Sales Hotline : 09448001653       Download App



“ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တွင် ဖွင့်လှစ်မည့် သင်တန်းအသစ်များ “

“ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်တွင် ဖွင့်လှစ်မည့် သင်တန်းအသစ်များ “

၁။ “Diploma in China Studies Course “

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်ကဖွင့်လှစ်နိုင်ရန်လပေါင်းများစွာကြိုးစားစီစဉ်ခဲ့ပြီး ပြည်ပတက္ကသိုလ်များက ပူးပေါင်းကူညီ၍ ဝိုင်းဝန်းဆောင်ရွက်ခဲ့သော သင်တန်း တစ်ခုကို(၃-၆-၂၀၁၉) မှာ ဖွင့်လှစ်မည်ဖြစ်ပါသည်။သင်တန်းမှာ Diploma in China Studies Course ဖြစ်ပါသည်။

အိမ်နီးချင်းအင်အားကြီးနိုင်ငံဖြစ်သည့် တရုတ်နိုင်ငံ၏ လူမှုစီးပွားနှင့် နိုင်ငံခြားဆက်ဆံရေးမဟာဗျူဟာတွေကို

YUFL မှာ လေ့လာနိုင်တော့မှာဖြစ်ပါသည်။တက်ရောက်လိုသည့်သင်တန်းသားများသည် HSK Level 3 အောင်မြင်ပြီးသူဖြစ်ရပါမည်။အင်္ဂလိပ်စာတော်ရမည်ဖြစ်ပါသည်။ ဝင်ခွင့်စာမေးပွဲဖြေရမှာဖြစ်ပါသည်။သင်တန်းကာလသည် (၂)နှစ် ဖြစ်ပါသည်။

၂။ “English Interpretation Course”

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှ English Interpretation Course ကို ဇွန်လ (၃) ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပါသည်။ယခင်က အမေရိကန်သံရုံးဝန်ထမ်းများကိုသာလျှင် Exclusive Training ပေးနေသည့် သင်တန်းကို အများပြည်သူအတွက် ပထမဦးဆုံးအကြိမ် စတင်ဖွင့်လှစ်ပေးခြင်းဖြစ်ပါသည်။

၃။ “French Translation and Interpretation Course”

ပြင်သစ်ဘာသာစကားဆိုင်ရာ French Translation and Interpretation Course ကို

ပြန်လည်ဖွင့်လှစ်ပေးရန်လည်းပြင်ဆင်နေပါသည်။

၎။ “Diploma in International Relations”

Diploma in International Relations သင်တန်းကို အထက်ကသင်တန်းများ

နှင့်အတူတကွ(၂၉-၄-၂၀၁၉) ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း၊သတင်းစာများထဲတွင် ပြည့်ပြည့်စုံစုံ

ကြေငြာမည် ဖြစ်ကြောင်းသိရပါသည်။

 

Artwork Credit: YUFL Illustration Club

News Read 3109 times