုပ်ငန်းဌာနမှ ဌာနအကြီးအကဲ၏ ခွင့်ပြုချက်ဖြင့် လျှောက်ထားရပါမည်။

 

၅။ လျှောက်လွှာများကို ပါမောက္ခချုပ်၊ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၊ ရေဆင်း၊ နေပြည်တော်ထံလိပ်မူပြီး (၂၀--၂၀၁၉) ရက်နေ့အရောက်ပေးပို့ လျှောက်ထားရပါမည်။

 

Read More>>>> မြန်မာနိုင်ငံ ကုန်သွယ်ရေကြောင်းကောလိပ်တွင် အရာရှိလောင်းဒီပလိုမာသင်တန်းများဖွင့်မည်

 

၆။ လျှောက်လွှာတင်သွင်းလျှောက်ထားသူများ၏ ဖြေဆိုခွင့်ရရှိသူများစာရင်းကို (၂၂--၂၀၁၉) ရက်နေ့တွင် ထုတ်ပြန်ကြေညာပေးပါမည်။ အရည်အချင်းစစ်ဆေးရန်အတွက် ရေးဖြေစာမေးပွဲအား မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်တွင် အင်္ဂလိပ်စာနှင့် အထွေထွေဗဟုသုတတို့အား အောက်ပါနေ့ရက်များ အတိုင်းဖြေဆိုရမည်ဖြစ်ပြီး ဖြေဆိုခွင့်ကတ်များကို (၂၃--၂၀၁၉) ရက်နေ့ဝန်ထမ်းရေးရာဌာနတွင် ရုံးချိန်အတွင်းလာရောက်ထုတ်ယူရပါမည်။

 

Screenshot from 2019 08 06 11 25 01

 

 

၇။ ရေးဖြေစာမေးပွဲအောင်မြင်သူများစာရင်းကို (၂၈-၈၂၀၁၉)ရက်နေ့တွင် ထုတ်ပြန်ကြေညာပေးမည်ဖြစ်ပြီး လူတွေ့စစ်ဆေးခြင်းကို (၃၀--၂၀၁၉) ရက်နေ့ နံနက် () နာရီတွင် စတင်ပြုလုပ်ပါမည်။

 

၈။ အချိန်မီရောက်ရှိခြင်းမရှိသော၊ အချက်အလက်အပြည့်အစုံ မှန်ကန်မှုမရှိသော လျှောက်လွှာများအား လက်ခံစဉ်းစားမည်မဟုတ်ပါ။ အသေးစိတ်သိရှိလိုသော အချက်အလက်များကို မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်-ရေဆင်း၊ ဝန်ထမ်းရေးရာဌာန၊ ဖုန်းနံပါတ် ၀၆၇-၃၄၁၆၆၅၇၊ သို့ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ပါသည်။

 

(မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်)

 

Source: ကြေးမုံ

 

News Read 2436 times


Fatal error: Uncaught Elastica\Exception\PartialShardFailureException: {"total":4,"successful":1,"failed":2,"failures":[{"shard":1,"index":"edge2_domain","status":"INTERNAL_SERVER_ERROR","reason":{"type":"flush_failed_engine_exception","reason":"Flush failed","shard":"1","index":"edge2_domain","caused_by":{"type":"already_closed_exception","reason":"translog is already closed"}}}]} in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php:176 Stack trace: #0 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Request.php(171): Elastica\Transport\Http->exec(Object(Elastica\Request), Array) #1 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Client.php(662): Elastica\Request->send() #2 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(518): Elastica\Client->request('edge2_domain/_f...', 'POST', Array, Array) #3 /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Index.php(487): Elastica\Index->request('edge2_domain/_f...', 'POST', Array, Array) #4 /var/edge2/edire in /var/edge2/edirectory/vendor/ruflin/elastica/lib/Elastica/Transport/Http.php on line 176