Sales Hotline : 09448001653       Download App



ရန်ကုန်စီးပွားရေးတက္ကသိုလ် လှိုင်နယ်မြေနှင့် ရွာသာကြီး ဘာသာရပ်တစ်ပြေးညီသတ်မှတ်သင်ကြား

ရန်ကုန်စီးပွားရေးတက္ကသိုလ် လှိုင်နယ်မြေနှင့် ရွာသာကြီး ဘာသာရပ်တစ်ပြေးညီသတ်မှတ်သင်ကြား

ရန်ကုန်စီးပွားရေးတက္ကသိုလ် လှိုင်နယ်မြေနှင့် ရွာသာကြီးတွင် ယခုနှစ်တွင် ဘာသာရပ်သင်ကြားမှု တစ်ပြေးညီသတ်မှတ်သင်ကြားနေပြီးဖြစ်၍ ယခင်ကဲ့သို့ ကွာခြားမှုမရှိတော့ကြောင်း ယင်းတက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရပါသည်။


ယခင်က လှုင်နယ်မြေစာရင်းကိုင်ပညာ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပညာ၊ ဖွံ့ဖြိုးမှုပညာ၊ လူဦးရေပညာနှင့် ရွာသာကြီးနယ်မြေတွင် ဝါဏိဇ္ဇာဗဒ၊ စီးပွားရေးစီမံခန့်ခွဲမှုပညာ၊ စာရင်းအင်းပညာနှင့် ဘောဂဗေဒတို့ကို နယ်မြေခွဲပြီး သင်ကြားခဲခြင်းဖြစ်ပါသည်။


ယခုနှစ်မှစ၍ လှိုင်နယ်မြေတွင်လည်း ဝါဏိဇ္ဇာဗဒ၊ စီးပွားရေးစီမံခန့်ခွဲမှုပညာ၊ စာရင်းအင်းပညာနှင့် ဘောဂဗေဒတို့ကိုပါ သင်ကြားပြီး ရွာသာကြီးနယ်မြေတွင်လည်း စာရင်းကိုင်၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှု၊ ဖွံ့ဖြိုးမှုပညာ၊ လူဦးရေပညာရပ်တို့ကို ထပ်တိုးသင်ကြားခြင်းဖြစ်ပါသည်။


ယင်းသို့တစ်ပြေးညီသင်ကြားရန် ယခုနှစ်အစောပိုင်းတွင် ဆွေးနွေးဆုံးဖြတ်ခဲခြင်းဖြစ်ကြောင်း ရန်ကုန်စီးပွားရေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာတင်ဝင်က အတည်ပြုပြောကြားပါသည်။

 

Read More>>>>၂၀၁၉ တက္ကသိုလ်ဝင်တန်းအောင်မြင်ထားပြီး ( ၂၀၁၉ / ၂၀၂၀ ) တက္ကသိုလ်ပညာသင်နှစ်လျှောက်ထားသူများ


ယခုနှစ်တွင် စီးပွားရေးတက္ကသိုလ်ဝင်ခွင့်အမှတ်ကို (၄၂၀) နှင့်အထက်ရှိသူများ လျှောက်ထားနိုင်ပြီး လှိုင်နယ်မြေအတွက် ကျောင်းသားဦးရေ ၆၄၀၊ ရွာသားကြီးနယ်မြေအတွက် ကျောင်းသားဦးရေ ၁၄၀၀ ခေါ်ယူမည်ဖြစ်ပြီး ဝင်ခွင့်လျှောက်သော ကျောင်းသားအရေအတွက်ပေါ်မူတည်၍ အပြောင်းအလဲရှိနိုင်ကြောင်း ယင်းတက္ကသိုလ်ထံမှ သိရှိရပါသည်။


ယခုနှစ် လက်ရှိအချိန်ထိ စီးပွားရေးတက္ကသိုလ် ဦးစားပေးလျှောက်သော လျှောက်လွှာအရေအတွက်မှာ (၉၀၀) ကျော်ရှိနေသည်။ ယခင်နှစ်တွင် လှိုင်နယ်မြေအတွက် (၄၄၈) မှတ်၊ ရွာသာကြီးစီးပွားရေး တက္ကသိုလ်မှ (၄၂၂) မှတ် ဖြင့်ခေါ်ယူခဲ့ပြီး ကျောင်းသား (၅၀၀၀) ခန့်ဝင်ခွင့်လျှောက်ခဲ့ပါသည်။

 

Source; The Voice

 

News Read 3838 times