Sales Hotline : 09448001653       Download App



“ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ်မှ Postgraduate Diploma အတွက်သင်တန်းသားလျှောက်လွှာခေါ်ယူခြင်း”

“ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ်မှ Postgraduate Diploma အတွက်သင်တန်းသားလျှောက်လွှာခေါ်ယူခြင်း”

ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ်မှ Postgraduate Diploma နဲ့ Certificate သင်တန်းအမှတ်စဉ် (၁) အတွက်သင်တန်းသား လျှောက်လွှာများခေါ်ယူနေပါသည်။

 

ခေါ်ယူမယ့်သင်တန်းများမှာ..**Diploma in China Studies, Diploma in International Relations, Certificate in Interpretation Course (English),

Certificate in French Translation and Interpretation**တို့ဖြစ်ပါသည်။

 

သင်တန်းတွေကို http://www.yufi.edu.mm/chrd မှတစ်ဆင့် မေလ ၂ ရက်၊ နံနက် ၉ နာရီမှစတင်လျှောက်ထား ရမည်ဖြစ်ပါသည်။

 

Diploma in China Studies တက်ရောက်လိုသူတွေအနေနဲ့ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၊ မန္တလေးနိုင်ငံခြား ဘာသာတက္ကသိုလ်တွေက

တရုတ်ဘာသာအထူးပြုဘွဲ့နဲ့ဒီပလိုမာ အောင်လက်မှတ်ရရှိသူတွေ (သို့မဟုတ်) နိုင်ငံတော်အစိုးရကအသိအမှတ်ပြုထားတဲ့တက္ကသိုလ်တစ်ခုခုမှဘွဲ့ ရရှိထားပြီး

၂ နှစ်အတွင်းဖြေဆိုထားတဲ့ တရုတ်ဘာသာအရည်အချင်းစစ်စာမေးပွဲ HSK Level 3 နဲ့အထက်အောင်မြင်ပြီးသူတွေဖြစ်ရမှာဖြစ်ပြီး

သင်တန်းချိန်တွေမှာ တနင်္လာ မှ သောကြာနေ့၊ နံနက် ၇ နာရီမှ ၉ နာရီ အထိတက်ရောက်ရမှာဖြစ်ပါသည်။

 

၂ နှစ်သင်တန်းဖြစ်ပြီး Semester တစ်ခုကိုငွေကျပ်ငါးသောင်းနဲ့ Semester လေးခုတက်ရောက်ရ မှာဖြစ်ပါသည်။

 

ဝင်ခွင့်စာမေးပွဲ အနေဖြင့် အင်္ဂလိပ်နဲ့တရုတ်ဘာသာ ကိုဖြေဆိုရမှာဖြစ်ပါသည်။

 

Diploma in International Relations ကိုနိုင်ငံတော်အစိုးရက အသိအမှတ်ပြုထားတဲ့ တက္ကသိုလ်တစ်ခုခုမှဘွဲ့ ရရှိထား

သူတွေလျှောက်ထားနိုင်ပြီး သင်တန်းချိန်မှာ တနင်္လာ မှ သောကြာနေ့၊ နံနက် ၇ နာရီမှ ၉ နာရီ အထိတက်ရောက်ရမှာဖြစ်ပါသည်။

 

ကိုးလသင်တန်းဖြစ်ပြီး Semester တစ်ခုကိုငွေကျပ်ငါးသောင်းနဲ့ Sermester နှစ်ခုတက်ရောက်ရမှာ ဖြစ်ပါသည်။

 

ဝင်ခွင့်အနေနဲ့ Current International Issues ကိုရေးဖြေနှင့်နှုတ်ဖြေ နှစ်ခုဖြေဆိုရမှာ ဖြစ်ပါသည်။

 

Certificate in Interpretation Course (English) ကိုနိုင်ငံတော် အစိုးရကအသိအမှတ်ပြုထားတဲ့ တက္ကသိုလ်တစ်ခုခုမှဘွဲ့ ရရှိထားသူတွေလျှောက်

ထားနိုင်ပြီးသင်တန်းချိန်မှာ တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ ညနေ ၅:၂ဝ မှ ၇ နာရီအထိတက်ရောက်ရမှာ ဖြစ်ပါသည်။

 

ခြောက်လ သင်တန်းဖြစ်ပြီးငွေကျပ်တစ်သိန်းကျ သင့်မှာဖြစ်ပါသည်။ English Language Proficiency Test ကို ဖြေဆိုရမှာဖြစ်ပါသည်။

 

Certificate in French Translation and Interpretation ကိုရန်ကုန်နိုင်ငံ ခြားဘာသာတက္ကသိုလ်နဲ့မန္တလေး နိုင်ငံခြားဘာသာတက္ကသိုလ်မှ

ပေးအပ်သည့် ပြင်သစ်ဘာသာ ဘွဲ့လွန်ဒီပလိုမာ ဒုတိယနှစ်အောင် မြင်ပြီးသူများ၊ ဝိဇ္ဇာဘွဲ့ကြိုဒုတိယ နှစ်အောင်မြင်ပြီးသူများ၊ CHRD သင်တန်းတွေမှာ ပြင်သစ်ဘာသာ

Intermediate Level 1 အောင်မြင်ပြီးသူများ၊ ပြင်သစ်ဘာသာကို DELF A2 အဆင့်အောင်မြင်ပြီး b1 အဆင့်ရရှိသူများ တက်ရောက်နိုင်ပြီး သင်တန်းချိန်မှာ

တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ ညနေ ၅း၂ဝ မှည၇ နာရီအထိဖြစ်ပါသည်။

 

ခြောက်လသင်တန်းဖြစ်ပြီး ငွေကျပ်တစ်သိန်းကျသင့်မှာဖြစ်ပါသည်။ ဝင်ခွင့်စာမေးပွဲဖြေဆိုဖို့ မလိုအပ်ပါ။

 

ဝင်ခွင့်ဖြေဆိုမယ့်သူတွေအနေဖြင့် တက္ကသိုလ်ဝင်စာမေးပွဲအောင်လက်မှတ် မိတ္တူနဲ့မူရင်း၊ ဘွဲ့လက်မှတ်/ဒီပလိုမာအောင်လက် မှတ်မိတ္တူနဲ့မူရင်း၊

နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူနဲ့မူရင်း၊ Passport Size ဓာတ်ပုံ ၄ ပုံတို့ကို ယူဆောင်လာရမှာဖြစ်ပါသည်။

 

Source: Internet Journal

News Read 2617 times