Sales Hotline : 09448001653       Download App



၂၀၁၈-၁၉ ပညာသင်နှစ် တက္ကသိုလ်၊ ကောလိပ် ဆရာ၊ ဆရာမများ နွေရာသီ အားလပ်ရက် သတ်မှတ်ခြင်း

၂၀၁၈-၁၉ ပညာသင်နှစ် တက္ကသိုလ်၊ ကောလိပ် ဆရာ၊ ဆရာမများ နွေရာသီ အားလပ်ရက် သတ်မှတ်ခြင်း

(၁) အဆင့်မြင့်ပညာဦးစီး ဌာနအောက်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များရှိ ဆရာ၊ဆရာမများ၏ နွေရာသီအားလပ်ရက်ကို ၁၈-၄-၂၀၁၉ (ကြာသာပတေးနေ့) မှ ၁၇-၅-၂၀၁၉ (သောကြာနေ့) အထိ (နှစ်ရက်လုံး) အပါအဝင် သတ်မှတ်လိုက်သည်။

(၂) နွေရာသီအားလပ်ရက်ကာလအတွင်း စီမံခန့်ခွဲရေး၊ လုံခြုံရေး၊ စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းများ အရှိန်အဟုန်မပျက် ဆောင်ရွက်ရန်၊ စာမေးပွဲကိစ္စနှင့် ကျောင်းဖွင့်ကာလ သင်ကြားရေးလုပ်ငန်းများ စီမံဆောင် ရွက်နိုင်ရန် သက်ဆိုင်ရာ ပါမောက္ခချုပ်၊ကျောင်းအုပ်ကြီးများကိုယ်တိုင် ကြိုတင်စီစဉ်လျက်သက်ဆိုင်သူများကို တာဝန်ပေးဆောင်ရွက်ပါရန်နှင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်များရှိ ဆရာ၊ ဆရာမ များအား၊ အနည်းဆုံးတစ်ဦးလျှင် ရက်သတ္တပတ် (၂) ပတ် အလှည့်ကျ အနားရရေးအတွက် စီစဉ်ဆောင်ရွက်ပေးရန် အကြောင်းကြားပါသည်။

အားလပ်ရက်ရှည်ခံစားခွင့်ဆိုင်ရာကိစ္စရပ်များ

အားလပ်ရက်ရှည်ဆိုသည်မှာ ပြက္ခဒိန်နှစ်တစ်နှစ်အတွင်း တစ်ဆက်တည်းပိတ်ရက် ၁၅ ရက်ထက် ကျော် လွန်သော ကာလတစ်ရပ်ကိုဆိုသည်။ ပြက္ခဒိန်နှစ်တစ်နှစ်အတွင်းတွင် အားလပ်ရက်ရှည် ကာလ တစ်ခုတည်းရှိပြီး ထိုအားလပ်ရက်ရှည်ကာလသည် ရက် ၃၀ အောက်လျော့ပါးကလည်း ထိုကာလကို တစ်လဟု မှတ်ယူရမည်။

ဝန်ထမ်းအဖွဲ့အစည်းကြီးအမှူး (သို့မဟုတ်) ခွင့်ပေးပိုင်ခွင့်ရှိသူက အားလပ်ရက်ရှည်အတွင်းတွင် တာဝန် တစ်ရပ်ကို ထမ်းဆောင်ရန် အမိန့်ထုတ်ပြန်သတ်မှတ်ပြီး ယင်းတာဝန်ကို ထမ်းဆောင်ရန်အလို့ဌာ ဝန်ထမ်းသည် တာဝန်ကျရာဒေသတွင် တစ်ဆက်တည်းရှိနေရန် လိုအပ်ကြောင်း (သို့မဟုတ်) အခြားစေလွှတ်သည့်ဒေသသို့ သွားရောက်ရန် လိုအပ်ကြောင်း ထောက်ခံပါက အဆိုပါတာဝန်ထမ်းဆောင်ခဲ့သည့်ကာလကို အားလပ်ရက်ရှည် မခံစားရသည့်ကာလဟုသတ်မှတ်သည်။

အားလပ်ရက်ရှည်ခံစားခွင့်ရှိသည့် ဝန်ထမ်းများအတွက်

(က)အားလပ်ရက်ရှည်ကို အပြည့်ခံစားရသည့်နှစ်များတွင် လုပ်သက်ခွင့်ကိုခံစားခွင့်မရှိစေရ။

(ခ)အားလပ်ရက်ရှည်ကို လုံးဝမခံစားရသည့်နှစ်အတွက် လုပ်သက်ခွင့်ကို နည်းဥပဒေ ၈၇ ပါအတိုင်း ခံစားခွင့်ရှိသည်။

(ဂ)အားလပ်ရက်ရှည်ကို တစ်စိတ်တစ်ဒေသခံစားရသည့် နှစ်များအတွက် လုပ်သက်ခွင့်ကို အောက်ပါအတိုင်း ခံစားခွင့်ရှိသည်။

(မခံစားရသည့် အားလပ်ရက်ရှည်ပေါင်း ÷ ခံစားခွင့်ရသည့်အားလပ်ရက်ရှည်ပေါင်း) × ၃၀ = လုပ်သက်ခွင့်

(ဃ)အားလပ်ရက်ရှည်ကို အခြားခွင့်တစ်မျိုးမျိုး၏ ရှေ့မှဖြစ်စေ၊ နောက်မှဖြစ်စေ တစ်ဆက်တည်း ဆက်စပ်ခံစားနိုင်သည်။ သို့ရာတွင် လုပ်သက်ခွင့်နှင့်အတူခံစားသည့်အခါ ယင်းခွင့်နှင့်အားလပ်ရက်ရှည် စုစုပေါင်းကာလသည် (၄) လထက်မပိုစေရပါ။

News Read 1671 times