Sales Hotline : 09448001653       Download App



ဘူမိဗေဒ Geology ၀င်ခွင့်

ဘူမိဗေဒ Geology ၀င်ခွင့်

ဘူမိဗေဒ Geology ဘဘာသာရပ်ကို ရန်ကုန်တက္ကသိုလ်နှင့် မန္တလေးတက္ကသိုလ်တို့တွင် သင်ကြားပေးသည်။ သို့သော် ထူးချွန်ကျောင်းသူကျောင်းသားများကို သာ လက်ခံသည် ဖြစ်ပေရာ ရန်ကုန်တက္ကသိုလ်တွင် ဘူမိဗေဒ သင်ယူရန် လျှောက်ထားသူသည် ရူပဗေဒတွင် အနိမ့်ဆုံးရမှတ် ၇၀ ၊ ဓာတုဗေဒတွင် အနိမ့်ဆုံး ရမှတ် ၇၀ ရရှိထားရမည်ဖြစ်သည့်အပြင် စုစုပေါင်း ရမှတ်သည် အနိမ့်ဆုံး ၄၀၀ ရရှိရမည်ဟု သတ်မှတ်ထားသည်။
မန္တလေးတက္ကသိုလ်တွင် စုစုပေါင်း ရမှတ် ၃၅၀ အနိမ့်ဆုံး ရရှိထားသူ ဖြစ်ရမည်။
ထို တက္ကသိုလ်နှစ်ခုအပြင် အခြား တက္ကသိုလ် စုစုပေါင်း ၂၉ ခုတို့တွင် သင်ကြားပေးသည်။
၎င်းတက္ကသိုလ်များမှာ
မော်လမြိုင် တက္ကသိုလ်၊ တောင်ကြီး တက္ကသိုလ်၊ ဒဂုံ တက္ကသိုလ်၊ မကွေး တက္ကသိုလ်၊ ပုသိမ် တက္ကသိုလ်၊ စစ်တွေ တက္ကသိုလ်၊ မုံရွာ တက္ကသိုလ်၊ မြစ်ကြီးနား တက္ကသိုလ်၊ တောင်ငူ တက္ကသိုလ်၊ ပြည် တက္ကသိုလ်၊ ထားဝယ် တက္ကသိုလ်၊ ရတနာပုံ တက္ကသိုလ်၊ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်၊ မိတ္ထိလာ တက္ကသိုလ်၊ ပခုက္ကူ တက္ကသိုလ်၊ ကျောက်ဆည် တက္ကသိုလ်၊ ဟင်္သာတ တက္ကသိုလ်၊ ပင်လုံ တက္ကသိုလ်၊ မအူပင် တက္ကသိုလ်၊ ဘားအံ တက္ကသိုလ်၊ ကလေး တက္ကသိုလ်၊ မြိတ် တက္ကသိုလ်၊ လွိုင်ကော် တက္ကသိုလ်၊ လားရှိုး တက္ကသိုလ်၊ ကျိုင်းတုံ တက္ကသိုလ်၊ ဗန်းမော် တက္ကသိုလ်၊ ပဲခူး တက္ကသိုလ်၊ ရွှေဘို တက္ကသိုလ်
တို့ ဖြစ်ပါသည်။

သင်တန်းကာလမှာ ၄ နှစ် ဖြစ်သည်။
လူတွေ့ စစ်ဆေးခြင်း ခံရမည်။
သတ်မှတ်ထားသော စည်းမျဉ်းနှင့်အညီ မိုင် (၂၀) လမ်းလျှောက်နိုင်ရမည်။
အမျိုးသမီးဦးရေကို တက္ကသိုလ်အလိုက်ဝင်ခွင့်ပြုဦးရေ၏ ၁၀% အထိသာ လက်ခံမည်။

Tips Read 4175 times