Sales Hotline : 09448001653       Download App



အမျိုးသားစီမံခန့်ခွဲမှု ပညာဒီဂရီကောလိပ် စီမံခန့်ခွဲမှုစနစ်ကို အွန်လိုင်းစနစ် ပြောင်းလဲမည်

အမျိုးသားစီမံခန့်ခွဲမှု ပညာဒီဂရီကောလိပ် စီမံခန့်ခွဲမှုစနစ်ကို အွန်လိုင်းစနစ် ပြောင်းလဲမည်

အမျိုးသားစီမံခန့်ခွဲမှု ပညာဒီဂရီကောလိပ်မှာ ယခုလက်ရှိတက်ရောက်ပညာသင်ကြားနေတဲ့ ကျောင်းသား/သူပေါင်း (၁၆၀၀) ခန့်ရှိပြီး အထူးပြုဘာသာရပ် () ခုဖြင့် သင်ကြားပေးနေခြင်းဖြစ်ပါသည်။

 

ကျောင်းနဲ့ပတ်သက်ပြီး စီမံခန့်ခွဲမှုတွေအပါအဝင် ကျောင်းအပ်နှံခြင်း၊ ငွေသွင်းခြင်း အစရှိသည်တို့အပြင် ဝန်ထမ်းတွေအတွက် လစတွက်ချက်မှုတွေကအစ အွန်လိုင်းအသုံးပြုစနစ်ကို ပြောင်းလဲမှာ ဖြစ်ပါတယ်။

ပြောင်းလဲမည့်စနစ်နှင့် ပတ်သက်ပြီး Management Online စနစ်ကို လုပ်ရန်အတွက် Payment စနစ်တွေပြောင်းလဲပါမယ်။ အကုန်လုံးအွန်လိုင်း အဖြစ်နဲ့ ပြောင်းလဲမည်ဖြစ်ပါတယ်။

 

၎င်းစနစ်က ကျောင်းသား/သူတွေသည် တစ်ခါအပ်ပြီးပြီဆိုတာနဲ့ သူ့တို့ရဲ့အချက်အလက်ကို ဒီကွန်ပျူတာထဲကနေ အချိန်မရွေးအကုန်ပြန်ထုတ်ယူလို့ရနိုင်မည်ဖြစ်ပါတယ်။

 

ပထမနှစ်တက်ပြီးပြီဆိုတာ ဒုတိယနှစ်တက်မယ့်အချိန်တွင် ကျောင်းသားရဲ့ ပထမနှစ် အမှတ်စာရင်းလိုချင်တယ်ဆိုရင် အိုင်တီနံပါတ်နဲ့ ကျောင်းသားနည်မည် ထည့်လိုက်တာနဲ့ သူရဲ့အမှတ်စာရင်း ထွက်လာတဲ့ အခြေအနေထိ ဖြစ်အောင်လုပ်ထားမယ်လို့ ရည်ရွယ်ထားပါတယ်။

 

ကျောင်းသားတွေ ကျောင်းတက်ကြောင်း ထောက်ခံစာယူချင်တယ်ဆိုရင်လည်း ကျောင်းသားရဲ့အိုင်တီနံပါတ်ကိုထည့်ပြီးထာနဲ့ ရယူနိုင်အောင်၊ Report မှန်သမျှ အကုန်ထုတ်နိုင်အောင်၊ Output မှန်သမျှ အကုန်ထုတ်နိုင်အောင် လုပ်ဆောင်မှာပါ။

ကျောင်းသားရေးရာမှာဆိုရင် ကျောင်းသားတွေရဲ့အချက်အလက်တွေကို တစ်ခါတည်းထည့်ပြီးသားဖြစ်သွားမယ်။

 

ဘဏ္ဍာရေးပိုင်းမှာဆိုရင်လည်း ငွေပေးငွေယူ ကိစ္စရပ်တွေကို အွန်လိုင်းနဲ့ပဲ ဆောင်ရွက်မည်ဖြစ်ပါတယ်။ နောက်ပိုင်းမှာ ဘတ်ဂျတ်ရေးဆွဲတာတွေ အားလုံးကို အွန်လိုင်းနဲ့ပဲ ဆောင်ရွက်မယ်။ ဝင်ငွေထွက်ငွေ ရေးဆွဲတာတွေကအစ အွန်လိုင်းနဲ့ ဆောင်ရွက်နိုင်အောင်လုပ်သွားမှာဖြစ်ပါတယ်။

 

 

သတင်းအချက်အလက်တွေ အားလုံးကို Data Base တစ်ခုတည်းမှာ ရနိုင်ပြီးလိုချင်တဲ့ report တွေကို လိုချင်တဲ့အချိန် ထုတ်နိုင်မှာဖြစ်ပါတယ်။ တတိယတစ်ချက်က ဝန်ထမ်းတွေနဲ့ ပတ်သက်တဲ့ Data Base တွေရှိဖို့ လိုပါတယ်။ ဆရာဆရာမတွေရဲ့ အချက်အလက်တွေ အားလုံးတစ်နေရာတည်း ထုတ်သွားနိုင်မည်ဖြစ်ပါတယ်။

လစာတွက်ချက်မှုတွေ အားလုံးကိုလည်း ကွန်ပျူတာနဲ့လုပ်ကိုင်သွားမည်ဖြစ်ပါတယ်။ နောက်တစ်ခုက စာကြည့်တိုက် စီမံခန့်ခွဲမှု၊ ကျောင်းသား၊ ကျောင်းသူတွေလိုချင်တဲ့စာအုပ် ကို အွန်လိုင်းကနေပဲ ရှာနိုင်မည်ဖြစ်ပါတယ်။ ရှိတယ်ဆိုရင် လူကိုယ်တိုင် လာငှားရလို့ရမည်ဖြစ်ပါတယ်။ လက်ရှိ E-Library စနစ်ကိုလည်း ဖော်ဆောင်ထားပါတယ်၊ အဲဒီလိုတစ်ဆင့်ပြီး တစ်ဆင့်သွားမှာ ဖြစ်ပါတယ်။

 

"ဆရာမအနေနဲ့ တစ်ချို့ကိစ္စတွေကို အသေးစိတ်တွက်ချက်လို့မရဘူး။ အတိုးမဲ့တယ်ဆိုတာထက် အတိုးအတွက်ရမယ့်ငွေကိုလည်း ကျောင်းသူ၊ကျောင်းသားရဲ့ အဆင်ပြေမှုအတွက် ကုန်ကျစရိတ်အတွက် သက်သာတဲ့ဟာနဲ့ နှိုင်းယှဉ်ကြည့်ရင် တစ်ဖက်တည်း ကြည့်လို့မရဘူး။ နှစ်ဘက်ကြည့်ရမှာဖြစ်လို့ ကျောင်းသူ၊ ကျောင်းသားတွေဟာအချိန်ကုန် သက်သာမယ်၊ ငွေမရေတွက် ရတဲ့အတွက် ၀န်ထမ်းတွေသက်သာမယ်။ ဒါမျိုးအတွက်သာ ကုန်ကျစရိတ်ကို တွက်လိုက်လို့ရှိရင် အများကြီးသက်သာပါတယ်။"

 

Read More: ပုသိမ်မြို့ တက္ကသိုလ်ရွေးချယ်ခြင်းဆိုင်ရာ ပညာရေးဆွေးနွေးပွဲကျင်းပမည်

 

KBZ pay စနစ်နဲ့ ကျောင်းလခသွင်းတဲ့အခါ အမှားတစ်စုံ တစ်ခုဖြစ်ပေါ်ရင် ကျောင်းနဲ့သက်ဆိုင်မှုမရှိပဲ ငွေပေးငွေယူကိစ္စအတွက် KBZ pay နဲ့ကျောင်းသား၊ ကျောင်းသူတွေနဲ့ ထိပ်တိုက် ဖြေရှင်းရမှာ ဖြစ်ပါတယ်။

ကျောင်းသား၊ ကျောင်းသူတွေ ငွေပေးသွင်းမှုအဆင်ပြေအောင် ကျောင်းမှာ KBZ Pay Boost တစ်ခု ထားရှိပေးထားပြီး ငွေထပ်မံသွင်းတာ ထုတ်တာတွေ ပြုနိုင်မှာဖြစ်ပါတယ်။

 

" တီချယ်တို့က Paperless ကို သွားချင်တယ်၊ ကျောင်းကြီး တစ်ခုလုံးရဲ့ စနစ်ကို ကွန်ပျူတာနဲ့ သွားချင်တယ်။ အဲဒါ့ကြောင့် ပထမအဆင့် ခြေလှမ်းအနေနဲ့ အွန်လိုင်း payment ကိုစပြီးလုပ်တယ်။ ငွေပေးချေမှုကိုအွန်လိုင်း စနစ်နဲ့သာ သုံးလို့မရဘူးဆိုရင် တီချယ်တို့လုပ်တဲ့ စီမံခန့်ခွဲမှုစနစ်မှာ အဆင်မပြေဘူး။ လွန်ခဲ့တဲ့ () နှစ်လောက်ကတည်းစိတ်ကူး ရှိခဲ့တာကို ပြီးခဲ့တဲ့နှစ်ကစပြီး အကောင်အထည် ဖော်လိုက်တာပါ။

 

Management Online စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်ဖို့ နည်းနည်းတော့ကြာမယ်၊ လောလောဆယ်အခုလက် ရှိရှိနေတဲ့ မန်နူရယ် စနစ်တွေကို ကွန်ပျူတာစနစ်ပြောင်းရတယ်။

တစ်ဆင့်ချင်းစီ သွားတာဖြစ်တဲ့အတွက် ကျောင်းသားရေးရာနဲ့ ဘဏ္ဍာကို ပထမဦးစားပေး၊ ဒုတိယဦးစားပေးကတော့ HR၊ တတိယ ဦးစားပေးကစာကြည့်တိုက် တစ်ဆင့်ချင်းစီ သွားမှာဖြစ်တဲ့အတွက် တစ်နှစ်လောက် အချိန်ယူ ရပါတယ်။

ညွှန်ကြားထားတာတော့ မရှိပါဘူး။ ဆရာမကိုယ်တိုင် အဆိုပြုလွှတ်ထားခဲ့တာပါ။ အခုကိစ္စဆိုရင် KBZ Pay နဲ့ ဆောင်ရွက်တဲ့အခါ အချိန်နည်းပါတယ်။ ဆရာတို့တင်ရတဲ့ အချိန်နည်းတော့ ဆုံးဖြတ်ချက်က နောက်မှလိုက်တာပါ။" ဟုပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီး ဒေါက်တာ ဒေါတင်တင်ထွေးက ပြောကြားခဲ့ပါသည်။

 

(Internet Journal တချို့ကိုကောက်နုတ်တင်ပြခြင်းဖြစ်ပါသည်။)

 

Source: Internet Journal

 

Tips Read 1708 times