News

YUFL ဘာသာစကားသင်တန်းများ ထပ်မံခေါ်ယူတော့မည်

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးရေး အစီအစဉ်အရ ဖွင့်လှစ်သော အပတ်စဉ် (၆၄) ဘာသာစကား သင်တန်းများကို ၂၉-၄-၂၀၁၉ ရက် နေ့မှာ Online (http://www.yufl.edu.mm/chrd) မှခေါ်ယူသွားမှာဖြစ်သည်။

အသေးစိတ်အချက်အလက်များကို (၂၂/၂၃-၄-၂၀၁၉) နေ့ ရက်များမှာ ထုတ်ဝေတဲ့သတင်းစာများမှာ ကြေငြာသွားမှာ ဖြစ်ပါတယ်။

သင်တန်းများကို (၁၁-၅-၂၀၁၉) နှင့် (၁၃-၅-၂၀၁၉) ရက်များမှာ စတင်ဖွင့်လှစ်သင်ကြားသွားမှာဖြစ်ပါတယ်။

ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် လူ့စွမ်းအားအရင်း အမြစ်ဖွံ့ဖြိုးရေး အစီအစဉ်အရဖွင့်လှစ်သော နိုင်ငံတကာ ဆက်ဆံရေးဒီပလိုမာ (Diploma in International Relations) သင်တန်းကို ၂-၅-၂၀၁၉ ရက်နေ့မှာ Online (http://www.yufl.edu.mm/chrdir) မှခေါ်ယူသွားမှာဖြစ်သည်။

အသေးစိတ်အချက်အလက်များကို (၂၂-၄-၂၀၁၉)နေ့ရက်မှာထုတ်ဝေတဲ့ သတင်းစာများမှာ ကြေငြာသွားမှာ ဖြစ်ပါတယ်။

ယခုသင်တန်းတက်ရောက်လိုသူများသည် ဘွဲ့တစ်ခုခု ရရှိထားရန်လိုအပ်ပြီး ဝင်ခွင့်အဖြစ်ရေးဖြေစာမေးပွဲ၊ နှုတ်ဖြေ စာမေးပွဲတို့ကို ဖြေဆိုရပါမည်။

(၃-၆-၂၀၁၉) ရက်နေ့မှာ စတင်ဖွင့်လှစ် သင်ကြားပို့ချမှာဖြစ်ပါတယ်။

Source: yufl

Read 3822 times
Rate this item
(1 Vote)