Sales Hotline : 09448001653       Download App



နိုင်ငံခြားဘာသာ တက္ကသိုလ် ရန်ကုန်နှင့် မန္တလေး ၀င်ခွင့်

နိုင်ငံခြားဘာသာ တက္ကသိုလ် ရန်ကုန်နှင့် မန္တလေး ၀င်ခွင့်

ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ်
***********************
၂၀၁၉ ခုနှစ်တွင် ကျင်းပခဲ့သော တက္ကသိုလ်ဝင် စာမေးပွဲကို အောင်မြင်သူ ဖြစ်ရမည်။

မေဂျာ ဘာသာရပ်များမှာ အင်္ဂလိပ်၊ တရုတ်၊ ပြင်သစ်၊ ဂျာမန်၊ ဂျပန်၊ ကိုရီးယား၊ ရုရှားနှင့် ထိုင်းတို့ ဖြစ်သည်။

သင်ကြားသည့် ဘာသာရပ် ၈ ခုရှိပြီး လျှောက်လွှာတွင် ဦးစားပေး ဘာသာရပ် ၈ ခုအထိ ရွေးချယ် လျှောက်ထားနိုင်သည်။

အင်္ဂလိပ်စာ ဘာသာရပ်အတွက် ၁၅၀ ဦး လက်ခံသင်ကြားမည် ဖြစ်ပြီး ကျန်ဘာသာရပ်များအတွက် ဘာသာရပ်တစ်ခုလျှင် ၁၀၀ ဦးစီ လက်ခံသင်ကြားမည် ဖြစ်သည်။
ဝင်ခွင့်လက်ခံနိုင်သည့် ပထမဦးစားပေး ဘာသာရပ်၏ လက်ခံနိုင်သည့် ဦးရေထက် ကျော်လွန်ပါက ကျန်ဦးစားပေး ဘာသာရပ်ကို ဦးစားပေး အစီအစဥင်္အတိုင်း ဆက်လက် စဉ်းစား ရွေးချယ်ပေးမည်။

အင်္ဂလိပ်စာ ဘာသာရပ်ကို လျှောက်ထားလိုသူများသည် တက္ကသိုလ်ဝင်တန်း စာမေးပွဲ၌ အင်္ဂလိပ် ဘာသာရပ် ရမှတ် ၆၅ နှင့် အထက် ရရှိထားသူ ဖြစ်ရမည်ဖြစ်ပြီး စုစုပေါင်း ရမှတ် ၄၀၀ နှင့် အထက် ရရှိသူ ဖြစ်ရမည်။
ကျန်ဘာသာရပ်များအတွက် ဤသို့သော သတ်မှတ်ချက် မရှိပါ။
ဝင်ခွင့် လျှောက်လွာများကို ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ်သို့ “တိုက်ရိုက်” လျှောက်ထားရမည်။
သင်တန်းကာလမှာ ၄ နှစ် ဖြစ်ပြီး B.A ဘွဲ့ အပ်နှင်းမည်။

အသေးစိတ် သိရှိလိုပါက
ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ်
ဒုတိယပါမောက္ခချုပ်(စီမံ) ၀၉၅၀၅၁၉၆၆
ဌာနမှူး(သင်တန်း) ၀၉၅၁၅၇၂၀၈ ၀၉၄၂၈၀၀၄၆၆၅
ရုံးချိန်အတွင်း ဖုန်းဆက် မေးမြန်းနိုင်ပါသည်။

မန္တလေး နိုင်ငံခြားဘာသာ တက္ကသိုလ်
***********************
၂၀၁၉ ခုနှစ်တွင် ကျင်းပခဲ့သော တက္ကသိုလ်ဝင် စာမေးပွဲကို အောင်မြင်သူ ဖြစ်ရမည်။

မေဂျာ ဘာသာရပ်များမှာ အင်္ဂလိပ်၊ တရုတ်၊ ပြင်သစ်၊ ဂျာမန်၊ ဂျပန်၊ ကိုရီးယား၊ ရုရှားနှင့် ထိုင်းတို့ ဖြစ်သည်။

သင်ကြားသည့် ဘာသာရပ် ၈ ခုရှိပြီး လျှောက်လွှာတွင် ဦးစားပေး ဘာသာရပ် ၈ ခုအထိ ရွေးချယ် လျှောက်ထားနိုင်သည်။

အင်္ဂလိပ်စာ ဘာသာရပ်နှင့် ဂျပန်ဘာသာရပ်တို့အတွက် ၇၀ ဦးဟီ လက်ခံသင်ကြားမည် ဖြစ်ပြီး

ကျန်ဘာသာရပ်များအတွက် ဘာသာရပ်တစ်ခုလျှင် ၅၀ ဦးစီ လက်ခံသင်ကြားမည် ဖြစ်သည်။
ဝင်ခွင့်လက်ခံနိုင်သည့် ပထမဦးစားပေး ဘာသာရပ်၏ လက်ခံနိုင်သည့် ဦးရေထက် ကျော်လွန်ပါက ကျန်ဦးစားပေး ဘာသာရပ်ကို ဦးစားပေး အစီအစဥင်္အတိုင်း ဆက်လက် စဉ်းစား ရွေးချယ်ပေးမည်။

အင်္ဂလိပ်စာ ဘာသာရပ်ကို လျှောက်ထားလိုသူများသည် တက္ကသိုလ်ဝင်တန်း စာမေးပွဲ၌ အင်္ဂလိပ် ဘာသာရပ် ရမှတ် ၆၀ နှင့် အထက် ရရှိထားသူ ဖြစ်ရမည်ဖြစ်ပြီး စုစုပေါင်း ရမှတ် ၄၀၀ နှင့် အထက် ရရှိသူ ဖြစ်ရမည်။
ကျန်ဘာသာရပ်များအတွက် ဤသို့သော သတ်မှတ်ချက် မရှိပါ။
ဝင်ခွင့် လျှောက်လွာများကို မန္တလေး နိုင်ငံခြားဘာသာ တက္ကသိုလ်သို့ “တိုက်ရိုက်” လျှောက်ထားရမည်။
သင်တန်းကာလမှာ ၄ နှစ် ဖြစ်ပြီး B.A ဘွဲ့ အပ်နှင်းမည်။

အသေးစိတ် သိရှိလိုပါက
မန္တလေး နိုင်ငံခြားဘာသာတက္ကသိုလ်
ကျောင်းသားရေးရာ ဌာန ၀၉၃၃၀၃၉၉၇၅၊ ၀၂၄၀၂၆၁၄၀၂
ရုံးချိန်အတွင်း ဖုန်းဆက် မေးမြန်းနိုင်ပါသည်။

edge.com.mm

(တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်စာအုပ်မှ ကိုးကားတင်ပြချက်ဖြစ်ပါသည်။)

Tips Read 2816 times