Sales Hotline : 09448001653       Download App



မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ် ဝင်ခွင့်သတ်မှတ်ချက်နှင့် ပေးအပ်မည့်ဘွဲ့

မြန်မာနိုင်ငံ ရေကြောင်းပညာတက္ကသိုလ် ဝင်ခွင့်သတ်မှတ်ချက်နှင့် ပေးအပ်မည့်ဘွဲ့

၁။ တက္ကသိုလ်ဝင်ခွင့်လျှောက်ထားသူနှင့် ၄င်း၏ မိဘ (၂) ဦးစလုံးသည် နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် (နိုင်)/(ပြု)/(ဧည့်) ကိုင်ဆောင်ထားသူဖြစ်ရပါမည်။

 

၂။ လုပ်ငန်းသဘောသဘာဝအရ အမျိုးသမီးဦးရေ (၂၀) ရာခိုင်နှုန်းအထိသာ လက်ခံနိုင်မည်ဖြစ်ပါသည်။

 

၃။ ကျန်းမာရေး (က) အဆင့်ရှိရပါမည်။

 

၎။ အမျိုးသမီးများသည် Marine Engineering နှင့် Nautical Science ဘာသာရပ်များမှ လွဲ၍ အခြားဘာသာရပ်များကို လျှောက်ထားခွင့်ရှိပါသည်။

 

၅။ သင်တန်းတက်ရောက်ခွင့်မပြုမီ မှန်ကန်စွာ အရောင်ခွဲခြားနိုင်မှု စွမ်းရည်ရှိရမည်။ Nautical Science ဘာသာရပ်အတွက် မျက်မှန်တပ်ဆင်သူများ လျှောက်ထားခွင့်မရှိပါ။

 

၆။ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်တွင် အောက်ဖော်ပြပါ ဘွဲ့သင်တန်းများကို ဖွင့်လှစ်ပို့ချမည် ဖြစ်ပါသည်။

 

** အထူးပြုဘာသာရပ် (NA) အတွက် လက်ခံမည်ဦးရေမှာ (၄၅) ဦး၊ ပေးအပ်မည့်ဘွဲ့မှာ B.E(NA) ဖြစ်ပါသည်။

** အထူးပြုဘာသာရပ် (MM) အတွက် လက်ခံမည်ဦးရေမှာ (၄၅) ဦး၊ ပေးအပ်မည့်ဘွဲ့မှာ B.E(MM) ဖြစ်ပါသည်။

** အထူးပြုဘာသာရပ် (ME) အတွက် လက်ခံမည်ဦးရေမှာ (၈၀) ဦး၊ ပေးအပ်မည့်ဘွဲ့မှာ B.E(ME) ဖြစ်ပါသည်။

** အထူးပြုဘာသာရပ် (PH) အတွက် လက်ခံမည်ဦးရေမှာ (၄၅) ဦး၊ ပေးအပ်မည့်ဘွဲ့မှာ B.E(PH) ဖြစ်ပါသည်။

** အထူးပြုဘာသာရပ် (RC) အတွက် လက်ခံမည်ဦးရေမှာ (၄၅) ဦး၊ ပေးအပ်မည့်ဘွဲ့မှာ B.E(RC) ဖြစ်ပါသည်။

** အထူးပြုဘာသာရပ် (MESE) အတွက် လက်ခံမည်ဦးရေမှာ (၆၀) ဦး၊ ပေးအပ်မည့်ဘွဲ့မှာ B.E(MESE) ဖြစ်ပါသည်။

** အထူးပြုဘာသာရပ် (NS) အတွက် လက်ခံမည်ဦးရေမှာ (၈၀) ဦး၊ ပေးအပ်မည့်ဘွဲ့မှာ B.Sc(Hons;)(NS) ဖြစ်ပါသည်။

 

** ဘွဲ့ဆိုင်ရာများအညွှန်းများကို ဖော်ပြပေးလိုက်ပါသည်။**

 

** B.E.(NA)----အင်ဂျင်နီယာဘွဲ့(ရေယာဉ်တည်ဆောက်မှု) Bachelor of Engineering(Naval Architecture)

** B.E.(MM)---အင်ဂျင်နီယာဘွဲ့(ရေကြောင်းစက်မှု) Bachelor of Engineering(Marine Mechanical)

** B.E.(ME)---အင်ဂျင်နီယာဘွဲ့(ရေကြောင်းအင်ဂျင်နီယာ)Bachelor of Engineering(Marine Engineering)

** B.E.(PH)---အင်ဂျင်နီယာဘွဲ့(ဆိပ်ကမ်းအင်ဂျင်နီယာ)Bachelor of  Engineering(Port and Harbour Engineering)

** B.E.(RC)---အင်ဂျင်နီယာဘွဲ့(မြစ်ချောင်းနှင့်ကမ်းရိုးတန်းအင်ဂျင်နီယာ) Bachelor of Engineering(River and Coastal Engineering)

** B.E.(MESE)---အင်ဂျင်နီယာဘွဲ့(ရေကြောင်းလျှပ်စစ်နှင့် အီလက်ထရောနစ်)Bachelor of Engineering(Marine Electrical Systems & Electronics)

** B.Sc.(Hons)(NS)---သိပ္ပံဂုဏ်ထူးဘွဲ့(ရေကြောင်းသိပ္ပံ)Bachelor of Science(Nautical Science)

 

အထက်ဖော်ပြပါ အင်ဂျင်နီယာဘွဲ့သင်တန်းနှင့် သိပ္ပံ(ဂုဏ်ထူး)ဘွဲ့သင်တန်းအားလုံးအတွက် ပညာသင့်ာလ (၅) နှစ် တက်ရောက်ရမည်ဖြစ်သည်။ ၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ရမှတ်ပေါ်မူတည်၍ အထူးပြုဘာသာရပ်များကို လိုင်းခွဲသွားမည်ဖြစ်ပါသည်။

 

၇။ ၂၀၁၉ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် အောက်ဖော်ပြပါ ဘာသာရပ်တွဲများဖြင့် အောင်မြင်သူများသာ လျှောက်ထားခွင့်ရှိမည်ဖြစ်ပါသည်။

(က) မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ဘောဂဗေဒ

(ခ) မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေ

(ဂ) မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊ ပထဝီဝင်

(ဃ) မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒ၊

 

၈။ ပညာသင်ကာလအတွင်း Workshop Skills ၊ သတ်မှတ်ထားသော ပင်လယ်ပြင်လုပ်သက်နှင့် တက္ကသိုလ်ပြင်ပတွင် တက်ရောက်ရမည့် အခြားသင်တန်းများကို ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည့် စည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ မိမိအစီအစဉ်ဖြင့် ဆောင်ရွက်ရမည်ဖြစ်ပါသည်။

 

၉။ မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်သို့ လျှောက်ထားလိုသူများသည် သတင်းစာများတွင် သီးခြားကြော်ငြာ၍ လျှောက်လွှာခေါ်ယူမည် ဖြစ်ပါသဖြင့် တက္ကသိုလ်သို့ တိုက်ရိုက်လျှောက်ထားကြရမည် ဖြစ်ပါသည်။

 

**သတင်းစားများတွင် သီးခြားကြော်ငြာခေါ်ယူ၍ တိုက်ရိုက်လျှောက်ထားရမည့်တက္ကသိုလ်ဖြစ်ပါသည်။**

 

(တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်စာအုပ်မှ ကိုးကားတင်ပြခြင်းဖြစ်ပါသည်။)

 

www.edge.com.mm

 

News Read 2949 times