Sales Hotline : 09448001653       Download App



ရန်ကုန်တက္ကသိုလ်၏ ပဋိညာဉ်စာတမ်း(မူကြမ်း)နှင့် ပတ်သက်ပြီး မည်သူမဆို အကြံပြုချက်များ ပေးပို့နိုင်

ရန်ကုန်တက္ကသိုလ်၏ ပဋိညာဉ်စာတမ်း(မူကြမ်း)နှင့် ပတ်သက်ပြီး မည်သူမဆို အကြံပြုချက်များ ပေးပို့နိုင်

ရန်ကုန်တက္ကသိုလ်၏ ပဋိညာဉ်စာတမ်း(မူကြမ်း)နှင့် ပတ်သက်ပြီးမည်သူမဆို အကြံပြုချက်များ ပေးပို့နိုင်မည်ဖြစ်ပြီး ဇွန်လနောက်ဆုံးထားပြီး ပေးပို့ရမည် ဖြစ်ကြောင်း သိရပါသည်။

အမျိုးသားပညာရေးဥပဒေ (၂၀၁၄) နှင့် အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေ (၂၀၁၅) အရ ရန်ကုန်တက္ကသိုလ်တွင် လွတ်လပ်သည့် သင်ကြားသင်ယူမှုများနှင့် လွတ်လပ်စွာ စီမံခန့်ခွဲရေးစနစ်ကို ကျင့်သုံးနိုင်ရန်၊ ရန်ကုန်တက္ကသိုလ် ပြုပြင်မွမ်းမံရေးနှင့် အဆင့်မြှင့်တင်ရေးအတွက် ရန်ကုန်တက္ကသိုလ်၏ ရေတိုရေရှည် စီမံချက်များပါဝင်သော မာစတာပလန် (၂၀၁၈-၂၀၃၀) နှင့် အညီအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်တို့အတွက် အဓိက လိုအပ်ချက်တစ်ခုဖြစ်သော ရန်ကုန်တက္ကသိုလ် ပဋိညာဉ်စာတမ်းကို ပြည်တွင်း၊ပြည်ပ ပညာရှင်များနှင့် အကြိမ်ကြိမ် အချိန်ယူပြီးဘက်ပေါင်းစုံမှ အသေးစိတ် စဉ်းစားပြီး မူကြမ်းရေးဆွဲ ပြုစုနိုင်ကြောင်း သိရပါသည်။

ရန်ကုန်တက္ကသိုလ်၏ ပဋိညာဉ် စာတမ်းမူကြမ်းကို www.liy.edu.mm တွင်မည်သူမဆို ဝင်ရောက်ကြည့်ရှုလေ့လာနိုင်ပြီး အဆိုပါမူကြမ်း အပေါ်တွင် ဆရာ၊ဆရာမများ၊ကျောင်းသား၊ကျောင်းသူများ၊ပညာရှင်များ၊အကျိုးစီးပွားဆက်စပ်မှုရှိသူများနှင့် စိတ်ပါဝင်စားသူ ပြည်သူများထံမှ အကြံပြုချက်များကို ဖိတ်ခေါ်ထားပြီး  အကြံပြုချက်များကို ဇွန် ၁၄ ရက် နောက်ဆုံးထားပေးပို့နိုင်ကြောင်း သိရပါသည်။

အကြံပြုချက်များကို မည်သည့်နည်းလမ်းနှင့်မဆို ပေးပို့နိုင်ရန်အတွက် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး ရန်ကုန်တက္ကသိုလ် တက္ကသိုလ်ရိပ်သာလမ်း ကမာရွတ်မြို့နယ်၊ ရန်ကုန်မြို့။စာတိုက်သေတ္တာအမှတ်-၁၁၀၄၀၊ အီးမေးလ် [email protected] နှင့် အွန်လိုင်း www.liy.edu.mm တို့မှတစ်ဆင့်ပေးပို့နိုင်ကြောင်း ရန်ကုန်တက္ကသိုလ်က ထုတ်ပြန်ထားသည်။

ရန်ကုန်တက္ကသိုလ်ကို ၁၉၂၀ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး လာမည့် ၂၀၂၀ ပြည့်နှစ်တွင် ရန်ကုန်တက္ကသိုလ်သည် နှစ်တစ်ရာ ပြည့်မြောက်တော့မည် ဖြစ်ပါသည်။

Source:Democracy

News Read 1332 times