Sales Hotline : 09448001653       Download App



“NCC-ABE-HND အောင်မြင်ထားသူများအတွက် ပညာရေးဆွေးနွေးပွဲ ပြုလုပ်မည်"

“NCC-ABE-HND အောင်မြင်ထားသူများအတွက် ပညာရေးဆွေးနွေးပွဲ ပြုလုပ်မည်"

NCC-ABE-HND အောင်မြင်ထားတဲ့ ကျောင်းသား၊ကျောင်းသူများ Tuition Grant တွေရယူပြီး ဘွဲ့ဒီဂရီတန်းတွေကို ဆက်လက်တက်ရောက်နိုင်ဖို့ လမ်းကြောင်းများသိရှိနိုင်စေမယ့် ဆွေးနွေးပွဲ ကျင်းပမယ်လို့ သိရပါသည်။

ဆွေးနွေးပွဲကို မေ ၁၁ ရက်၊နံနက် ၁၀ နာရီတွင် Novotel Hotel မှာလည်းကောင်း၊ မေ ၁၂ ရက် နံနက် ၁၀ နာရီတွင် မန္တလေးမြို့ရှိ Mecure Hotel မှာလည်းကောင်း ကျင်းပမှာဖြစ်ပါသည်။ဆွေးနွေးပွဲမှာ NCC-HND-ABE အောင်မြင်ထားတဲ့ ကျောင်းသူ၊ကျောင်းသားတွေ အနေနဲ့ မိမိတို့လက်ဝယ်ရရှိထားတဲ့ ရမှတ်ပေါ်မူတည်ပြီးဘွဲ့ရရှိရန် ဆက်လက်တက်ရောက်ရမယ့်ကြာချိန်တွေ အကြောင်း၊ NCC-HND-ABE အောင်မြင်ထားတဲ့ ကျောင်းသူ၊ကျောင်းသားတွေ အနေနဲ့ Tuition Grant စင်ကာပူဒေါ်လာ ၁,၅၀၀ ရရှိုနိုင်ဖို့လျှောက်ထားရမယ့်လမ်းကြောင်းတွေနဲ့ NCC-HND-ABE အောင်မြင်ထားတဲ့ကျောင်းသူ၊ကျောင်းသားတွေ IELTS ပြင်ဆင်ထားရှိဖို့လိုမလိုနဲ့ NCC-HND-ABE အောင်မြင်ထားတဲ့ ကျောင်းသူ၊ကျောင်းသားတွေအနေနဲ့ မိမိပြီးထားတဲ့ဘာသာရပ်မဟုတ်ဘဲ ပြောင်းလဲသင်ယူလိုတဲ့ ကျောင်းသူ၊ကျောင်းသားတွေအတွက် ဆက်လက်တက်ရောက်နိုင်မယ့် လမ်းကြောင်းတွေအကြောင်းကို ရှင်းလင်းပြောကြားပေးမှာ ဖြစ်ပါသည်။

ပွဲတက်ရောက်လိုသူတွေအနေဖြင့် STUDY ABROAD Information Centre (ရန်ကုန်ရုံး) ဖုန်း။   ။၀၉-၅၁၅၁၀၀၈ နဲ့ (မန္တလေးရုံး) ဖုန်း။   ။၀၉-၄၂၀၀၉၉၉၉၇ ကိုဆက်သွယ်စုံစမ်းနိုင်ပါသည်။

Source: Internet Journal

News Read 1316 times