Sales Hotline : 09448001653       Download App



ဦးစားပေးပြည့်စုံစွာ ဖော်ပြလျှောက်ထားခြင်းမရှိသဖြင့် ဆိုင်းငံ့ရသူများ

ဦးစားပေးပြည့်စုံစွာ ဖော်ပြလျှောက်ထားခြင်းမရှိသဖြင့် ဆိုင်းငံ့ရသူများ

တက္ကသိုလ်ဝင်ခွင့်လျှောက်ထားသူတစ်ဦးသည် သင်တန်းရွေးချယ်မှုကတ်ပြားတွင် တက္ကသိုလ်နှင့် အထူးပြုဘာသာရပ်များကို အပြည့်အစုံမဖော်ပြဘဲ ဥပမာအားဖြင့် တက္ကသိုလ် () ခုကိုသာ ဦးစားပေး ()()() အဖြစ် ဖော်ပြသည်ဆိုပါလျှင် ထိုအစီအစဉ်အတိုင်းပင် တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေးအဖွဲ့က စဉ်းစားမည်။

 

အကယ်၍ ဦးစားပေး ()()()ပါ တက္ကသိုလ်များတွင် သတ်မှတ်ဦးရေ ကျော်လွန်နေပြီ ဖြစ်ပါက အခြားတက္ကသိုလ်နှင့် အထူးပြုဘာသာရပ်များတွင် နေရာရှိစေကာမူ ၄င်းလျှောက်လွှာကို ယာယီဆိုင်းငံ့ပါမည်။

 

ဦးစားပေးအစီအစဉ်တွင် ဖော်ပြလျှောက်ထားခြင်းမပြုသော မည်သည့်တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် (သို့) အထူးပြုဘာသာရပ်ကိုမျှ မစဉ်းစားပါ။

 

တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ခြင်း လုပ်ငန်းပြီးစီးပြီးနောက် ဦးစားပေးမပြည့်စုံ၍ ယာယီဆိုင်းငံ့ခံရသူများက အသနားခံလျှောက်ထားလာလျှင် တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေးအဖွဲ့က နေရာကျန်ရှိလျှင် စဉ်းစားပေးမည်။

 

Read More>>>>> တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ် အပြောင်းအရွှေ့ လျှောက်ထားခြင်း

 

အရေးယူခြင်း လျှောက်လွှာပုံစံအားလုံးနှင့် သင်တန်းရွေးချယ်မှုကတ်ပြားတွင် မမှန်မကန်ရေးသွင်းခြင်း၊ အမှတ်များပြင်ဆင်ထည့်ခြင်း၊ အမျိုးသားမှတ်ပုံတင်အမှတ် (သို့) နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် (သို့) နိုင်ငံသားလတ်မှတ်အမှတ်များ မမှန်မကန်ထည့်ခြင်းနှင့် အခြားလိမ်လည်မှုများ တွေ့ရှိပါက ထိရောက်စွာ အရေးယူခြင်းခံရပါမည်။

 

(တက္ကသိုလ်ဝင်တန်းလမ်းညွှန်မှ ကောက်နှုတ်တင်ပြခြင်းဖြစ်ပါသည်။)

 

 

News Read 2977 times