Sales Hotline : 09448001653       Download App



ကမ္ဘာ့ခေါင်းဆောင်တွေ မွေးထုတ်ပေးတဲ့ Oxford နဲ့ Cambridge တက္ကသိုလ်တွေကို ဘယ်လိုလျောက်ကြမလဲ။

ကမ္ဘာ့ခေါင်းဆောင်တွေ မွေးထုတ်ပေးတဲ့ Oxford နဲ့ Cambridge တက္ကသိုလ်တွေကို ဘယ်လိုလျောက်ကြမလဲ။

၁. လူတစ်ဦးချင်းဆီရဲ့ Personal Background ဆိုတာထက် ကျောင်းသားရဲ့ စွမ်းရည်ပေါ်မူတည်ပြီး လက်ခံတာဖြစ် ပါသည်။

 

 

၂. ကျောင်းသားလက်ခံပုံ (Application Process) ကလည်း မျှမျှတတလက်ခံဖြစ်ပါသည်။

 

 

၃. အရမ်းကို နေလို့ကောင်းတဲ့ ပတ်ဝန်းကျင်လည်းဖြစ်ပါတယ်။

 

 

သင်ကြားမှုပုံစံ

စာသင်ကြားတဲ့ပုံစံ ကကျောင်းနှစ်ကျောင်းလုံး ဆင်တူပါတယ်။ အတန်းတက်ခြင်း၊ ဓာတ်ခွဲခန်းဆိုင်ရာ၊ တွေပါဝင်ပါ သည်။ အခြားကျောင်းတွေနဲ့ မတူတဲ့အချက်ကတော့ ဒီကျောင်းက ဆရာတွေက အရမ်းကို ကျွမ်းကျင်ပညာ ရှင်တွေဖြစ်ကြပါသည်။ ဒီနှစ်ကျောင်းရဲ့ မတူတဲ့အချက်က နာမည်ပဲဖြစ်ပြီး၊ Oxford ဆိုတာက tutorials လို့ ရည်ညွှန်းပြီး။ Cambridge ဆိုတာကတော့ Supervision လိုဆိုလိုပါသည်။

 

 

သင်ဘာကြောင့် တက်သင့်သလဲ။

ဒီကျောင်းတွေအတွက် အဓိကအရေးကြီးတာက ကိုယ်ဘယ်ဘာသာရပ် ကိုလေ့လာလိုလဲဆိုတာပါပဲ။ ဘယ်တက္ကသိုလ် ကိုရွေးသင့်လဲဆိုတဲ့ အချက်မဟုတ်ပါဘူး။ ဒီတော့ ကိုယ်တက်ရောက်လိုတဲ့ ဘာသာရပ်ကို သေသေချာချာ လေ့လာပြီး၊ ဒီဘာသာရပ်ဟာ ကိုယ့်နှစ်အကြာကြီးလေ့လာရမယ့် ဘာသာရပ်ဖြစ်တဲ့အတွက် ကိုယ့် တကယ့် ကိုစိတ်ဝင်စားတဲ့ဘာသာရပ်ကို ရွေးချယ်သင့်ပါသည်။

Oxford နဲ့ Cambridge မှာတက်ရောက်လိုတယ်ဆိုရင် သူတို့ဟာ သမားရိုးကျ သင်ကြားမှု (Traditional Academic) ပုံစံနဲ့ပို့ချတာဖြစ်ပြီး၊ များသောအားဖြင့် စာမေးပွဲပုံစံနဲ့ စာစစ်တာများပါသည်။

 

 

ကျောင်းသားဘက်က ဘာတွေပြင်ဆင်သင့်လဲ။

ဘာသာရပ်တော်တော်များများမှာ A-Level ရဖို့လိုပြီး၊ IB (International Baccalaureate) နဲ့ အခြားသင့်လျော် တဲ့ Qualification တွေကိုလည်းလက်ခံပါတယ်။ သိပံ္ပဘာသာရပ်လည်း ထူးချွန်ဖို့လိုအပ်ပါသည်။

များသောအားဖြင့် A*A*A နဲ့ AAA တွေလက်ခံတာများပါသည်။

 

 

ဘယ်လို လျောက်ကြမလဲ။

ကျောင်းသားများသည် 15 October မှာနောက်ဆုံးထားလျောက်ရမှာဖြစ်ပြီး၊ Cambridge ကတော့ Online test ပါပါဝင်ပါသည်။ နိုင်ငံခြားကျောင်းသားမျာ တက်ရောက်လိုရင်တော့ မတူညီတဲ့ Deadline တွေရှိပါသည်။

ပြီးတော့ ရေးဖြေစာမေးပွဲလည်းပါဝင်ပါသည်။ ပြီးတော့မှ အင်တာဗျူးအတွက် ဆက်လက်ရွေးချယ်ပါသည်။ 

 

 

 

Tips Read 10710 times