Sales Hotline : 09448001653       Download App



ယခုနှစ် ရန်ကုန်တက္ကသိုလ်သို့ ကျောင်းသား/သူ (၂၀၀၀) ကျော်ဝင်ခွင့်ပြုမည်

ယခုနှစ် ရန်ကုန်တက္ကသိုလ်သို့ ကျောင်းသား/သူ (၂၀၀၀) ကျော်ဝင်ခွင့်ပြုမည်

ယခုနှစ် ရန်ကုန်တက္ကသိုလ်ဝင်ခွင့်ကို ကျောင်းသား/သူ (၂၀၀၀) ကျော် ခွင့်ပြုမည်ဖြစ်ပြီး နိုင်ငံတကာဆက်ဆံရေးပညာရပ်မှာ ဘာသာရပ် (၂၆) ခုထဲတွင် အမှတ်အမြင့်ဆုံး ဖြစ်ကြောင်းသိရပါသည်။

 

၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲအောင် ကျောင်းသား/သူများအနေဖြင့် ရန်ကုန်တက္ကသိုလ်ကို တိုက်ရိုက်လျှောက်ထားနိုင်ပြီး ရန်ကုန်တက္ကသိုလ်တွင် ဖွင့်လှစ်သင်ကြားနေသည့် ဘာသာရပ် (၂၆) ခုအတွက် ကျောင်းသား/သူ စုစုပေါင်း (၂၁၃၀) ဦးဝင်ခွင့်ပေးမည်ဖြစ်ကြောင်း၊ ဘာသာရပ် (၂၆) ခုထဲတွင် နိုင်ငံတကာဆက်ဆံရေး ပညာဘာသာရပ်ကို လျှောက်ထားမည်ဆိုပါက တက္ကသိုလ်ဝင် စာမေးပွဲ ရမှတ်စုစုပေါင်း (၄၇၀) ရရှိပြီး အင်္ဂလိပ်စာတွင် (၇၀) ရရှိသူများသာ လျှောက်ထားနိုင်မည်ဖြစ်ကြောင်း တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်အရ သိရပါသည်။

 

ရန်ကုန်တက္ကသိုလ်ကို ရန်ကုန်အပြင် အခြားတိုင်းဒေသကြီး၊ ပြည်နယ်များမှ ကျောင်းသား/သူများလည်း လျှောက်ထားနိုင်မည်ဖြစ်ပြီး သတ်မှတ်ချက်နှင့် ကိုက်ညီသော ဦးစားပေးဘာသာရပ်သုံးခုကိုသာ လျှောက်ထားခွင့်ရှိမည်ဖြစ်ကြောင်း၊ ဝေးလံခေါင်ဖျားဒေသမှ လျှောက်ထားမည့် ကျောင်းသား/သူများ၏ ခွဲတမ်းကို ဘာသာရပ်အသီးသီးတွင် လက်ခံမည့်ဦးရေ၏ () ရာခိုင်နှုန်းကိုဝင်ခွင့်ပေးမည်ဖြစ်ကြောင်း၊ ဝင်ခွင့်ကို အရည်အချင်းစစ် လူတွေ့၊ နှုတ်ဖြေစာမေးပွဲဖြင့် ရွေးချယ်မည် ဖြစ်ကြောင်း သိရပါသည်။

 

Read More:၂၀၁၉ ခုနှစ် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်မှ ဝင်ခွင့်ဆိုင်ရာ အနိမ့်ဆုံးသတ်မှတ်ရမှတ်များ စုစည်းမှု

 

ရန်ကုန်တက္ကသိုလ်၏ ဘူမိဗေဒဘာသာရပ်ကို လျှောက်ထားမည့်သူများအနေဖြင့် လူတွေ့၊ နှုတ်ဖြေစာမေးပွဲအပြင် သတ်မှတ်ထားသော စဉ်းမျဉ်းနှင့်အညီ မိုင် (၂၀) လမ်းလျှောက်နိုင်မည်ဖြစ်ကြောင်း ရန်ကုန်တက္ကသိုလ်တွင် နှစ်စဉ်လျှောက်ထားမှုနည်းပါးလေ့ရှိသည့် ဘာသာရပ်နှစ်ခုဖြစ်သော မြန်မာမှုဘာသာရပ်နှင့် အရှေ့တိုင်းပညာဘာသာရပ်တို့၏ ဝင်ခွင့်အမှတ်မှာ တက္ကသိုလ်ဝင်စာမေးပွဲ ရမှတ်စုစုပေါင်း (၃၆၀) ရရှိရန် သတ်မှတ်ထားပါသည်။

 

ရန်ကုန်တက္ကသိုလ်တွင် တက်ရောက်ခွင့်ရရှိမည့် သူများစာရင်းကို www.uy.edu.mm တွင် လည်းကောင်း၊ ရန်ကုန်တက္ကသိုလ် ကျောင်းသားရေးရာဌာနတွင် လည်းကောင်း ကြေညာပေးမည်ဖြစ်ပါသည်။

 

Source: Democracy

 

 

News Read 1824 times