Sales Hotline : 09448001653       Download App



တက္ကသိုလ်ဝင်ခွင့် လျှောက်ထားမည့်သူများ အဆင်ပြေစေရန် ရှင်းလင်းပွဲများ ပြုလုပ်မည်

တက္ကသိုလ်ဝင်ခွင့် လျှောက်ထားမည့်သူများ အဆင်ပြေစေရန် ရှင်းလင်းပွဲများ ပြုလုပ်မည်

တက္ကသိုလ်ဝင်ခွင့် လျှောက်ထားမည့် ကျောင်းသား/သူများ အဆင်ပြေစွာ လျှောက်ထားနိုင်ရန်အတွက် ရှင်းလင်းပွဲများ ပြုလုပ်မည်ဖြစ်ကြောင်း သိရပါသည်။

 

၂၀၁၉ ခုနှစ်တက္ကသိုလ်ဝင် စာမေးပွဲအောင် ကျောင်းသား/ကျောင်းသူများ လျှောက်ထားမည့် တက္ကသိုလ်ဝင်ခွင့်ကို အခက်အခဲမရှိဘဲ လျှောက်ထားနိုင်စေရေး၊ မိမိတို့ဝါသနာပါရာ ဘာသာရပ်များ အကြောင်း၊ မိမိတို့တက်ရောက်လိုသော တက္ကသိုလ်ကောလိပ်များအကြောင်း၊ တက္ကသိုလ်ဝင်ခွင့်လျှောက်ထားပုံ နည်းလမ်းများအကြောင်း ကိုတိုင်းဒေသကြီး ပြည်နယ်အသီးသီးရှိ တက္ကသိုလ်များက ရှင်းလင်းပွဲများ ပြုလုပ်ပေးမည်ဖြစ်ရာ ကျောင်းသား/သူ များနှင့် မိဘများတက်ရောက်နိုင်မည် ဖြစ်ကြောင်းကို အဆင့်မြင့်ပညာဦးစီးဌာနမှ သိရှိရပါသည်။

 

သူတို့ဝင်ခွင့်လမ်းညွှန်တွေ ထုတ်ပြီး တစ်ပတ်၊ ဆယ်ရက်လောက်နေရင်တော့ ကျွန်တော်တို့ ဘက်ကရှင်းတော့မယ်။ အခြေခံကျွန်တော်တို့ ညှိထားပါတယ်။ ဝင်ခွင့်စာအုပ်တွေကို ကျွန်တော်တို့ဆီကနေ အခြေခံကို လွှဲမှာ အခြေခံပညာကျောင်းတွေမှာ ဝင်ခွင့်လမ်းညွှန်ထုတ်တဲ့အချိန်ကျရင် ကျောင်းအုပ်တွေက သူတို့ကို ဘယ်နေ့ ဘယ်ချိန်၊ ဘယ်နေရာကို လာခဲ့ပါဆိုပြီး မှာလိုက်မှာ" ဟုအဆင့်မြင့်ပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်အောင်က ဒီမိုကရေစီတူဒေးသို့ ဇူလှိုင်(၁၃) ရက်ကပြောကြားခဲ့ပါသည်။

 

ယခုနှစ်တွင် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားမည့် ကျောင်းသား/သူများအနေဖြင့် ဝင်ခွင့်လျှောက်လွှာများတွင် ဦးစားပေးဘာသာရပ် ပထမဆုံးနေရာတွင် ဖြည့်သွင်းသော တက္ကသိုလ်တစ်ခုတည်းတွင်သာ တက္ကသိုလ်တစ်ခုတည်းတွင်သာ လျှောက်လွှာတင်သွင်းရမည်ဖြစ်ပြီး ကျောင်းသားတစ်ဦးလျှင် လျှောက်လွှာတစ်စောင်သာ ရရှိမည်ဖြစ်ကြောင်းသိရှိရပါသည်။

 

Read More: (၁၀) တန်းအမှတ်စာရင်း ထုတ်ယူရန်လိုအပ်သည်များ နှင့်လိပ်စာအပြည့်အစုံ

 

ယခင်နှစ်ကစတင်ပြီး တက္ကသိုလ်ဝင်ခွင့်ကို သီးခြားခေါ်ယူသော တက္ကသိုလ် (၁၁) ခုကို ခွဲထုတ်ကာ လျောက်ထားခွင့်ပြုခဲ့သည့်အတွက် ကျောင်းသား/သူများသည် တက္ကသိုလ်နှစ်ခု၊ သုံးခု အထိ လျှောက်လွှာများတင်ခဲ့ရာ ဝင်ခွင့်လွဲချော်မှုများ ရှိခဲ့ကြောင်း၊ ယခုနှစ်တွင် ယင်းကဲ့သို့ မဖြစ်စေရန် တက္ကသိုလ်တစ်ခုတည်းတွင်သာ လျှောက်ထားခွင့်ပေးခြင်း ဖြစ်ကြောင်းသိရှိရပါသည်။

 

ယခုနှစ်တွင် သီးခြားခေါ်ယူမည့် တက္ကသိုလ်အရေအတွက်မှာ (၁၄) ကျောင်းအထိ ရှိမည်ဖြစ်ကြောင်း သိရှိရပါသည်။

 

Source: Democracy

 

News Read 1822 times