Sales Hotline : 09448001653       Download App



MHR Management Institute မှ နှစ်သစ်ပညာဒါန Free Programme

MHR Management Institute မှ နှစ်သစ်ပညာဒါန Free Programme

တက္ကသိုလ်ဝင်တန်း ဖြေဆို၊ အောင်မြင်ထားသော ကလေးများနှင့် IGCSE "O" level ပြီးထားသော ကလေးများအတွက် အကျိုးရှိစေပြီး လုံးဝလက်မလွှတ်သင့်သော 100 % Free Programme လေးတစ်ခုကို MHR မိသားစုမှ နှစ်သစ်ပညာဒါနအဖြစ် ဖွင့်လှစ်ပေးသွားမှာ ဖြစ်ပါတယ်...။

ဘာကြောင့်တက်ရောက်သင့်သလဲ

တက္ကသိုလ်တက်ရောက်သည့်အခါ မိမိဝါသနာနှင့် ကိုက်ညီသော မှန်ကန်သည့် ဘာသာရပ် ရွေးချယ်မှုများ ပြုလုပ်နိုင်စေရန်၊

မိမိဘဝလမ်းကြောင်းကို မှန်မှန်ကန်ကန်တစ်ဆင့်ချင်း ပုံဖော်တတ်စေရန်၊

ဝါသနာပါရာလမ်းကြောင်းကို ရွေးချယ်ပြီးနောက် အလုပ်လုပ်သည့်အခါတွင်လည်း စည်းစနစ်ကျကျ တွေးခေါ်တတ်စေရန်၊

လူမှုဆက်ဆံရေးနှင့် ကိုယ်ရည်ကိုယ်သွေးများ ပိုမိုတိုးတက်လာစေနိုင်မှာ ဖြစ်လို့ အမြန်ဆုံးလာရောက် စာရင်းပေးသွင်းတက်ရောက်သင့်တဲ့ Programme လေးတစ်ခြုဖစ်ပါတယ်။

ဘယ်လိုထူးခြားမှုတွေရှိသေးသလဲ

သင်တန်းသားများထံမှ သင်တန်း ကြေးလုံးဝပေးသွင်းစရာမလိုပဲ ပညာရေး နှင့် ဘဝသက်မွေးမှုဆိုင်ရာ အကြံပေးဆွေးနွေးမှုများကိုပါ ပြုလုပ်ပေးသွားဦးမှာဖြစ်ပါတယ်။

ဘယ်သူတွေနဲ့ဆွေးနွေးမှုလုပ်မှာလဲ

ဆရာ၊ ဆရာမများ နှင့် ကျောင်းသူ၊ ကျောင်းသားများ အတူ ဆွေးနွေးမှုများပြုလုပ်ပေးသွားမည့်အပြင် ဆရာ၊ ဆရာမများနှင့် မိဘများပါ အပြန်အလှန် ဆွေးနွေးမှုများ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

သင်ကြားမည့်အကြောင်းအရာများ

စီးပွားရေးနယ်ပယ်ထဲသို့ ဝင်ရောက်သည့်အခါ လူအမျိုးမျိုးနှင့် ပြောဆိုဆက်ဆံရာတွင် သိထားရမည့် ဆောင်ရန်၊ ရှောင်ရန်အချက်များ၊

လုပ်ငန်းခွင်တွင်မဖြစ်မနေအသုံးပြုရမည့် Business Letters ရေးနည်းများ၊

ထိရောက်သော အစီရင်ခံစာ ရေးနည်းများ၊

လုပ်ငန်းခွင်အသုံးချ အခြေခံ Business English ရေးနည်းများ၊

အလုပ်လျှောက်ရာတွင် အလွန်အရေးပါသည့် CV ရေးနည်းများ၊

Interview တခုတွင် ဆောင်ရန်၊ ရှောင်ရန်အချက်များ၊

မိမိကုမ္ပဏီ၏ ဝင်ငွေ၊ ထွက်ငွေ စာရင်းများကို အပိုအလိုမရှိ စာရင်းပြုစုနည်းများ၊

မည်သည့်လုပ်ငန်းအတွက်မဆို Marketing ၏အရေးပါပုံများ၊

လုပ်ငန်းခွင်ဝင်ရာက်သည့်အခါတွင်လည် ဝန်ထမ်းအချင်းချင်းသာမက အထက်အောက်ဆက်ဆံရေးများ အဆင်ပြေစေရန် လိုက်နာရမည့် နည်းလမ်းများ၊

ဝန်ထမ်းများအား အလုပ်ကြိုးစားချင်စိတ်ဖြစ်ပေါ်စေရန် ဆောင်ရွက်ရမည့်နည်းလမ်းများ၊

ဝန်ထမ်းများ၏ကိုယ်ရည်ကိုယ်သွေးမြင့်မားလာစေရန် ပြုလုပ်ရမည့်အချက်များ၊

ခေါင်းဆောင်ကောင်းတစ်ယောက်တွင်ရှိရမည့် အရည်အသွေးများ
စသည့် အကြောင်းအရာများကို သင်ကြားသွားမှာဖြစ်ပါတယ်။

သင်ကြားမည့်ကာလနှင့် တက်ရောက်ရမည့်အချိန်

စတင်တက်ရောက်ရမည့်နေ့ - ၂၄.၄.၂၀၁၉

သင်ကြားမည့်ကာလ - ၃ရက်

တက်ရောက်ရမည့်အချိန် - မနက် ၉နာရီမှ ညနေ ၅နာရီအထိ

သင်တန်းကြေး - လုံးဝအခမဲ့ ပါနော် 

သင်တန်းကာလ၃ရက်စလုံးပြီးမြောက်အောင်တက်ပါက သင်တန်းဆင်းလက်မှတ်များ ပေးအပ်သွားမှာဖြစ်ပါတယ်...

လူဦးရေကန့်သတ်ထားတာမို့ လက်မလွှတ်ရအောင် အမြန်ဆုံးလာရောက် စာရင်းပေးသွင်းဖို့ ဖိတ်ခေါ်လိုက်ပါတယ်...

အသေးစိတ်ထပ်မံသိရှိလိုပါက

၃၈လမ်းပလာဇာ (ပထမထပ်)၊ ဆိပ်ကမ်းသာလမ်း (အပေါ်ဘလောက်)၊ ကျောက်တံတားမြို့နယ် ၊ ရန်ကုန်မြို့သို့ လူကိုယ်တိုင်လာရောက်၍ဖြစ်စေ ဖုန်းနံပါတ် ၀၁ ၇၀၇၈၂၂၊ ၀၁ ၂၅၂၇၅၁၊ ၀၉ ၂၅၀၀၀၇၀၇၀ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

source: MHR

News Read 3652 times