Sales Hotline : 09448001653       Download App



အောက်တိုဘာလတွင် ဝင်ခွင့်ခေါ်ယူမည့် ကျောင်းများနှင့် ကောလိပ်

အောက်တိုဘာလတွင် ဝင်ခွင့်ခေါ်ယူမည့် ကျောင်းများနှင့် ကောလိပ်

နည်းပညာတက္ကသိုလ်များ၏ ဝင်ခွင့်ကို တက္ကသိုလ်ဝင်ခွင့်တွင် ထည့်လျှေက်ရမည်ဖြစ်သော်လည်း အစိုးရစက်မှုလက်မှု သိပ္ပံကျောင်းများနှင့် အစိုးရနည်းပညာကောလိပ်များ၏ ဝင်ခွင့်ကို သတင်းစာများမှ သီးခြားခေါ်ယူမည် ဖြစ်ပါသည်။

 

"ဝင်ခွင့်လမ်းညွှန်ကလျှောက်တဲ့ျေကျာင်းတွေနဲ့ တိုက်ရိုက်ခေါ်တဲ့ကျောင်းတွေက ဝင်ခွင့်လျှောက်လွှာ လက်ခံတာတွေငြိမ်တဲ့အချိန်လောက် စခေါ်မှာပါ၊ AGTI တွေက အောက်တိုဘာလောက်မှာ စခေါ်ဖြစ်ဖို့ များတယ်" ဟု နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးတစ်ဦးက ပြောပါသည်။

အင်းစိန်၊ရွှေပြည်သာ။ ပူတာအို၊ ဟားခါး၊ မော်လမြိုင်၊ သံတွဲ၊ ကျောက်ဖြူ၊ မန္တလေး၊ ကျောက်ပန်းတောင်း၊ ကျောက်ဆည်၊ ပြင်ဦးလွင်၊ ကန့်ဘလူ၊ ခန္တီး၊ ဂန့်ဂေါ၊ ချောက်၊ ရေနံချောင်း၊ သရက်၊ မကွေး၊ လက်ပံတန်း၊ ဝါးခယ်မ၊ လပွတ္တာ။ ကျိုက်လက်မြို့တို့ရှိအစိုးရ စက်မှုလက်မှု သိပ္ပံကျောင်းများနှင့် မိုးညှင်း၊မြင်းခြံ၊ ရွှေဘိုမြို့ရှိ အစိုးရနည်းပညာကောလိပ်များတွင် AGTI သုံးနှစ်သင်တန်းများ ဖွင့်လှစ်မည်ဖြစ်ပါသည်။

 

ထိုသင်တန်းကျောင်းများတွင် မြို့ပြအင်ဂျင်နီယာ၊ အီလက်တရွန်နစ်အင်ဂျင်နီ၊ လျှပ်စစ်စွမ်းအား အင်ဂျင်နီယာ၊ စက်မှုအင်ဂျင်နီယာ၊ သုတနည်းပညာ၊ စက်မှုလုပ်ငန်းအင်ဂျင်နီယာ အထူးပြုဘာသာရပ်သင်တန်းများ ဖွင့်မည်ဖြစ်ပြီး တက္ကသိုလ်ဝင်စာမေးပွဲကို သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ များတွင် ပါဝင်သော ဘာသာတွဲဖြင့် အောင်မြင်သူများ လျှောက်ထားနိုင်ပါသည်။

 

Read More: တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ်မူရင်းကို တစ်ကြိမ်သာထုတ်ပေးမည်

 

ကျန်းမာရေးကောင်းမွန်ကာ လက်တွေ့လုပ်ငန်းခွင်နှင့် စက်ရုံ၊ ကုမ္ပဏီများသို့ ကွင်းဆင်းဆောင်ရွက် ရမည်ဖြစ်ပြီး တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာနှင့် သင်္ချာရမှတ်ပေါင်းပေါ်မူတည်ကာ သင်တန်းသား စိစစ်လက်ခံမည်ဖြစ်ပါသည်။

 

အစိုးရနည်းပညာကောလိပ် သုံးကျောင်းနှင့် အစိုးရစက်မှုလက်မှုသိပ္ပံ (၂၂) ကျောင်းမှ AGTI ပထမနှစ်သင်တန်းများတွင် တက်ရောက်မည့် ကျောင်းသား/သူများအား အစိုးရကတစ်လလျှင် ကျပ်သုံးသောင်း ထောက်ပံ့သည်။

 

AGTI သုံးနှစ်သင်တန်းပြီးဆုံးပါက ဒီပလိုမာပေးအပ်မည် ဖြစ်ပြီး သတ်မှတ်အရည်အချင်း ကိုက်ညီပါက နည်းပညာ တက္ကသိုလ် တတိယနှစ်သို့ ပေါင်းကူးတက်ရောက်ခွင့်ပြုသည်။

 

Source; 7Day News

 

News Read 3133 times