Sales Hotline : 09448001653       Download App



၂၀၁၉ တက္ကသိုလ်ဝင်တန်းတွင် ထူးချွန်စွာအောင်မြင်သူများကို KMD မှပညာတော်သင်ဆုပေးမည်

၂၀၁၉ တက္ကသိုလ်ဝင်တန်းတွင် ထူးချွန်စွာအောင်မြင်သူများကို KMD မှပညာတော်သင်ဆုပေးမည်

KMD Institute မှ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် မြန်မာတစ်နိုင်ငံလုံးအမှတ်အများဆုံးဆု (The whole Burma first 2019) ရရှိခဲ့သူ မောင်ကျော်လင်းသန်း ကို KMD Institute တွင် University of Greenwich (UK) ၏ ပထမနှစ် International Computing Diploma သင်တန်းတက်ရောက်နိုင်ရန်အတွက် Full Scholarship ပညာ​တော်သင်ဆု (သင်တန်းကြေး ၁၀၀% အပြည့်) ကျပ် (၃၅)သိန်း ကိုဂုဏ်ယူဝမ်း​​မြောက်စွာဖြင့် ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

 

KMD Institute Scholarship တက္ကသိုလ်ဝင်တန်းအောင်မြင်သူများအတွက် ပညာတော်သင်ဆုကို ၂၀၁၈ - ၂၀၁၉ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင်ထူးချွန်စွာ အောင်မြင်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများ အတွက် KMD Institute မှ IT & Businessနှင့်ပတ်သက်သော Diploma သင်တန်းများအတွက် ပညာတော် သင်ဆုများကို အောက်ပါအတိုင်းပေးအပ်ချီးမြှင့်သွားပါမည်။

 

ဂုဏ်ထူးရဘာသာရပ်သင်တန်းကြေးကင်းလွတ်ခွင့်


ဘာသာစုံ ဂုဏ်ထူးရှင် (၂၅) သိန်း
၅ ဘာသာ ဂုဏ်ထူးရှင် (၂၀) သိန်း
၎ ဘာသာ ဂုဏ်ထူးရှင် (၁၂) သိန်း
၃ ဘာသာ ဂုဏ်ထူးရှင် () သိန်း
၂ ဘာသာ ဂုဏ်ထူးရှင် () သိန်း
၁ ဘာသာ ဂုဏ်ထူးရှင် () သိန်း

၂၀၁၈ - ၂၀၁၉ တက္ကသိုလ်ဝင်တန်း မြန်မာတစ်နိုင်ငံလုံးတွင်အမှတ်အများဆုံး (Top 10) ၀င်သောကျောင်းသား၊ ကျောင်းသူများအတွက် Full Scholarship ပေးအပ်ချီးမြှင့်မည်ဖြစ်ပါသည်။

 

ပညာတော်သင်ဆုဖြင့် တက်ရောက်နိုင်သောသင်တန်းများမှာ -


**First Year Diploma in Computing (NCC, UK) နှင့်
**First Year Diploma in Business IT (NCC, UK)
သင်တန်းများအတွက် သင်တန်းကြေး ကင်းလွတ်ခွင့်များ ရရှိမည် ဖြစ်ပါသည်။

 

Read More: ပညာရေးဒီဂရီကောလိပ်များမှ ကျောင်းသား (၃၀၀၀) ကျော်သာခေါ်ယူမည်

 

Higher National Diploma (SQA, UK) သင်တန်းအတွက် ပညာတော်သင်ဆု အနေဖြင့် ၂၀၁၈-၂၀၁၉ တက္ကသိုလ်ဝင်တန်း အောင်မြင်သူတိုင်း () သိန်းကျပ်တိတိ သင်တန်းကြေးကင်းလွတ်ခွင့် ရရှိမည်ဖြစ်ပါသည်။


Scholarship နှင့် ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် ၀၉-၇၇၀၈၆၇၉၀၃၊၀၁-၇၀၀၈၉၅၊ ၅၃၄၁၇၀၊ ၅၀၂၂၃၃၊ ကိုဆက်သွယ် မေးမြန်းနိုင်ပါသည်။

 

Source: KMD

 

 

News Read 2593 times