Sales Hotline : 09448001653       Download App



မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ်ဝင်ခွင့် စတင်ခေါ်ယူခြင်း

မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ်ဝင်ခွင့် စတင်ခေါ်ယူခြင်း

၁။ မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ်၏ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ဘွဲ့ကြိုသင်တန်းများကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ () ရက်နေ့တွင် စတင်ဖွင့်လှစ်မည် ဖြစ်ပါသည်။

 

၂။ သင်တန်းကာလမှာ () နှစ်ဖြစ်ပြီး အောက်ဖော်ပြပါ အဓိကဘာသာရပ် () ခုကို သင်ကြားပေးပါမည်။ B.E (Hons) ဘွဲ့ကို အပ်နှင်းမည်ဖြစ်ပြီး ဘာသာရပ်တစ်ခုလျှင် စုစုပေါင်း ကျောင်းသား/သူ ဦးရေ (၆၀) ဦးစီလက်ခံ သင်ကြားပေးသွားမည် ဖြစ်ပါသည်။

(က) Computer Science and Engineering (CSE)

() Electronics and Communications Engineering (ECE)

 

၃။ သင်တန်းတက်ရောက်မည့်သူများသည် အောက်ပါအရည်အချင်းများနှင့် ပြည့်စုံရမည်။

(က) မြန်မာတစ်နိုင်ငံလုံးရှိ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခဲ့သည့် စာစစ်ဌာနအားလုံးမှ ၂၀၁၉ ခုနှစ်၊ တက္ကသိုလ်စာမေးပွဲကို အောက်ဖော်ပြပါ ဘာသာတွဲများဖြင့် အောင်မြင်သူများ လျှောက်ထားနိုင်ပါသည်။

() မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဘောဂဗေဒ၊ ရူပဗေဒ၊ ဓာတုဗေဒ

() မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သမိုင်း၊ ရူပဗေဒ၊ ဓာတုဗေဒ

() မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ စိတ်ကြိုက်မြန်မာစာ၊ ရူပဗေဒ၊ ဓာတုဗေဒ

() မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီဝင်၊ ရူပဗေဒ၊ ဓာတုဗေဒ

() မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ဇီဝဗေဒ၊ ရူပဗေဒ၊ ဓာတုဗေဒ

() လျှောက်ထားသူသည် မြန်မာနိုင်ငံသား ဖြစ်ရပါမည်။ လျှောက်ထားချိန်တွင် တည်ဆဲနိုင်ငံသားဖြစ်မှုဥပဒေနှင့် ကိုက်ညီသော နိုင်ငံသားဖြစ်ရမည်။ မိမိကိုင်ဆောင်သော နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် (နိုင်)(ပြု)(ဧည့်) ကို အပြည့်အစုံဖော်ပြ၍ မိတ္တူများကို ပူးတွဲတင်ပြရပါမည်။

() နိုင်ငံခြားသား ဧည့်ပါမောက္ခများ ပါဝင်သင်ကြားမည်ဖြစ်သဖြင့် လျှောက်ထားသူများသည် အင်္ဂလိပ်ဘာသာဖြင့် သင်ကြားပို့ချမှုအား နားလည်နိုင်သော အရည်အချင်းရှိရပါမည်။

 

၎။ အထက်အပိုဒ် () ပါသတ်မှတ်ချက်များနှင့် ကိုက်ညီသူများသည် မြန်မာသင်တင်းအချက်အလက်နည်းပညာတက္ကသိုလ်သို့ သတ်မှတ်ထားသော လျှောက်လွှာပုံစံဖြင့် တိုက်ရိုက်လျှောက်ထားရမည်။

 

၅။ ဝင်ခွင့်လျှောက်လွှာများကို (--၂၀၁၉) ရက်မှ စ၍မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ်၏ ကျောင်းသားရေးရာဌာနတွင် စတင်ထုတ်ယူနိုင်ပြီး (၁၆--၂၀၁၉) ရက် နောက်ဆုံးထား၍ တိုက်ရိုက်လျှောက်ထားရမည်။ လျှောက်လွှာများကို အစိုးရရုံးဖွင့်ရက်များတွင် ရုံးချိန်အတွင်း (နံနက် ၉ နာရီမှ ညနေ ၅ နာရီ) အထိ လျှောက်ထားရမည်ဖြစ်ပါသည်။

 

၆။ လျှောက်ထားသူများသည် အောက်ဖော်ပြပါ အချက်အလက်များကို လျှောက်လွှာနှင့်အတူ ပူးတွဲပေးပို့မှသာ ဝင်ခွင့်စာမေးပွဲဖြေဆိုရန် လက်ခံစဉ်းမည်ဖြစ်ပါသည်။

 

၇။ သတ်မှတ်ချက်များနှင့် ကိုက်ညီပြီး လျှောက်လွှာနှင့်အတူ တင်ပြရမည့်အချက်အလက်ပြည့်စုံသည့် လျှောက်ထားသူများသည် (--၂၀၁၉) ရက်နှင့် (--၂၀၁၉) ရက်များတွင် မြန်မာသတင်းအချက်အလက်နည်းပညာတက္ကသိုလ် စာစစ်ဌာနတွင် အရည်အချင်းစစ် ဝင်ခွင့်စာမေးပွဲ ဝင်ရောက်ဖြေဆိုကြရမည် ဖြစ်ပါသည်။

 

၈။ တက္ကသိုလ်ဝင်ခွင့်အတွက် ဝင်ခွင့်စာမေးပွဲရမှတ်နှင့် တက္ကသိုလ်ဝင်တန်းရမှတ်ကို ပူးတွဲစဉ်းစားမည်ဖြစ်ပြီး အောင်မြင်သူများကိုသာ လက်ခံသင်ကြားပေးမည်ဖြစ်ပါသည်။

 

Read More: တက္ကသိုလ်ဝင်တန်း အောင်လက်မှတ်များ ယနေ့စတင်ထုတ်ပေးနေပါပြီ

 

၉။ အရည်အချင်းစစ် ဝင်ခွင့်စာမေးပွဲသည် () နာရီမေးခွန်းဖြစ်ပြီး တက္ကသိုလ်ဝင်တန်းအဆင့် သင်္ချာ၊ အင်္ဂလိပ်စာ၊ ဓာတုဗေဒ၊ ရူပဗေဒ ဘာသာရပ်ဆိုင်ရာ မေးခွန်းများ ဖြေဆိုရမည်ဖြစ်ပါသည်။

 

၁၀။ ဖြေဆိုရမည့် ခုံအမှတ်များကို မြန်မာသတင်းအချက်အလက် နည်းပညာတက္ကသိုလ်၏ ကြော်ငြာသင်ပုန်းများနှင့် www.miit.dru.mm တွင် ကြော်ငြာ၍ ဖြေဆိုခွင့်ကတ်ပြားထုတ်ပေးမည် ဖြစ်ပါသည်။ ဖြေဆိုခွင့်ကတ်ပြားမရှိပါက စာမေးပွဲ ဝင်ရောက်ဖြေဆိုခွင့် လုံးဝ(လုံးဝ) ခွင့်ပြုမည်မဟုတ်ပါ။

 

၁၁။ အသေးစိတ်အချက်အလက်များကို www.miit.edu.mm တွင် လည်းကောင်း၊ ဖုန်းနံပါတ် ၀၉-၇၈၅၅၅၇၇၀၆ နှင့် ၀၉-၇၈၅၅၅၇၇၀၉ တို့သို့ လည်းကောင်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်။

 

Source: ကြေးမုံသတင်းစာ

 

News Read 5106 times