Sales Hotline : 09448001653       Download App



“Diploma in English Course တက်​​ရောက်​လိုသူများ သိရှိ​စေရန်”

“Diploma in English Course တက်​​ရောက်​လိုသူများ သိရှိ​စေရန်”

၁။ယနေ့ (၆.၅.၂၀၁၉)နံနက် (၉း၀၀) နာရီမှစ၍ မန္တလေး နိုင်ငံခြားဘာသာတက္ကသိုလ်၏ သတ်မှတ်address ( www.mufl.edu.mm/onlinesystem )
တွင် စတင်မြင်တွေ့ လျှောက်ထားနိုင်မည် ဖြစ်ပါသည်။


၂။ ထို့အပြင်
Online မှ လျှောက်လွှာတင်သွင်းရာတွင် မန္တလေး နိုင်ငံခြားဘာသာ တက္ကသိုလ် Server သို့ အရင်ရောက်ရှိလာသော လျှောက်လွှာများထဲမှ

အချက်အလက်များ ပြည့်စုံစွာ ဖြည့်စွက်ထားသော လျှောက်လွှာများကို ဦးစားပေးအစီအစဉ်အတိုင်း လက်ခံပေးမည် ဖြစ်ပါသည်။

 

၃။ ၀င်ခွင့်လျှောက်လွှာနှင့် သင်တန်းသားဦးရေကို ကန့်သတ်လက်ခံမည်ဖြစ်ပါသည်။

 

၎။ ၀င်ခွင့်စာမေးပွဲ ဖြေဆိုခွင့်ရရှိသူများ စာရင်းကို (၁၇.၅.၂၀၁၉) တွင် အထက်ပါ website ၌ ထုတ်ပြန်​​ကြေငြာမည်ဖြစ်ပါသည်

 

**အခြားသင်တန်းအသီးသီးသို့ တက်​​ရောက်သင်ကြားလိုသူများသိရှိစေရန်**

-PGDE-Postgraduate Diploma in English Course သင်တန်းအတွက် လျှောက်လွှာများကို (၂၀.၅.၂၀၁၉) မှ (၃၀.၅.၂၀၁၉) အထိလည်ကောင်း၊ ELPC-English Language Proficiency Course ၊

ဘာသာစကားကျွမ်းကျွင်မှုသင်တန်းများ (Chinese,Japanese,Korean,German,French,Russia) နှင့် Computer (Basic) ၊ Computer (Advanced) စသည်

့ သင်တန်းများအတွက် လျှောက်လွှာများကိုမူ (၃.၆.၂၀၁၉) မှ (၂၇.၆.၂၀၁၉) အထိ ရုံးချိန်အတွင်း လာရောက်ထုတ်ယူ လျှောက်ထားရမှာပဲ ဖြစ်ပါသည်။

 

-ကျောင်းလာရောက်အပ်နှံရာတွင် လိုအပ်သော အထောက်အထား အချက်အလက်များမှာ-
(က)တက္ကသိုလ်ဝင်စာမေးပွဲ အောင်လက်မှတ် မူရင်းနှင့် မိတ္တူ (သို့မဟုတ်
) ဘွဲ့ရလက်မှတ် မူရင်းနှင့် မိတ္တူ
(ခ)ဓာတ်ပုံ (၄)ပုံ


သတိပြုရန်
မှာ - တီရှပ် သို့ စပို့ရှပ်များဖြင့် ရိုက်ကူးထားသောပုံများကို လုံးဝ လက်ခံမည် မဟုတ်ပါ။

စုံစမ်းရန်ဖုန်း - ၀၉-၃၃၀၃၉၉၇၇

 

(ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာန မန္တလေးနိုင်ငံခြားဘာသာတက္ကသိုလ်)

 

News Read 3263 times