Sales Hotline : 09448001653       Download App



ဒဂုံတက္ကသိုလ်စာစဉ် တင်ရက်ကို ဇူလှိုင်လသို့ ထပ်မံရွေ့ဆိုင်းခြင်း

ဒဂုံတက္ကသိုလ်စာစဉ် တင်ရက်ကို ဇူလှိုင်လသို့ ထပ်မံရွေ့ဆိုင်းခြင်း

ကျွန်တော်တို့ ဒီနှစ်က စာအုပ်တွေကို အရင်လိုရန်ကုန်အဝေးသင်ဌာနက ထုတ်ပေးတာမဟုတ်တဲ့အတွက် စာစဉ်စာအုပ်ပြဿနာတွေ ဖြစ်ခဲ့တယ်။ ကျောင်းသားတွေ စာအုပ်အပြည့်အစုံမရသေးဘူး။ အဲအတွက်ကြောင့် ပထမသတ်မှတ်ထားတဲ့ ဒီဇွန် လ ကုန်ရက်ကို နောက်ဆုံးမသတ်မှတ်တော့ဘဲ ဇူလှိုင်လ ဒုတိယ အပတ်လောက်ထိကို ရက်တိုးပေးသွားမှာပါ။ ဒါကလည်း ကျွန်တော်တို့ စာအုပ်မှာယူတဲ့အခါမှာ သီးသန့်ကုမ္ပဏီ တစ်ခုကနေမှာယူရတဲ့အတွက် အခုလိုအခက်အခဲလေးတွေဖြစ်သွားတာပါ" ဟု ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။

 

Read More: ဆေးဝါးကျွမ်းကျင်၊အကူသူနာပြုနှင့် ရှေးဦးသူနာပြုစုခြင်း သင်တန်းလျှောက်လွှာခေါ်ယူခြင်း

 

၂၀၁၉ ပညာသင်နှစ်အတွက် ဒဂုံ(အဝေးသင်) ဒုတိယနှစ်နှင့် အထက်သင်တန်းများ၏ ပထမနှစ်ဝက် စာစဉ်များကို ဇူလှိုင်လ (၁၂) ရက်(သောကြာနေ့) အထိထပ်မံ တိုး၍ လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဒဂုံတက္ကသိုလ်အဝေးသင်ဌာနမှ သတင်းထုတ်ပြန်ထားခဲ့သည်။

 

လက်ရှိတွင် ဒဂုံတက္ကသိုလ်တွင် ဒုတိယနှစ်နှင့် နောက်ဆုံးနှစ်များအတွက်သာ စာအုပ်အရရှိသေးသည့် အခက်အခဲများရှိနေပြီး ပထမနှစ်နှင့် တတိယနှစ်များအတွက် စာအုပ်များ အပြည့်အစုံရရှိနေပြီ ဖြစ်ကြောင်းလည်း သိရပါသည်။

 

Credit: ပညာရေးသတင်းများ Share မယ်

 

News Read 1063 times