Sales Hotline : 09448001653       Download App



ကျောင်းသား/သူ (၃၅၀) လက်ခံမည့် ရတနာပုံဆိုက်ဘာစီးတီး

ကျောင်းသား/သူ (၃၅၀) လက်ခံမည့် ရတနာပုံဆိုက်ဘာစီးတီး

နည်းပညာတက္ကသိုလ်ရတနာပုံ ဆိုက်ဘာစီးတီမှာ လာမည့်ပညာသင်နှစ်အတွက် ကျောင်းသား/သူ ဦးရေ (၃၅၀) လက်ခံသင်ကြားပေးမည်ဟု သိရပါသည်။

 

ဘာသာရပ်တစ်ခုကို ကျောင်းသား/သူဦးရေ (၇၀ %) ဝင်ခွင့်ပြုလက်ခံမည်ဖြစ်ပြီး တက်ရောက်လိုသည့် ကျောင်းသား/သူများအနေဖြင့် ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ မြန်မာတစ်နိုင်ငံလုံးရှိ စာစစ်ဌာနများမှ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ ဘာသာရပ်တွေပါဝင်သည့် ဘာသာတွဲတစ်ခုခုနှင့် ဖြေဆိုအောင်မြင်ပြီး စုစုပေါင်းရမှတ် (၄၂၀) နှင့်အထက် ရရှိသူများ လျှောက်ထားနိုင်မည် ဖြစ်ပါသည်။

 

တက်ရောက်ရမည့် သင်တန်းကာလမှာ (၆) နှစ်ဖြစ်ပြီး အထူးပြုဘာသာရပ်အလိုက် အောင်မြင်ပြီးမြောက်သူတွေကို နည်းပညာဆိုင်ရာဘွဲ့တွေကို ပေးအပ်မှာ ဖြစ်ပါသည်။

 

သတင်းအချက်အလက်သိပ္ပံနှင့်နည်းပညာအင်ဂျင်နီယာဘွဲ့ B.E(Information Science & Technology)၊ ကွန်ပျူတာအင်ဂျင်နီယာဘွဲ့ B.E(Computer Engineering)၊ အီလက်ထရွန်းနစ် အင်ဂျင်နီယာဘွဲ့B.E(Electronics)၊ ဒြပ်ပစ္စည်းနှင့် သတ္တူဗေဒ အင်ဂျင်နီယာဘွဲ့ B.E(Materials & Metallurgy ) ၊ အော်တိုမက်တစ် တိကျပစ္စည်းထုတ်လုပ်မှု အင်ဂျင်နီယာဘွဲ့ B.E(Mechanical Precision & Automation) စသည့်ဘာသာရပ်များကို ရွေးချယ်တက်ရောက်နိုင်ပါသည်။

 

Read More: ပညာရေးဝန်ကြီးဌာနရန်ကုန်တက္ကသိုလ်နှင့် KMD တို့ပူးပေါင်းဖွင့်လှစ်မည့်သင်တန်းများ

 

နည်းပညာတက္ကသိုလ်ရတနာပုံ ဆိုက်ဘာစီးတီးက သီးခြားဝင်ခွင့်လျှောက်ထားရမည့် တက္ကသိုလ်တွေထဲက တစ်ခုဖြစ်ပြီး လျှောက်ထားလိုသူတွေအနေဖြင့် သို့/ပါမောက္ခချုပ်၊ ရတနာပုံဆိုက်ဘာစီးတီးလို့ လိပ်မူ၍ ကျောင်းကို တိုက်ရိုက်လျှောက်ထားရမည် ဟုသိရပါသည်။

 

Source: Kumukra

 

News Read 1335 times