Sales Hotline : 09448001653       Download App



ပညာရေးကောလိပ်များ၏ သင်တန်းသုံးမျိုးမှ တစ်နှစ်လျှင် ဆရာ၊ ဆရာမ တစ်သောင်းကျော်သာ မွေးထုတ်နိုင်သေး

ပညာရေးကောလိပ်များ၏ သင်တန်းသုံးမျိုးမှ တစ်နှစ်လျှင် ဆရာ၊ ဆရာမ တစ်သောင်းကျော်သာ မွေးထုတ်နိုင်သေး

ထိုသင်တန်းများမှ တစ်နှစ်လျှင် ဆရာ၊ ဆရာမတစ်သောင်းကျော်သာ မွေးထုတ်နိုင်ပြီး လိုအပ်သော ဆရာ၊ ဆရာမများနေရာကို ဖြည့်ဆည်းရန် နေ့စားလပေးများဖြင့် ခေါ်ယူဖြည့်ဆည်း နေရခြင်းဖြစ်ပါသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

DTEd ကလည်း တစ်နှစ်ကို ငါးထောင်ကျော်နဲ့ ခြောက်ထောင်ကြား၊ PPTT ကလည်း တစ်နှစ်ကို ငါးထောင်ကျော်လောက်ပဲ In Service တွေကို ပေးတဲ့ မူလတန်းဆရာဖြစ်သင်တန်းနှင့် အလယ်တန်းဆရာဖြစ်သင်တန်းဆိုရင် တစ်နှစ်ကို တစ်သောင်းကျော်လောက်ပဲ မွေးထုတ်နိုင်တယ်။

နှစ်စဉ် အခြေခံပညာကဏ္ဍရှိ ဆရာ၊ ဆရာမလိုအပ်ချက်မှာ ပိုမိုဖြစ်ပေါ်နေပြီး နှစ်စဉ် အငြိမ်းစားယူခြင်း၊ သေဆုံးခြင်း၊ နုတ်ထွက်ခြင်းများမှ ဆရာ၊ ဆရာမများ လစ်လပ်မှုများရှိသလို၊ အဆင့်အလိုက် ရာထူးတိုးခြင်း၊ အပြောင်းအရွှေ့ပြုလုပ်ခြင်းများကြောင့် အဆင့်လိုက် ပြန်လည်ဖြည့်ဆည်းနေရခြင်းကြောင့် ဆရာ၊ ဆရာမ လစ်လပ်မှုများရှိနေသည့်အတွက် ပညာရေးကောလိပ်များမှ ပြန်လည်ဖြည့်ဆည်းနေရသည့် အရေအတွက်မှာ မလုံလောက်မှုများ ဖြစ်ပေါ်နေခြင်းဖြစ်ပါသည်။

နှစ်စဉ် အငြိမ်းစားယူခြင်း၊ သေဆုံးခြင်း၊ နုတ်ထွက်ခြင်းများနှင့် ရာထူးတိုးပြောင်းတွေကြောင့် လစ်လပ်နေရာ ဘယ်လောက်ရှိတယ်ဆိုတာနဲ့ ရာထူးတိုး အပြောင်းအရွှေ့ကြောင့် လစ်လပ်မှာ ဘယ်လောက်ရှိတယ်ဆိုတာကို သိရဖို့ တွက်ချက်မှုတွေ လုပ်သွားမှာပါ။

လက်ရှိအခြေခံပညာကဏ္ဍ၌ ကျောင်းပေါင်း လေးသောင်းကျော်တွင် ကျောင်းသား၊ ကျောင်းသူ ကိုးသန်းကျော်ရှိပြီး ဆရာ၊ ဆရာမ သုံးသိန်းကျော်ဖြင့် သင်ကြားနေရခြင်း ဖြစ်သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

News Read 5747 times