Sales Hotline : 09448001653       Download App



တက္ကသိုလ်ဝင်ခွင့်မတင်သူများ လာမည့်ပညာသင်နှစ်တွင် အဝေးသင်တက္ကသိုလ်သာ တက်ခွင့်ရမည်

တက္ကသိုလ်ဝင်ခွင့်မတင်သူများ လာမည့်ပညာသင်နှစ်တွင် အဝေးသင်တက္ကသိုလ်သာ တက်ခွင့်ရမည်

၂၀၁၉ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သူများသည် ယခုနှစ်တွင် တက္ကသိုလ်ဝင်ခွင့် မလျှောက်ထားပါက နောင်ပညာသင်နှစ်များတွင် အဝေးသင်တက္ကသိုလ်သာ တက်ရောက်ခွင့်ပြုမည်ဖြစ်ပါသည်။

 

ယခုနှစ်တွင် တက္ကသိုလ်ဝင်ခွင့် မလျှောက်ထားသူများကို နောင်ပညာသင်နှစ်များတွင် ပုံမှန်ကျောင်းသားအဖြစ် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များတွင် တက်ရောက်ခွင့်ပြုမည်မဟုတ်ဟု ၂၀၁၉ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်တွင်ဖော်ပြထားပါသည်။

 

တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာက တင်ကိုတင်ထားရမှာဖြစ်တယ်၊ မတင်ထားဘူးဆိုရင် နှစ်ချို့စာရင်းဝင်သွားပါတယ်။ သူက Institure (အသက်မွေးဝမ်းကျောင်းတက္ကသိုလ်) မရတော့ဘူး။ Day တက်လို့ကိုမရတော့ဘူး။ အဝေးသင်ပဲပေးတက်တဲ့ မူရှိပါတယ်” ဟုအဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှုးတစ်ဦးက ရှင်းပြပါသည်။

 

ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများသည်လာမည့်ပညာသင်နှစ်တွင် မတက်ရောက်နိုင်ပါက နောင်ပညာသင်နှစ်များတွင် ပုံမှန်ကျောင်းသားအဖြစ် ဆက်လက်သင်ကြားခွင့်ရရန် ယခုနှစ်တွင် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာ မပျက်မကွက်တင်သွင်းထားရမည်ဖြစ်ပါသည်။

 

သတ်မှတ်ရက်ကျော်လွန်သည်အထိ ၀င်ခွင့်မလျှောက်ထားရသေးပါက တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများကို အဆင့်မြင့်ပညာဦးစီးဌာန (ရန်ကုန်ရုံးခွဲ) သထုံလမ်း၊ ကမာရွတ်မြို့နယ်ရန်ကုန်မြို့သို့ စာတိုက်မှတစ်ဆင့် (သို့) လူကိုယ်တိုင် လျှောက်ထားရမည်ဖြစ်ပါသည်။

 

တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာစာအိတ်တွင် သင်တန်းရွေးချယ်မှုကတ်ပြား၊ တက္ကသိုလ်ကျောင်းသားအဖြစ် မှတ်ပုံတင်ခွင့်လျှောက်လွှာ () စုံ၊ တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာ၊ တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်းမူရင်းနှင့် သက်ဆိုင်ရာအထက်တန်း ကျောင်းအုပ်ကြီးများက ထုတ်ပေးသော အရည်အချင်းမှတ်တမ်းချုပ် ရမှတ်အဆင့်များကို ထည့်သွင်းလျှောက်ထားရမည်ဖြစ်ပါသည်။

 

Read More>>>> ဆယ်တန်းဖြေဆိုသူတိုင်းကို အောင်အောင်ကျကျ ဆယ်တန်းပြီးဆုံးကြောင်းလက်မှတ်ပေးမည်

 

ရန်ကုန်တက္ကသိုလ်မှလွဲ၍ တိုက်ရိုက်ဝင်ခွင့် ရွေးချယ်မည့် တက္ကသိုလ်များ၊ ဆေးနှင့်ဆေးနှီးနွယ်တက္ကသိုလ်များ၊ အခြားတက္ကသိုလ်များ၏ ၀င်ခွင့်ကို ယခင်နှစ်များကဲ့သို့ ကျောင်းသားက ရွေးချယ်လျှောက်ထားသော တက္ကသိုလ်များတွင် သတ်မှတ်အရေအတွက် ပြည့်မှီသည်အထိ၊ တက္ကသိုလ်ဝင်စာမေးပွဲရမှတ် အများဆုံးမှ အနည်းဆုံးထိ စိစစ်ကာတက်ရောက်ခွင့်ပြုသည့်စနစ်ဖြင့် ၀င်ခွင့်ရွေးချယ်မည်ဖြစ်သည်။ တက္ကသိုလ်ပထမနှစ်သင်တန်းများကို ဒီဇင်ဘာလပထမပတ်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပါသည်။

 

Source: 7Day News

 

News Read 4311 times