Sales Hotline : 09448001653       Download App



ပညာရေးကောလိပ်တက်ရောက်ခွင့်ရသူများ ကျောင်းများတွင် အလုပ်မဝင်ပါက လျှော်ကြေးကျပ်(၅ သိန်း) ပေးရမည်

ပညာရေးကောလိပ်တက်ရောက်ခွင့်ရသူများ ကျောင်းများတွင် အလုပ်မဝင်ပါက လျှော်ကြေးကျပ်(၅ သိန်း) ပေးရမည်

ပညာရေးဒီဂရီကောလိပ် များ၌ ယခုနှစ်တွင်  စတင်ဖွင့်လှစ်မည့် B.A(Education)B.Sc (Education) ဘွဲ့သင်တန်း တက်ခွင့်ရသူများသည် သင်တန်းပြီးဆုံးအောင် တက်ရမည့်အပြင် ဘွဲ့ရပြီး အခြေခံပညာကျောင်းများ ၌ အလုပ်မ၀င်ပါက လျော်ကြေးကျပ်ငါးသိန်း ပေးလျော်ရမည်ဟု ကြေညာထားပါသည်။

 

တစ်နိုင်ငံလုံးရှိ ပညာရေးကောလိပ် (၂၅) ကျောင်းကို ယခုနှစ်ကစ၍ ပညာရေးဒီဂရီကောလိပ်အဆင့်တိုးကာ လေးနှစ်သင်ပညာ ရေးဘွဲ့သင်တန်းသစ်များ ဖွင့်မည် ဖြစ်ပါသည်။ ထိုဘွဲ့သင်တန်းများအတွက်  ယခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်မြင်သူများကို သင်တန်းဝင်ခွင့် ခေါ်ယူထားပြီး သင်တန်းသား (,၃၇၀) ဦး လက်ခံမည်ဟု ၂၀၁၉ တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်တွင် ဖော်ပြထားပါသည်။

 

၂၀၁၈ အထိ ပညာရေးကောလိပ်အဆင့်သာ ဖွင့်လှစ်၍ () နှစ်သင် ဒီပလိုမာဆရာအတတ်သင်တန်းသာ ပို့ချခဲ့သော်လည်း ယခုနှစ်က စတင်ကာ ဘွဲ့သင်တန်းပို့ ချပြီး မူလတန်းပြ၊ အလယ်တန်း ပြအဖြစ် အခြေခံပညာကျောင်းများ၌ ခန့်ထားမည်ဖြစ်ပါသည်။

 

ဝင်ခွင့် ရွေးချယ်ခံရပါက သင်တန်းကာလ () နှစ်တက်ရမည်ဖြစ်ပြီး သင်တန်းပြီးချိန်အထိ မတက်ပါက လျော်ကြေးငွေ ပေးဆောင်ရမည်ဟု ပညာရေးဝန်ကြီးဌာနက ကြိုတင်အသိပေးထားပါသည်။ ထို့ပြင် ဘွဲ့ရရှိပြီးပါက အနည်းဆုံး () နှစ်ကြာ နိုင်ငံ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်မည်ဟု ၀န်ခံကတိရေးထိုးရမည်ဖြစ်ပြီး ပျက်ကွက်ပါက လျော်ကြေးအပြင် တည်ဆဲစည်းမျဉ်းစည်းကမ်းနှင့်အညီ အရေးယူမည်ဟု ကြေညာထားပါသည်။

 

‘‘ဆရာ၊ ဆရာမ ခန့်ဖို့ ဖွင့်တာ။ ၀င်ခွင့်ရွေးပြီးမှ မတက်ဘူးဆို သူတို့နေရာအစားထိုးဖို့ ချက်ချင်းမလွယ်တော့ဘူး၊ တိုင်းပြည်အတွက်လည်း နစ်နာတယ်။ အဲဒါကြောင့် လျော်ကြေးငွေ သတ်မှတ်တာ’’ဟု အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်အောင်မင်းက ဆိုပါသည်။

 

ယခင်နှစ်များက တက္ကသိုလ်ဝင် စာမေးပွဲအောင် ကျောင်းသား/သူများသည် ပညာရေးကောလိပ်ဝင်ခွင့်ကို  သတင်းစာမှ တစ်ဆင့် သီးခြားဝင်ခွင့်ခေါ်ယူမှသာ လျှောက်ထားရပြီး ကောလိပ် (၂၅) ခုတွင် သင်တန်းသားခြောက်ထောင်ကျော် လက်ခံသည်။

 

Read More: စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်း လျှောက်လွှာခေါ်ယူခြင်း

 

‘‘အရင်က () နှစ်တည်းဆိုတော့ ကျောင်းဝင်ဆံ့တာ (,၀၀၀) ဆိုရင် First Year ကို (၅၀၀) ဦးခေါ်လို့ရတယ်။ အခုက () နှစ်ဖြစ်သွားတော့ (,၀၀၀) ဆံ့တဲ့ ကျောင်းဆို First Year အတွက် (၂၅၀) ပဲ ခေါ်လို့ရတော့မယ်။ ဒါပေမဲ့ နောက်နှစ်တွေမှာ ကျောင်းရဲ့  စာသင်ခန်း၊ အိပ်ဆောင်တိုးလာရင် ပိုခေါ်မှာပါ’’ဟု ဒေါက်တာအောင်အောင်မင်းက ရှင်းပြပါသည်။

 

လေးနှစ်သင် ပညာရေးဘွဲ့ သင်တန်းအတွက် သင်ရိုးညွှန်း တမ်းအသစ်များကို UNESCO STEM Project (Strengthening Pre-Service Teacher Edu-cation in Myanmar) နှင့် ပညာရေးတက္ကသိုလ်၊ ပညာရေးကောလိပ်များရှိ ပညာရှင်များ ပူးပေါင်းပြီး ဆရာအတတ်ပညာတတ်ကျွမ်းမှု စံသတ်မှတ်ချက် အညွှန်းဘောင်ကို အခြေခံရေးဆွဲထား သည်။

 

မြန်မာနိုင်ငံတွင် ဆရာအတတ်ပညာသင်တန်းကို () နှစ်သာပို့ချသဖြင့် နိုင်ငံတကာနှင့် အာဆီယံဒေသတွင်းနိုင်ငံများ၏  ဆရာအတတ်သင်တန်း ပို့ချမှုကာလနှင့် နှိုင်းယှဉ်ပါက တိုတောင်းခြင်းကြောင့် ပို့ချမှုကာလ များနှင့် ဒီပလိုမာပေးအပ်မှု အစီအစဉ်တို့ကို ပြင်ဆင်၍ () နှစ်သင်ပညာရေး ဒီဂရီကောလိပ်များအဖြစ် အဆင့်တိုးမြှင့်ခြင်းဖြစ်သည်ဟု ပညာရေးဝန်ကြီးဌာနသို့ တင်သွင်းသည့် လေးနှစ်သင် ပညာရေးဒီဂရီကောလိပ်များအဖြစ် အဆင့်မြှင့်တင်ဖွင့်လှစ်နိုင်ရေး ဒေါက်တာအောင်အောင်မင်း၏ စာတမ်း၌ ဖော်ပြထားသည်။

 

Source: 7Day Daily

 

Tips Read 6507 times