Sales Hotline : 09448001653       Download App



ကွန်ပျူတာတက္ကသိုလ်များ၏ ဝင်ခွင့်နှင့်ပေးအပ်မည့်ဘွဲ့

ကွန်ပျူတာတက္ကသိုလ်များ၏ ဝင်ခွင့်နှင့်ပေးအပ်မည့်ဘွဲ့

၁။ ၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် သင်္ချာ၊ ဓာတုဗေဒ၊ ရူပဗေဒ ဘာသာရပ်များ ပါဝင်သည့် ဘာသာတွဲတစ်ခုခုဖြင့် ဖြေဆိုအောင်မြင်သူများ လျှောက်ထားနိုင်ပါသည်။

 

၂။ ကွန်ပျူတာတက္ကသိုလ်(မန္တလေး) သို့ လျှောက်ထားပါက တက္ကသိုလ်ဝင်စာမေးပွဲတွင် စုစုပေါင်းရမှတ် (၄၀၀) မှတ်နှင့် အထက်ရရှိသူဖြစ်ရမည်။ ကျန်ကွန်ပျူတာတက္ကသိုလ်များသို့ လျှောက်ထားပါက စုစုပေါင်းရမှတ် (၃၆၀) မှတ်နှင့် အထက်ရရှိသူဖြစ်ရမည်။

 

၃။ ကွန်ပျူတာတက္ကသိုလ်များတွင် သတ်မှတ်ဦးရေပြည့်ပါက တိုင်းဒေသကြီး/ပြည်နယ်ပြင်ပမှ လျှောက်ထားသည့် ကျောင်းသားများအား သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီပါက စဉ်းစားပေးမည်။

 

၎။ သင်တန်းကာလ () နှစ်ဖြစ်၍ အထူးပြုဘာသာရပ်များအဖြစ် ကွန်ပျူတာသိပ္ပံနှင့် ကွန်ပျူတာနည်းပညာ ဘာသာရပ်များ သင်ကြားပေးမည် ဖြစ်ပြီး ကွန်ပျူတာသိပ္ပံဘွဲ့ (B.C.Sc)/ ကွန်ပျူတာနည်းပညာဘွဲ့ (B.C.Tech) အသီးသီးကို ပေးအပ်ချီးမြှင့်မည်ဖြစ်သည်။

 

Read More: ကွန်ပျူတာ တက္ကသိုလ် ရန်ကုန် နှင့် မန္တလေး ၀င်ခွင့်

 

၅။ ကွန်ပျူတာတက္ကသိုလ်များတွင် B.C,Sc/B.C.Tech ဘွဲ့ရရှိပြီး သတ်မှတ်အရည်အချင်းပြည့်မီစွာ အောင်မြင်ပါက သတ်မှတ်ထားသော ကွန်ပျူတာတွင် မဟာဘွဲ့များနှင့် ပါရဂူဘွဲ့များအထိ အဆင့်ဆင့်တက်ရောက်ခွင့်ရှိပါသည်။

 

(တက္ကသိုလ်လမ်းညွှန်စာအုပ်မှ ကိုးကားတင်ပြချက်ဖြစ်ပါသည်။)

 

www.edge.com.mm

 

News Read 3222 times