Sales Hotline : 09448001653       Download App



“မေလအတွင်း ဖွင့်လှစ်သင်ကြားတော့မည့် MBA “

“မေလအတွင်း ဖွင့်လှစ်သင်ကြားတော့မည့် MBA “

မေလတွင် ဖွင့်လှစ်သင်ကြားတော့မယ့် Myanmar Metropolitan College (MMC) နဲ့ University of Business and International Studies (UBIS) တို့ရဲ့ Master of Business Administration (Swiss MBA Programme) ကို MMC Yangon Campus တွင်တက်ရောက်နိုင်ပါပြီ။

MBA Programme ဘာကြောင့်တက်ထားသင့်လဲ?

MBA Programme ကိုတက်ရောက်ရတဲ့ ရည်ရွယ်ချက်များ
စီးပွားရေးနယ်ပယ်မှာ အောင်မြင်စွာ ရပ်တည်နိုင်ဖို့ဆိုရင် Planning & Strategy ပိုင်း၊ Leadership စွမ်းရည်၊ Strategic Management၊ Strategic Thinking စတဲ့ အရည်အချင်းတွေကို ပိုင်ဆိုင်ထားနိုင်ဖို့လိုအပ်ပါတယ်။ ဒီလို အောင်မြင်ဖို့ရာလိုအပ်တဲ့ Soft Skills၊ Hard Skills နှင့် Knowledge တွေကို MBA Programme မှာသင်ယူနိုင်ပါတယ်။

MBA ဘွဲ့ရထားပြီဆိုရင် စီးပွားရေးနယ်ပယ်မှာအောင်မြင်နိုင်ဖို့ လိုအပ်တဲ့ Skills တွေအပြင် နောက်ထပ်ရရှိနိုင်တာတွေကတော့ -
ကိုယ်မှာရှိနေတဲ့ Network ကိုပိုပြီး တိုးချဲ့လာနိုင်မယ်၊
လက်ရှိ Career ကိုပြောင်းလဲမယ် ဆိုရင် ပိုပြီးလွယ်ကူလာမယ်၊
C-suite အဆင့် Management Level တွေကိုတက်လှမ်းဖို့ရာ အဆင့်သင့်ဖြစ်နေမယ်၊
မတူညီတဲ့ အသက်မွေးမှုဆိုင်ရာ နယ်ပယ်တွေ မှာရှိတဲ့သူတွေနဲ့ တိုက်ရိုက်ဆွေးနွေးခွင့်တွေ ရရှိမယ်၊
PhD၊ Doctorate Program တွေတက်လှမ်းမယ်ဆိုရင်လည်း အဆင့်သင့်ဖြစ်နေမှာပါ။

MBA Programme တက်မယ်ဆိုရင် ဘာကြောင့် MMC ကိုရွေးချယ်မလဲ?

MMC ရဲ့သင်ကြားရေးစနစ်နဲ့ သင်ကြားမှုဆိုင်ရာ အထောက်အပံများ

Swiss MBA Programme ကိုသင်ကြားပေးတဲ့ ဆရာ၊ ဆရာမများကလည်း နိုင်ငံတကာ စာသင်ကြားရေးအပိုင်း တွေမှာ အတွေ့အကြုံတွေရှိတဲ့အပြင် စီးပွားရေးလုပ်ငန်းရှင်များကလည်း Guest Lecturer အဖြစ်လာရောက်သင်ကြားပေးတာကြောင့် International Learning Experiences တွေနှင့် နိုင်ငံတကာ လက်တွေ့စီပွားရေးဆိုင်ရာ ပညာရပ်များကိုလည်း သိရှိနားလည် တတ်မြောက်သွားမှာပါ။

စာသင်ကြားရာတွင် MMC ရဲ့ International Classroom Setting များနှင့် အတူ နိုင်ငံတကာ အတွေ့အကြုံပေါင်းများစွာဖြင့် လုပ်ကိုင်နေကြသော စီပွားရေးလုပ်ငန်းရှင်ကြီးများ၊ ၀ါရင့် Multinational Lecturers များ၊ UBIS တက္ကသိုလ်မှ Lecturer များကိုယ်တိုင် သင်ကြားပြသလျက်ရှိတဲ့အတွက် အကောင်းဆုံး Classroom Environment နဲ့ Learning Style တွေကိုလည်းခံစားရမှာဖြစ်ပါတယ်။

Course များကိုသင်ကြားရာတွင်လည်း စာတွေ့တစ်ခုထဲတွင်သာ သင်ကြားပေးမှာ မဟုတ်ပဲ Problem-based, Project-based, Game-based စတဲ့ သင်ကြားရေးပုံစံများဖြင့် သင်ယူရမည့်အပြင် လက်တွေ့ င်္စီးပွားရေးလုပ်ငန်းအကြောင်းတွေကိုပါ Case Study များ၊ Group Projects များ နှင့် Group Presentations များပြုလုပ်မှာဖြစ်လို့ လက်တွေ့စီးပွားရေးနယ်ပယ်များတွင် ကြုံတွေ့ လာရမည့် ပြဿနာတွေကို ကိုယ်တိုင်ကိုယ်ကျ ဖြေရှင်းပေးနိုင်လာအောင် သင်ကြားပေးမည့် စနစ်တစ်ခုလည်းဖြစ်ပါတယ်။

MMC မှာတက်ရောက်တဲ့ ကျောင်းသား၊ ကျောင်းသူတွေ လေ့လာနိုင်ဖို့ အတွက် ကျောင်းစာနှင့်ပက်သက်သော အသိပညာ၊ ဗဟုသုတ ဆိုင်ရာ စာအုပ်များထားရှိပေးသည့် အပြင် ကျောင်းစာ ပြင်ပ ဗဟုသုတများ လေ့လာနိုင်စေရန် အတွက်လည်း MMC အနေဖြင့် Library Room များ၊ Study Room များကိုစီစဉ်ပေးထားလျက်ရှိပါတယ်။ ဒီလို သင်ကြားရေးအပိုင်းတွေကို ပံ့ပိုးပေးတဲ့အပြင် Social Network အပိုင်းတွေမှာ လည်း မိမိရဲ့ Network တွေပိုမိုတိုးလာစေဖို့ရာMBA ကျောင်းသား၊ ကျောင်းသူ အသစ်များနှင့် ကျောင်းသား၊ ကျောင်းသူဟောင်းများတွေဆုံနိုင်သော Networking Party များကိုလည်းစီစဉ်ပေးလျှက်ရှိပါတယ်။

MMC နဲ့ UBIS University တို့ဖူးပေါင်းဖွင့်လှစ်ထားတဲ့ MBA Programme ကို အသိအမှတ်ပြုထားတဲ့ အဖွဲ့အစည်းများ ဆွစ်ဇာလန်နိုင်ငံ ပညာရေး ကဏ္ဍမှာ ခိုင်မာမှုရှိပြီး စည်းစနစ်တကျ သေချာပြုစုထားတဲ့ သင်ရိုးညွှန်းတမ်းတွေနဲ့ နှစ်ပေါင်းများစွာတိုင်အောင် ကမ္ဘာ့ အကောင်းဆုံး ပညာရေးစနစ်အဖြစ် ရပ်တည်နိုင်ခဲ့တာကြောင့် ဆွစ်ဇာလန်နိုင်ငံမှာရှိတဲ့ UBIS University ရဲ့ MBA ဘွဲ့သည်လည်း နိုင်ငံတကာ အသိအမှတ်ပြုဘွဲ့လက်မှတ်တစ်ခုဖြစ်သည့် အပြင် အမေရိကန်ပြည်ထောင်စုရဲ့ အဆင့်မြင့်ပညာရေးကောင်စီအဖွဲ့ အစည်းတစ်ခု ဖြစ်တဲ့ Council for Higher Education Accreditation (CHEA) မှ US Accreditation အသိမှတ်ပြုလက်မှတ် ရရှိထားပြီး အခြားနိုင်ငံတကာအသိမှတ်ပြု ပညာရေးအဖွဲ့ အစည်းင်္ကြီးများဖြစ်တဲ့ EduQua၊ IACBE၊ MSA၊ European Council for Business Education (ECBE) စတဲ့ အဖွဲ့ အစည်းများစွာတို့မှလည်း အသိအမှတ်ပြုလက်မှတ်များ ရရှိထားသည့်အပြင် ISO 29990 လက်မှတ်လည်းရရှိထားတဲ့အတွက် အောင်မြင်မှုများစွာ ရရှိထားတဲ့ MBA Degree တစ်ခုဆိုလည်း မမှားပါဘူး။ ဒါ့အပြင် UBIS ရဲ့ MBA Programme က ၂၀၁၅ ခုနှစ်အတွက် CEO Magazine မှာ Tier 1 အဖြစ် သတ်မှတ်ခံခဲ့ထားရသည်သာမက CEO Magazine (US) ရဲ့ Global MBA Ranking မှာ အဆင့် ၇ ချိတ်ထားသည့် Swiss Degree တစ်ခုလည်းဖြစ်ပါတယ်။

May Intake အတွက် နောက်ဆုံးသော MMC ရဲ့ 5th Anniversary Scholarship Programme

MMC ရဲ့ (၅) နှစ်ပြည့်အနေဖြင့် သိန်းပေါင်း (၁၂၀၀) တန်းဖိုးရှိတဲ့ MBA Scholarship ကို ထူးချွန်သူ အယောက် (၂၀) တိတိရွေးချယ်သွားမည့် အစီအစဉ်တွင် ၀င်ရောက်ဖြေဆိုသူများအနက်မှ January Intake တွင် (၅) ဦး၊ March Intake တွင် (၁၁) ဦး၊ စုစုပေါင်း (၁၆) ဦးကို ချီးမြှင့်ပြီးဖြစ်လို့ နောက်ထပ် (၄) ဦးအတွက်ကိုသာ ချီးမြှင့်သွားတော့မှာဖြစ်လို့ အခွင့်အရေးကို လက်မလွှတ်တမ်းလျှောက်ထားဖို့ အကြံပြုလိုက်ရပါတယ်။

ဒီလိုထူးခြားတဲ့ MMC ရဲ့ Scholarship ကိုရရှိမယ့် အခွင့်အရေးနှင့်အတူ UBIS ရဲ့ MBA Programme ကိုတက်ရောက်လိုတယ်ဆိုရင်တော့ လာမယ့် May လရဲ့ Intake အသစ်အတွက် စာရင်းသွင်းပြီး Scholarship အတွက် ပြင်ဆင်နိုင်ပါပြီ။

Details of Swiss MBA Programme

Starting Date: 11th May 2019
Duration: 2 years

MMC Scholarship ကိုလျှောက်ထားရာတွင် ပြင်ဆင်ထားရမယ့် စာရွက်စာတမ်းများကို Link မှာဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။
Link:
https://www.facebook.com/myanmar.metropolitan.college/posts/960923227426795?__tn__=K-R

MMC Yangon Campus: No (232), Bargayar Street, Myay Ni Gone, Sanchaung Township, Yangon
Hotline: Yangon: 09 2633 34223/4
Myanmar Metropolitan College

News Read 1611 times