Sales Hotline : 09448001653       Download App



လျှောက်လွှာများအချိန်မီမတင်နိုင်ပါက အဆင့်မြင့်ပညာဦးစီးဌာနသို့ ပေးပို့လျှောက်ရမည်

လျှောက်လွှာများအချိန်မီမတင်နိုင်ပါက အဆင့်မြင့်ပညာဦးစီးဌာနသို့ ပေးပို့လျှောက်ရမည်

တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာများကို ဇူလှိုင် (၂၃) ရက်နောက်ဆုံးထားတင်ရန် သတ်မှတ်ထားသော်လည်း အချိန်မီမတင်နိုင်ပါက အဆင့်မြင့်ပညာဦးစီးဌာန (ရန်ကုန်ရုံးခွဲ) သို့ပေးပို့လျှောက်ထားနိုင်ပါသည်။

 

၂၀၁၉ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ထားသူများအတွက် တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာစာအိတ်များကို တစ်နိုင်ငံလုံးရှိ တက္ကသိုလ် (၂၃) ခုနှင့် ဝင်ခွင့်တိုက်ရိုက်ရွေးချယ်မည့် တက္ကသိုလ် (၁၄) ခုတွင် ဇွန်လ (၂၄) ရက်မှ ဇူလှိုင် (၂၃) ရက်အထိ လက်ခံမည်ဖြစ်ပါသည်။

 

သတ်မှတ်ရက်ကျော်လွန်သည်အထိ ဝင်ခွင့်မလျှောက်ထားရသေးပါက လျှောက်လွှာများကို အဆင့်မြင့်ပညာဦးစီးဌာန (ရန်ကုန်ရုံးခွဲ) သထုံလမ်း ကမာရွတ်မြို့နယ် ရန်ကုန်မြို့သို့ စာတိုက်မှတစ်ဆင့် (သို့) လူကိုယ်တိုင်လျှောက်ထားရမည်ဖြစ်ပါသည်။

 

Read More: နှုတ်ဖြေမဖြေထားသူများ ရန်ကုန်တက္ကသိုလ်သို့ ပြောင်းရွှေ့တက်ရောက်ခွင့်မပြု

 

** သတ်မှတ်ထက်နောက်ကျလျှောက်ထားသည့် လျှောက်လွှာများကို အဆင့်မြင့်ပညာဦးစီးဌာနသို့ ပေးပို့ခွင့်ပြုသော်လည်း လျှောက်ထားမှု နောက်ကျ၍ ကျောင်းသား/သူ ဦးစားပေးလျှောက်ထားသည့် တက္ကသိုလ်သို့ ဝင်ခွင့်မရခြင်းဖြစ်နိုင်သည်ဟု သူနာပြုတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ် ဒေါက်တာမြတ်သန္တာက ပြောပါသည်။

 

Source: 7Day News

 

Tips Read 4836 times