Sales Hotline : 09448001653       Download App



ရန်ကုန်တက္ကသိုလ်ဝင်ခွင့် ပထမဦးပေးပြီးလျှင် ဒုတိယဦးစားပေးလူတွေ့စစ်ဆေးမည်

ရန်ကုန်တက္ကသိုလ်ဝင်ခွင့် ပထမဦးပေးပြီးလျှင် ဒုတိယဦးစားပေးလူတွေ့စစ်ဆေးမည်

ရန်ကုန်တက္ကသိုလ်ဝင်ခွင့်အတွက် လူတွေ့စတင်စစ်ဆေးနေပီး ယမနါနျစ်ကဖြေဆိုရန်လျှောက်ထားသူ (၂၀၀၀) ကျော်ရှိရာ ယခုနှစ်တွင် ပထမဦးစားပေးလျှောက်ထားသူ (၉၀၀) ကျော်သာရှိကြောင်း ရန်ကုန်တက္ကသိုလ်မှ လက်ထောက်မော်ကွန်းထိန်း ဦးအောင်စိုးကပြောကြားပါသည်။

 

လူတွေ့စစ်ဆေးခြင်းကို ဇူလိုင် (၂၇)ရက် နံနက် ()နာရီခွဲမှစ၍ စတင်စစ်ဆေးခဲ့ကြောင်းသိရသည်။ ယခုနှစ်တွင် ရန်ကုန်တက္ကသိုလ်သို့ ပထမဦးစားပေးလျှောက်ထားသူ (၉၁၈) ဦးရှိပီး ယမန်နှစ်က (၂၀၀၀) ကျော်ရှိခဲ့ကြောင်း သိရပါသည်။

 

ရန်ကုန်တက္ကသိုလ်တွင် ပထမနှစ်သင်တန်းအတွက် ကျောင်းသူကျောင်းသား စုစုပေါင်း (၂၁၃၀) လက်ခံမည်ဖြစ်သည်။ ယခုကဲ့သို့လျှောက်ထားသူ လျောနည်းသည့်အပေါ် ရန်ကုန်တက္ကသိုလ်မှ လက်ထောက်မော်ကွန်းထိန်း ဦးအောင်စိုးက “မနှစ်က (၂၀၀၀) ၀န်းကျင် လာလျှောက်တယ်ဆိုတာက ကျွန်တော်တို့ဆီလည်း လျှောက်တယ်။ စီးပွားရေးတက္ကသိုလ်ကိုလည်း လျှောက်တယ်။ ကိုယ်ပိုင်တိုက်ရိုက်ခေါ်တဲ့ ကျောင်းတွေအကုန်ကို လိုက်လျှောက်ကြတာ။ လူတစ်ယောက်တည်းက ကျောင်း () ကျောင်းလောက်ဖြစ်နေတာ။ အခု (၉၀၀) ကျော်ရှိတာက တစ်ကျောင်းတည်းပဲ သူက လျှောက်ထားတာ။ ဘယ်မှလည်း လျှောက်ထားတာမရှိဘူး။ သွားပြီးလျှောက်လွှာတင်လို့လည်း မရဘူး။ (၉၀၀) ကျော်စလုံးက ရန်ကုန်တက္ကသိုလ်ကို ပထမဦးစားပေး လာလျှောက်လိုက်တဲ့ အတွက် ပထမဦးစားပေးအနေနဲ့ တခြားကျောင်းကို မလျှောက်တော့ဘူး။ အဲ့ဒါကြောင့် မနှစ်ကနဲ့ ကွာသွားတာပါ” ဟု ဆိုသည်။

 

ရန်ကုန်တက္ကသိုလ်တွင် ရှေးဟောင်းသုတေသနသို့ လာရောက်လျှောက်ထားသူ (၈၈) ဦးဖြင့် အများဆုံးလျှောက်ထားကြသည့် ဘာသာရပ်ဖြစ်နေပီး မြန်မာမှုဘာသာရပ်သည် လျှောက်ထားသူ () ဦးသာရှိပီး လျှောက်ထားသူအနည်းဆုံး ဘာသာရပ်ဖြစ်ကြောင်းသိရသည်။

 

ရန်ကုန်တက္ကသိုလ်တွင် သင်ကြားပို့ချလျက်ရှိသော အထူးပြုဘာသာရပ် (၂၆) ခုရှိကြောင်းသိရသည်။ ၀င်ခွင့်ဖြေဆိုကြသည့် ကျောင်းသားကျောင်းသူများသည် ၄င်းတို့ဦးစားပေးလျှောက်ထားကြသည့် ဘာသာရပ်အပေါ် စိတ်ဝင်စားမှုရှိကြပီး ကောင်းစွာဖြေဆိုနိုင်ကြကြောင်း ရုက္ခဗေဒဌာနမှ ပါမောက္ခဌာနမှုး ဒေါက်တာအေးဖေမှ ပြောကြားသည်။

 

ရုက္ခဗေဒဌာနတွင်လည်း ယမန်နှစ်ကလျှောက်ထားသူ (၁၀၀၀) နီးပါးရှိရာမှ ယခုနှစ်တွင် ပထမဦးစားပေးအဖြစ် (၁၉) ဦးသာရှိကြောင်း ဒေါက်တာအေးဖေကဆိုပါသည်။

 

လူတွေ့စစ်ဆေးခြင်းကို ဘာသာရပ်အလိုက် သက်ဆိုင်ရာဌာနအသီးသီးတွင် စစ်ဆေးကြောင်းသိရသည်။ ပထမဦးစားပေးများကို စစ်ဆေးပီးနောက်တွင် အခြားကျောင်းများမှ ဒုတိယဦးစားပေးအဖြစ် ပေးပို့လာသည့် ကျောင်းသူကျောင်းသားများကို လာမည့်သြဂုတ်လတွင် စစ်ဆေးမည်ဖြစ်ပါသည်။

 

ဝးလံခေါင်ဖျားဒေသများမှ လျှောက်ထားသော ကျောင်းသား/သူများအတွက် ခွဲတမ်းကို ဘာသာရပ်အသီးသီးတွင် လက်ခံမည့် ဦးရေ၏ () ရာခိုင်နှုန်း ထားရှိမည်ဖြစ်ကြောင်း သိရပါသည်။

 

သီးခြားဝင်ခွင့်တိုက်ရိုက်ခေါ်ယူသည့်တက္ကသိုလ် (၁၄) ခုအနက် ရန်ကုန်တက္ကသိုလ်တွင်သာ အရည်အချင်းစစ် လူတွေ့နှုတ်ဖြေစာမေးပွဲ စစ်ဆေးကြောင်းသိရသည်။ ၀င်ခွင့်ရရှိသူများစာရင်းကို လာမည့် နိုဝင်ဘာလတွင် ကြေညာပေးမည်ဖြစ်ပြီး ဒီဇင်ဘာလတွင် ပထမနှစ်သင်တန်းများ စတင်ဖွင့်လှစ်မည်ဖြစ်ပါသည်။

 

Read More>>>>> ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပညာမဟာဘွဲ့ (Master of Public Administration MPA )ခေါ်ယူခြင်း

 

သင်တန်းကာလမှာ () နှစ်တက်ရောက်ရမည်ဖြစ်ပီး ဥပဒေပညာဘာသာရပ်ကို () နှစ်တက်ရောက်ရမည်ဖြစ်ကာ B.A.B.ScB.Es နှင့် LL.B ဘွဲ့တို့ကို ပေးအပ်မည်ဖြစ်ပါသည်။ တက္ကသိုလ်ဝင်ခွင့် လျှောက်လွှများကို ဇွန် (၂၄) ရက်မှ ဇူလိုင် (၂၇) ရက်အထိ တင်သွင်းခဲ့ကြပါသည်။

 

၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ရန်ကုန်တက္ကသိုလ်သို့ လျှောက်ထားသူ (၂၀၀၀) ကျော်ရှိရာမှ (၁၉၆၁) ဦးကို ၀င်ခွင့်ရွေးချယ်ခဲ့ကြောင်းသိရပါသည်။

 

Source: Daily Eleven

 

News Read 3590 times