Sales Hotline : 09448001653       Download App



ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပါရဂူနှင့် မဟာသိပ္ပံသင်တန်းသားများခေါ်ယူခြင်း

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပါရဂူနှင့် မဟာသိပ္ပံသင်တန်းသားများခေါ်ယူခြင်း

၁။ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် အဆင့်မြင့်စိုက်ပျိုးရေးသုတေသနနှင့် ပညာရေးဗဟိုဌာန (ACARE) စီမံကိန်းဖြင့် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်နှင့် အိန္ဒိယစိုက်ပျိုးရေးသုတေသနတက္ကသိုလ်တို့ ပူးတွဲဖွင့်လှစ်သင်ကြားမည့် ပါရဂူနှင့် မဟာသိပ္ပံသင်တန်းများ တက်ရောက်ရန် လျှောက်လွှာများခေါ်ယူအပ်ပါသည်။

 

၂။ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ပါရဂူနှင့် မဟာသိပ္ပံသင်တန်းများအတွက် အောက်ဖော်ပြပါ အထူးပြုဘာသာရပ်များ သင်ကြားပေးမည်ဖြစ်ပါသည်။

 

(ပါရဂူသင်တန်းတွင် သင်ကြားမည့်ဘာသာရပ်များ)

** Molecular Biology and Biotechnology

** Food Engineering and Technology

 

(မဟာသိပ္ပံသင်တန်းတွင် သင်ကြားမည့်ဘာသာရပ်များ)

** Agricultural Extension

** Molecular Biology and Biotechnology

** Food Engineering and Technology

 

၃။ သင်တန်းဝင်ခွင့် လျှောက်ထားသူများသည် အောက်ပါသတ်မှတ်များနှင့် ပြည့်စုံကြောင်း အထောက်အထားမူရင်းနှင့် မိတ္တူများကို တင်ပြရပါမည်။

(က) လျှောက်ထားသူသည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။ (နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်း/မိတ္တူတင်ပြနိုင်ရပါမည်။)

() ဝန်ထမ်းဖြစ်ပါက (--၂၀၁၉) ရက်တွင် လုပ်သက်အနည်းဆုံး () နှစ်ပြည့်ပြီး၊ သက်ဆိုင်ရာဦးစီးဌာနမှ အချိန်ပြည့်တက်ရောက်ခွင့်ပြုကြောင်း ထောက်ခံချက်မူရင်းတင်ပြရပါမည်။

() (--၂၀၁၉) ရက်တွင် အသက် (၄၅) နှစ်ထက် မကျော်လွန်သူဖြစ်ရပါမည်။

() စိုက်ပျိုးရေးသိပ္ပံဘွဲ့ (B.Agr.Sc) ရရှိပြီးသူဖြစ်ရပါမည်။

() အစားအစာအင်ဂျင်နီယာနှင့် နည်းပညာဘာသာရပ်တွင် မဟာသိပ္ပံသင်တန်းအတွက် စိုက်ပျိုးရေးပညာဘွဲ့၊ မွေးမြူရေးဆိုင်ရာဆေးပညာဘွဲ့၊ အစားအစာသိပ္ပံဘာသာနှင့်ဆက်နွယ်သည့်သိပ္ပံဘွဲ့ တစ်ခုခုရရှိသူများနှင့် အင်ဂျင်နီယာဘွဲ့ရရှိသူများ လျှောက်ထားနိုင်ပါသည်။

() မဟာသိပ္ပံသင်တန်းကာလမှာ () နှစ်နှင့် ပါရဂူသင်တန်းကာလမှာ () နှစ်ဖြစ်ပြီး သင်တန်းသို့အချိန်ပြည့် တက်ရောက်နိုင်သူဖြစ်ရပါမည်။

() အထက်ဖော်ပြပါ အချက်များနှင့် ပြည့်စုံသူများသည် ဘွဲ့လွန်သင်တန်းဝင်ခွင့်ရေးဖြေစာမေးပွဲ (အင်္ဂလိပ်နှင့် သက်ဆိုင်ရာအထူးပြု ဘာသာရပ်) ကို ဝင်ရောက်ဖြေဆိုရမည်ဖြစ်ပြီး အောင်မြင်သူများကိုသာ လူတွေ့နှုတ်ဖြေစာမေးပွဲဖြေဆိုခွင့်ပြုပါမည်။

 

၎။ လျှောက်လွှာပုံစံများကို (--၂၀၁၉) ရက်(တနင်္လာနေ့) မှစ၍ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ရယူနိုင်ပြီး (--၂၀၁၉) ရက် သောကြာနေ့ နောက်ဆုံးထား၍ လျှောက်ထားရပါမည်။

 

၅။ လျှောက်လွှာနှင့်အတူ ပတ်စ်ပို့အရွယ်ရောင်စုံဓာတ်ပုံ () ပုံ၊ အောင်မြင်ကြောင်း ထောက်ခံစာမိတ္တူ၊ အမှတ်စာရင်းမိတ္တူ၊ ဘွဲ့လက်မှတ်မိတ္တူတို့တင်ပြရပါမည်။

 

၆။ သတ်မှတ်ထားသည့်အချက်အလက်များ တိကျမှတ်ကန်ပြည့်စုံစွာ ရေးသားဖော်ပြခြင်းမရှိသော လျှောက်လွှာများနှင့် အချိန်မီမရောက်ရှိသော လျှောက်လွှာများအား ထည့်သွင်းစဉ်းစားပေးမည်မဟုတ်ပါ။

 

၇။ စာမေးပွဲဖြေဆိုခွင့်ရရှိသူများသည် စာမေးပွဲကြေး (၁၀၀၀) ကျပ်တိတိကို ၄င်းတက္ကသိုလ်ငွေကိုင်ဌာနသို့ (၂၆--၂၀၁၉) ရက်မှ (၂၉--၂၀၁၉) ရက်အထိ ပေးသွင်းရမည်ဖြစ်ပါသည်။

 

၈။ ဝင်ခွင့်အရည်အချင်းစစ်ရေးဖြေစာမေးပွဲကို ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တွင် အောက်ပါအစီအစဉ်အတိုင်း ကျင်းပမည်ဖြစ်ပါသည်။

** အင်္ဂလိပ်စာ ဘာသာရပ်ကို (၃၁--၂၀၁၉) ရက်စနေနေ့တွင် (နံနက် () နာရီမှ (၁၂) နာရီ) ထိဖြစ်ပါသည်။

** သက်ဆိုင်ရာဘာသာရပ်ကို (--၂၀၁၉) ရက် တနင်္ဂနွေနေ့တွင် (နံနက် () နာရီမှ (၁၂) နာရီ) ထိဖြစ်ပါသည်။

 

Read More: ကိုရီးယားဘာသာအရည်အချင်းစစ် အထူးသီးသန့် စာမေးပွဲကြေညာချက်များ

 

၉။ ဝင်ခွင့်အရည်အချင်းစစ်စာမေးပွဲဖြေဆိုရန် လာရောက်သည့်အခါ နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်းနှင့် စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို တစ်ပါတည်းယူဆောင်လာရပါမည်။

 

၁၀။ ရေးဖြေစာမေးပွဲအောင်မြင်သူများကို (၃၁-၁၀-၂၀၁၉)ရက် (ကြာသပတေးနေ့)တွင် ရေးဆင်းစိုက်ပျိုးရေးတက္ကသိုလ်တက္ကသိုလ်တွင် လူတွေ့စစ်ဆေးမည်။ သင်တန်းတက်ရောက်ခွင့်ရရှိသူများ၏ အမည်စာရင်းနှင့် သင်တန်းစတင်ဖွင့်လှစ်မည့်ရက်များကို ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တွင် ထုတ်ပြန်ကြေညာပေးပါမည်။

 

၁၀။ အသေးစိတ်သိရှိလိုပါက စီမံရေးရာဌာန ဖုန်းနံပါတ် (၀၆၇-၃၄၁၆၅၁၃) နှင့် စာမေးပွဲနှင့် ဘွဲ့နှင်းဌာန ဖုန်းနံပါတ် (၀၆၇-၃၄၁၆၆၈၇) တို့တွင် ရုံးချိန်အတွင်းဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

 

Source: မြန်မာ့အလင်း

 

News Read 2097 times