Sales Hotline : 09448001653       Download App



ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၌ မြန်မာဘာသာလာရောက်သင်ကြားမှုတွင် တရုတ်နိုင်ငံသားများ အများဆုံးဖြစ်

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၌ မြန်မာဘာသာလာရောက်သင်ကြားမှုတွင် တရုတ်နိုင်ငံသားများ အများဆုံးဖြစ်

ထိုတက္ကသိုလ်တွင် နိုင်ငံတကာကျောင်းသားများသည် မြန်မာဘာသာနှင့်ပတ်သက်၍ ပြည်တွင်း၌ လာရောက်သင်ကြားရန် စိတ်ဝင်စားမှုများပြားလှပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

လက်ရှိတက်ရောက်လျက်ရှိသော အထူးပြုဘာသာရပ်များ၏ ကျောင်းသားဦးရေသည် မြန်မာဘာသာ ၂၄၉ ဦး၊ တရုတ်ဘာသာ ၃၉၆ ဦး၊ အင်္ဂလိပ်ဘာသာ ၄၄၀ ဦး၊ အီတာလျံဘာသာ ၂၈ ဦး၊ ပြင်သစ်ဘာသာ ၄၅၁ ဦး၊ ဂျာမန်ဘာသာ ၃၂၄ ဦး၊ ဂျပန်ဘာသာ ၆၂၉ ဦး၊ ကိုရီးယားဘာသာ ၅၂၆ ဦး၊ အထွေထွေဘာသာဗေဒ ၁၄ ဦး၊ ရုရှားဘာသာ ၃၅၂ ဦးနှင့် ထိုင်းဘာသာ ၂၅၉ ဦးတို့ ရှိပါတယ်။

မြန်မာဘာသာလာရောက်သင်ကြားသော ပြည်ပနိုင်ငံသားများသည် ပြည်တွင်း၌ စီးပွားရေးလုပ်ငန်းများ လာရောက်လုပ်ကိုင်လိုသူများပြီး မြန်မာဘာသာစိတ်ဝင်စားသူများအတွက် စီးပွားရေးလုပ်ငန်းသုံးမြန်မာစကား ဘာသာရပ်ကို အသစ်ထပ်မံတိုးချဲ့သင်ကြားပေးနိုင်ရန် သင်ရိုးညွှန်းတမ်းကိုလည်း ရေးဆွဲလျက်ရှိပါတယ်။

၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် မြန်မာဘာသာဌာန၌ ပြည်ပမှ မြန်မာဘာသာ လာရောက်သင်ယူသော ကျောင်းသား၊ ကျောင်းသူများသည် တောင်ကိုရီးနိုင်ငံမှ ၇၃ ဦး၊ ဂျပန်နိုင်ငံမှ ၂၈ ဦး၊ တရုတ်နိုင်ငံမှ ၁၁၂ ဦး၊ ထိုင်းနိုင်ငံမှ ၉ ဦး၊ ဗီယက်နမ်နိုင်ငံမှ ၄ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ၂ ဦး၊ မက္ကဆီကိုနိုင်ငံမှ ၃ ဦး၊ အိန္ဒိယနိုင်ငံမှ ၈ ဦး၊ လာအိုနိုင်ငံမှ ၃ ဦး၊ အီတလီနိုင်ငံမှ ၂ ဦး၊ အမေရိကန်နိုင်ငံမှ ၁ ဦးဖြင့် စုစုပေါင်း ၂၄၃ ဦး ရှိပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: မြ၀တီ

Government School Read 4577 times