Sales Hotline : 09448001653       Download App



ဝေးလံသောဒေသများရှိ ကျောင်းသား/သူများအတွက် ဆေးတက္ကသိုလ်ဝင်ခွင့် သီခြားထပ်ခေါ်မည်

ဝေးလံသောဒေသများရှိ ကျောင်းသား/သူများအတွက် ဆေးတက္ကသိုလ်ဝင်ခွင့် သီခြားထပ်ခေါ်မည်

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသခြောက်ခုနှင့် နိုင်ငံတော်ကထုတ်ပြန်ထားသော ဒေသစရိတ်ခံစားခွင့်ရှိသည့်လူမှုရေးခက်ခဲသော ဝေးလံဒေသများမှ ကျောင်းသား/သူများအတွက် ဆေးတက္ကသိုလ်ဝင်ခွင့်ကို သီးခြားထပ်မံခေါ်ယူမည်ဖြစ်ပါသည်။

 

ပုံမှန် တက္ကသိုလ်ဝင်ခွင့်လျှောက်ထားမှုများ ပြီးချိန်တွင် နာဂ၊ ဓနု၊ ပအိုင်း၊ ပလောင်၊ ကိုးကန့်၊ ""နှင့် နိုင်ငံတော်က ထုတ်ပြန်ထားသော ဒေသစရိတ်ခံစားခွင့်ရှိသည့် ဒေသများမှ ကျောင်းသား/သူများအတွက် ဆေးတက္ကသိုလ်ဝင်ခွင့်ကို သတင်းစာမှ သီးခြားကြေညာကာဝင်ခွင့်ခေါ်ယူမည်ဖြစ်ပါသည်။

 

ထိုသို့လျှောက်ထားသူများအတွက် ဆေးတက္ကသိုလ်ဝင်ခွင့်အမှတ်ကို သတ်မှတ်ထားခြင်းမရှိသော်လည်း ရောက်ရှိလာသည့် လျှောက်လွှာများအပေါ်မူတည်၍ သတ်မှတ်အရေအတွက်အတိုင်း ဝင်ခွင့်ရွေးချယ်မည် ဖြစ်ကြောင်း ဆေးတက္ကသိုလ်() ရန်ကုန်ပါမောက္ခချုပ် ဒေါက်တာဇော်ဝေစိုးက ပြောပါသည်။

 

ဆေးတက္ကသိုလ်များတွင် နှစ်စဉ်ပထမနှစ် ကျောင်းသားလက်ခံရာတွင် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်ပါ သင်တန်းရွေးချယ်မှုကတ်ပြားမှ တစ်ဆင့် လျှောက်ထားလာသူများကို အမှတ်အများဆုံးမှ အနည်းဆုံးအထိ သတ်မှတ်အရေအတွက် ပြည့်သည်အထိ လက်ခံသော အစီအစဉ်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသနှင့် ဝေးလံဒေသများမှ ကျောင်းသား/သူများ လျှောက်ထားနိုင်သည့် အစီအစဉ်ဟူ၍ အစီအစဉ်နှစ်ခုဖြင့် ရွေးချယ်ခြင်းဖြစ်ပါသည်။

 

"ဝင်ခွင့်ကတ်က လျှောက်တဲ့သူဆိုရင်တော့ ကျောင်းပြီးရင် () နှစ်ပဲအလုပ်ပြန်လုပ်ရတယ်။ ဒီဒေသတွေဆီကဆိုရင်တော့ () နှစ်ခံဝန်ကတိထိုးရတယ်။ သူတို့ကို ဒေသဆရာဝန်လိုအပ်ချက်ကြောင့် ခေါ်တာ" ဟုဒေါက်တာဇော်ဝေစိုးက ပြောပါသည်။

 

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသနှင့် ဝေးလံဒေသများမှ ဆေးတက္ကသိုလ်ဝင်ခွင့် လျှောက်ထားသူများသည် ၂၀၁၈ တက္ကသိုလ်ဝင်စာမေးပွဲကို သိပ္ပံဘာသာတွဲဖြင့်အောင်မြင်ရမည်ဖြစ်ပြီး လျှောက်ထားသူနှင့် မိဘနှစ်ပါးစလုံးသည် နိုင်ငံသား စိစစ်ရေးကတ်ြပား (နိုင်)(ပြု)(ဧည့်) ကိုင်ဆောင်ထားရမည်ဖြစ်ပါသည်။

ထို့ပြင် အဆိုပါဒေသများတွင် အခြေခံပညာ အဌမတန်း၊ နဝမတန်း၊ တက္ကသိုလ်ဝင်တန်းဆက်တိုက် ပညာသင်ကြားခဲ့ပြီး တက္ကသိုလ်ဝင်စာမေးပွဲကို အဆိုပါဒေသများမှ အောင်မြင်ရမည်ဖြစ်ပါသည်။

 

Read More>>>> တက္ကသိုလ်ဝင်ခွင့်မတင်သူများ လာမည့်ပညာသင်နှစ်တွင် အဝေးသင်တက္ကသိုလ်သာ တက်ခွင့်ရမည်

 

လျှောက်ထားမည့် သူများသည် တက္ကသိုလ်ဝင်စာမေးပွဲရမှတ်မူရင်းတစ်စောင်၊ ယင်းဒေသရှိ ကျောင်းတွင် () နှစ်ဆက်တိုက်တက်ရောက်ခဲ့သူဖြစ်ကြောင်းနှင့် တက္ကသိုလ်ဝင်စာမေးပွဲကို ထိုဒေသရှိ စာစစ်ဌာနမှ အောင်မြင်သူဖြစ်ကြောင်း သက်ဆိုင်ရာ အခြေခံပညာ အထက်တန်းကျောင်း၊ ကျောင်းအုပ်ကြီးနှင့် မြို့နယ်ပညာရေးမှူးတို့၏ ထောက်ခံချက်၊ အိမ်ထောင်စုစာရင်းမိတ္တူနှင့် ထိုဒေသတွင် () နှစ်ဆက်တိုက် နေထိုင်သူဖြစ်ကြောင်း သက်ဆိုင်ရာဒေသအာဏာပိုင်များ၏ ထောက်ခံချက်၊ လျှောက်ထားသူနှင့် မိဘနှစ်ပါးစလုံး၏ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူများ၊ ဘွဲ့ရရှိပြီးပါက မိမိဒေသတွင် () နှစ်မပျက်မကွက် တာဝန်ထမ်းဆောင်ပါမည်ဟု ကတိပြုဝန်ခံချက်တို့ကို ဆေးတက္ကသိုလ်ဝင်ခွင့် လျှောက်ထားရာတွင်တင်ပြရမည်ဟု ကြေညာထားပါသည်။

 

မြန်မာနိုင်ငံတွင် ဆေးတက္ကသိုလ် () ရန်ကုန်၊ ဆေးတက္ကသိုလ် () ရန်ကုန်၊ ဆေးတက္ကသိုလ် (မန္တလေး)၊ ဆေးတက္ကသိုလ် (မကွေး) နှင့် ဆေးတက္ကသိုလ် (တောင်ကြီး)တို့ကို ဖွင့်လှစ်ထားပြီး ယခုနှစ်တွင် ထိုဆေးတက္ကသိုလ်() ခုတွင် သင်တန်းသား (,၂၀၀) ဦးလက်ခံမည်ဟု ၂၀၁၉ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်တွင် ဖော်ပြထားပါသည်။

 

Source: 7Day News

 

 

News Read 2479 times