Sales Hotline : 09448001653       Download App



ပညာရေး ဒီဂရီ ကောလိပ်ဝင်ခွင့်ကို တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာဖြင့်သာ လျှောက်ရမည်

ပညာရေး ဒီဂရီ ကောလိပ်ဝင်ခွင့်ကို   တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာဖြင့်သာ လျှောက်ရမည်

၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ပညာရေးကောလိပ်များကို လေးနှစ်သင် ပညာရေးဒီဂရီကောလိပ်အဖြစ် ပြောင်းလဲလိုက်သည့်အတွက်ယင်းဝင်ခွင့်အတွက် သီးသန့်မခေါ်ယူတော့ဘဲတက္ကသိုလ်ဝင်ခွင့်လျှောက်လွှာမှတစ်ဆင့် တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်အတိုင်း လျှောက်ထားရမည်
ဖြစ်သည်။ တစ်နိုင်ငံလုံးတွင် ပညာရေးဒီဂရီ စုစုပေါင်း ၂၅ ခု ရှိမည် ဖြစ်ပြီး ကျောင်းသူကျောင်းသား စုစုပေါင်း ၃၀၀ကျော်ကို ခေါ်ယူမည်။
ပညာရေး ဒီဂရီကောလိပ်များသည် အဆောင်နေခွင့် ရခြင်း၊ ဆရာဆရာမ ဖြစ်လာမည့်သူများ ဖြစ်သဖြင့် အစိုးရမှ ထောက်ပံ့ခြင်း၊ B.A Education သို့မဟုတ် B.Sc Education ဘွဲ့ရပြီးပါက အလုပ်တန်းရမည်ဖြစ်ခြင်းတို့ကြောင့် စိတ်ဝင်စားမှု မြင့်မားသည်။

၂ နှစ်သင်ပြီး ဒီပလိုမာ အပ်နှင်းခြင်းအစား ၄ နှစ်သင်ပြီး ဘွဲ့အပ်နှင်းမည် ဖြစ်ပြီး ယခင်ကကဲ့သို့ သီးခြားလျှောက်လွှာ ခေါ်ယူမည် မဟုတ်တော့ဘဲ ဟုတ်ဘဲ တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာမှတစ်ဆင့်သာ လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။ သို့ဖြစ်ရာ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ၄နှစ်သင်ပညာရေး ဒီဂရီကောလိပ်များသို့ ဝင်ခွင့်လျှောက်ထားလိုပါက တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာဖြင့်သာ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်ပါအတိုင်းတက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေးအဖွဲ့သို့ လိပ်မူကာ လျှောက်ထားရမည်ဖြစ်ကြောင်း သိရသည်။

Source The Standards Times

 

ဆက်စပ် ဖတ်ရှုရန် နှိပ်ပါ

၎နှစ်သင် စတင်တော့မည့် ပညာရေး ဒီဂရီကောလိပ် ပညာရေး

Tips Read 2696 times