Sales Hotline : 09448001653       Download App



နိုင်ငံခြားမှာ ကျောင်းသွားတက်လိုလျှင် ဘာတွေပြင်ဆင်သင့်လဲ။

နိုင်ငံခြားမှာ ကျောင်းသွားတက်လိုလျှင် ဘာတွေပြင်ဆင်သင့်လဲ။

 

  • အမှန်တကယ် ၀ါသနာပါတဲ့ ဘာသာရပ်ကို ရွေးချယ်ပါ။ ဒါမှ ထိရောက်အောင် ကြိုးစားနိုင်မှာပါ။
  • အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်ပိုင်နိုင်နားလည်အောင် ပြုလုပ်ထားပါ။ ဒါမှ ကျောင်းကိုလျောက်နိုင် မှာပါ။
  • ကိုယ်တက်မယ့်ကျောင်းရဲ့ စည်းမျဉ်းဥပဒေတွေကို ကြိုတင်လေ့လာထားပါ။
  • ကိုယ်သွားတက်မယ့်ကျောင်းရှိတဲ့ နိုင်ငံရဲ့ ယဉ်ကျေးမှုဓလေ့ထုံးတမ်းစဉ်လာတွေကို ကြိုတင်လေ့လာထားပါ။ ဒါမှ Culture Shock မဖြစ်မှာပါ။
  • အိမ်လွမ်းတဲ့ ဝေဒနာမဖြစ်အောင်ကြိုတင် ပြင်ဆင်ထားပါ။
  • လိုအပ်တဲ့ Certificate နဲ့ ငွေကြေးပြည့်စုံအောင် ပြင်ဆင်ထားပါ။ ဒါမှ Visa reject မထိမှာပါ။
  • စိတ်ဓာတ်ခိုင်မာပြီး ကျန်းမာရေးကောင်းအောင် လုပ်ထားပါ။
  • ကျောင်းလျှောက်ဖို့ agent ကိုတော့ အင်တာနက်မှာသူတို့ရဲ့ နာမည်နဲ့ ဘယ်လောက်ယုံကြည်ရမလဲ ဆိုတာကို စုံစမ်းပါ။

 

ဘယ်လိုအရည်အချင်းတွေ လိုမလဲ။

  • တက္ကသိုလ်ဝင်တန်း အောင်မြင်ထားသူဖြစ်ရမည်။
  • IELTS အမှတ် အနည်းဆုံး ၅.၅ ရှိဖို့လိုအပ်ပါသည်။
  • အမေရိကန်တက္ကသိုလ်တွေအတွက်ဆို TOEFL အင်္ဂလန်တက္ကသိုလ်အတွက်ဆိုရင် GCE (O) Level၊ IELTS ရှိဖို့လိုပါတယ်။
  • အသက် ၁၇ ပြည့်ထားရင် ပိုကောင်းပါတယ်။
  • အင်္ဂလိပ်ဘာသာ နားလည်နိုင်မှု စွမ်းရည် နဲ့ Speaking skill လည်းရှိသင့်ပါသည်။
  • Reading skill လည်းအထိုက်အလျောက် ကောင်းသင့်ပါသည်။

Tips Read 5499 times