Sales Hotline : 09448001653       Download App



ဘာသာရပ် (၁၆) ခုကို ဘွဲ့လွန်ဒီပလိုမာသင်တန်းများအဖြစ် အွန်လိုင်းဖြင့်ပို့ချမည်

ဘာသာရပ် (၁၆) ခုကို ဘွဲ့လွန်ဒီပလိုမာသင်တန်းများအဖြစ် အွန်လိုင်းဖြင့်ပို့ချမည်

ရန်ကုန်အဝေးသင်တက္ကသိုလ်တွင် ဘာသာရပ် (၁၆) ခုကို ဘွဲ့လွန်ဒီပလိုမာသင်တန်းများအဖြစ် အွန်လိုင်းဖြင့် ပို့ချနိုင်တော့မည် ဖြစ်ကြောင်းသိရပါသည်။

 

ရန်ကုန်အဝေးသင်တက္ကသိုလ်တွင် လက်ရှိအွန်လိုင်းဖြင့် ပို့ချနေသော ဥပဒေသင်တန်းများအပြင် မြန်မာစာ၊ အင်္ဂလိပ်စာ၊ သမိုင်း၊ ပထဝီ၊ စိတ်ပညာ၊ ဒဿနိကဗေဒ၊ အရှေ့တိုင်းပညာ၊ စီးပွားရေးပညာ၊ ဓာတုဗေဒ၊ ရူပဗေဒ၊ သင်္ချာ၊ Zoology? ရုက္ခဗေဒ ဘသာရပ်များကိုလည်း အွန်လိုင်းဖြင့် ဖွင့်လှစ်ပို့ချကြောင်း၊ ယင်းကဲ့သို့ အွန်လိုင်းဖြင့် ဖွင့်လှစ်ပို့ချရန်အတွက် သင်ရိုးညွှန်းတမ်းများကို ကိုယ်ပိုင်ရေးဆွဲထားသော သင်ရိုးညွှန်းတမ်းများဖြင့်သာ သင်ကြားမည်ဖြစ်ကြောင်း ရန်ကုန်အဝေးသင်တက္ကသိုလ်မှ သိရပါသည်။

 

အကုန်လုံးအွန်လိုင်းနဲ့ပဲပို့ချမှာပါ။ ကျောင်းအပ်တာလည်း အွန်လိုင်းကနေပဲ စာရင်းသွင်းတာတွေ လုပ်ရပါမယ်။ အဆိုင်းမန့်တင်တာလည်း အွန်လိုင်းနဲ့ပဲ၊ စာမေးပွဲဖြေတာလည်း အွန်းလိုင်းနဲပဲ၊ အနီးကပ်သင်တန်းတွေလည်း ထားပေးမယ် ဆိုပေမယ့် လာမတက်လည်းရတယ်။ ဘွဲ့ကတော့ ဘယ်လိုမျိုးပေးမလဲဆိုတာတော့ မသိသေးဘူး။ ဖွင့်ဖို့တော့နီးပြီး၊ ဖွင့်မယ့်အချိန်ကျရင် ကြေညာမှာပါ" ဟုရန်ကုန်တက္ကသိုလ် သင်တန်းရေးရာဌာနမှ ဌာနမှူးဦးအောင်ခိုင်သန်းကပြောကြားပါသည်။

 

Read More: **တက္ကသိုလ်ဝင်ခွင့် လက်ခံရေးအတွက် စတင်ဆွေးနွေး**

 

လက်ရှိတွင် ရန်ကုန်အဝေးသင်တက္ကသိုလ်မှ အွန်လိုင်းဖြင့် ဖွင့်လှစ်ပို့ချနေသော သင်တန်းများမှာ Post Graduate Diploma in Law, Oya’ynm? ဥပဒေပညာမဟာဘွဲ့တို့ကို ပို့ချနေကြောင်း လက်ရှိတွင် ရန်ကုန်အဝေးသင်တက္ကသိုလ်သည် အဝေးသင်ကျောင်းသား/သူ များနှင့် သက်ဆိုင်သောကိစ္စရပ်များကို တက္ကသိုလ်အသီးသီးသို့ လုပ်ပိုင်ခွင့်များ လွှဲပြောင်းထားရသည့်အတွက် အွန်လိုင်းသင်တန်းများ ပိုမိုဖွင့်လှစ်ရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရပါသည်။

 

ရန်ကုန်အဝေးသင်တက္ကသိုလ်တွင် အွန်လိုင်းဒီပလိုမာ ဥပဒေ (၁၀) လသင်တန်းကို ၂၀၁၂ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ပြီး ဥပဒေပညာဘွဲ့ သင်တန်း() နှစ်ကို ၂၀၁၃ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့ကြောင်း၊ ယင်းသင်တန်းများအတွက် ရန်ကုန်အဝေးသင်များအတွက် ရန်ကုန်အဝေးသင်တက္ကသိုလ်၏ ဝက်ဘ်ဆိုက်နှစ်ခုဖြင့် ဆောင်ရွက်ခဲ့ပြီး လက်ရှိတွင် အခြားသင်တန်းများအတွက် ဝက်ဘ်ဆိုက်တစ်ခုကို အသစ်ထပ်မံဖွင့်လှစ်ထားပါသည်။

 

Source; Democracy

 

 

News Read 3115 times