Sales Hotline : 09448001653       Download App



ဝင်ခွင့်လျှောက်လွှာများကို သတ်မှတ်ရက်မတိုင်ခင် လျှောက်ထားပေးရန်

ဝင်ခွင့်လျှောက်လွှာများကို သတ်မှတ်ရက်မတိုင်ခင် လျှောက်ထားပေးရန်

တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာတင်ကြမယ့် ကျောင်းသား/သူများအား အကြံပြုလိုပါတယ်။

 

မိမိတို့၏ တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများအား အချိန်မီသွားရောက်တင်စေလိုပါတယ်။

 

ကိုယ်တင်လိုက်တဲ့ လျှောက်လွှာကနောက်ကျမှ ရောက်မယ်ဆိုရင် ကျောင်းကရွေးချယ်တဲ့လုပ်ငန်းစဉ်တွေ ပြီးသွားခဲ့မယ်ဆိုရင် မိမိတို့ဦးစားပေးပြီး ရွေးချယ်ထားတဲ့ တက္ကသိုလ်တွေ၊ မေဂျာတွေအကုန်လုံးဆုံးရှုံးသွားနိုင်ပါတယ်။

 

မိမိတက်ရောက်လိုတဲ့ တက္ကသိုလ်ရဲ့အမှတ်စာရင်းထဲမှာ ဝင်တယ်ဆိုရင်တောင် ရွေးပြီးသွားပြီဆိုရင်၊ လက်ခံမယ့်ဦးရေပြည့်သွားခဲ့ပြီဆိုရင် ထပ်ပြီးကျောင်းကလဲလက်ခံနိုင်မယ့်အခြေအနေမဟုတ်ဘူးဆိုရင် ကိုယ်သာလျှင် ဆုံးရှုံးမှုဖြစ်နိုင်ပါတယ်။

 

ဒါကြောင့် သတ်မှတ်ရက်အတွင်းလျှောက်ဖို၊့ မိမိတက်လိုတဲ့ကျောင်းတက်ရဖို့၊ မေဂျာရဖို့အတွက် ရက်မပြည့်ခင်လျှောက်ထားပေးဖို့ တိုက်တွန်းလိုပါတယ်။

 

လျှောက်လွှာများကို ဇွန်လ (၂၄) ရက်မှ ဇူလှိုင် (၂၃) ရက်အထိ လက်ခံပေးသွားမည်ဖြစ်ပါတယ်။

 

တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာစာအိတ်တွင် သင်တန်းရွေးချယ်မှုကတ်ပြား၊ တက္ကသိုလ်ကျောင်းသားအဖြစ် မှတ်ပုံတင်ခွင့်လျှောက်လွှာ၊ တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်းမူရင်းနှင့် သက်ဆိုင်ရာ အထက်တန်းကျောင်းအုပ်ကြီးများက ထုတ်ပေးသော အရည်အချင်းမှတ်တမ်းချုပ်ရမှတ်အဆင့်ကို ထည့်သွင်းလျှောက်ထားရမည်ဖြစ်ပါတယ်။

 

Read More: လျှောက်လွှာများအချိန်မီမတင်နိုင်ပါက အဆင့်မြင့်ပညာဦးစီးဌာနသို့ ပေးပို့လျှောက်ရမည်

 

ရန်ကုန်တက္ကသိုလ်မှလွှဲ၍ တက္ကသိုလ်များ၊ အခြားတက္ကသိုလ်များ၏ ဝင်ခွင့်ကို ယခင်နှစ်များအတိုင်း ကျောင်းသား/သူများက ရွေးချယ်လျှောက်ထားသော တက္ကသိုလ်များတွင် သတ်မှတ်ဦးရေပြည့်သည်အထိ၊ တက္ကသိုလ်ဝင်စာမေးပွဲရမှတ် အများဆုံးမှ အနည်းဆုံးအထိ စိစစ်ကာ တက်ရောက်ခွင့်ပြုသည့်စနစ်ဖြင့် ဝင်ခွင့်ရွေးချယ်မည်ဖြစ်ပါတယ်။

 

တက္ကသိုလ်ဝင်ခွင့်ရစာရင်းများကို နိုဝင်ဘာတွင် ကြေညာမည်ဖြစ်ပြီး ပထမနှစ်သင်တန်းများကို ဒီဇင်ဘာပထမအပတ်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပါတယ်။

 

(www.edge.com.mm)

 

Tips Read 5867 times