Sales Hotline : 09448001653       Download App



ပညာရေးသံတမန်အဖြစ် ချစ်သုဝေကို ခန့်အပ်

ပညာရေးသံတမန်အဖြစ် ချစ်သုဝေကို ခန့်အပ်

မြန်မာနိုင်ငံစာတတ်မြောက်ရေးအထောက်အကူပြုပင်မဌာန(MLRC)က MLRC ပညာရေးသံတမန်အဖြစ် ရုပ်ရှင်သရုပ်ဆောင် ချစ်သုဝေကို ခန့်အပ်လိုက်ပါတယ်။

ပညာရေးသံတမန်နဲ့ပူးပေါင်းပြီး ကျောင်းပြင်ပပညာရေးလုပ်ငန်းတွေကို ဆောင်ရွက်မယ့်အပြင် ကလေးတွေရဲ့ပညာရေးကို အလေးထားဖို့ အသိပညာပေးမယ့်အစီအစဉ်တွေကိုလည်း ဆောင်ရွက်သွား မှာဖြစ်တယ်လို့သိရပါတယ်။

ပညာတတ်ပြီး ပညာကိုတန်ဖိုးထားတဲ့သူဖြစ်တဲ့အပြင် ကလေးငယ်တွေကို ချစ်မြတ်နိုးသူဖြစ်တာကြောင့် ရုပ်ရှင်သရုပ်ဆောင်ချစ်သုဝေကို ပညာရေးသံတမန်အဖြစ် ရွေးချယ်ခန့်အပ်ခဲ့တာဖြစ်တယ်လို့ မြန်မာနိုင်ငံ စာတတ်မြောက်ရေး အထောက်အကူပြုပင်မဌာနရဲ့ ဗဟိုညှိနှိုင်းရေးမှူး ဦးအေးကြိုင်က ပြောပါတယ်။

ဒီကနေ့ မတ်လ(၃၁)ရက်က ရန်ကုန်တက္ကသိုလ် စိန်ရတုခန်းမမှာ ကျောင်းပြင်ပ မူလတန်းနဲ့ အလယ်တန်း ပညာရေး အစီအစဉ် ဂုဏ်ပြုပွဲနဲ့ ပညာရေးသံတမန်ခန့်အပ်ပွဲကို ပြုလုပ်ခဲ့ပါတယ်။

မြန်မာနိုင်ငံစာတတ်မြောက်ရေး အထောက်အကူပြု ပင်မဌာနအနေနဲ့ ပညာရေးဝန်ကြီးဌာန၊ UNICEFနဲ့ ပြည်တွင်းပြည်ပအလှူရှင်တွေနဲ့ပူးပေါင်းပြီး ကျောင်းပြင်ပကို ရောက်ရှိနေတဲ့ ကလေးငယ်တွေကို ကျောင်းပြင်ပ မူလတန်းနဲ့ အလယ်တန်းပညာရေးကို သင်ကြားပေးနေတာဖြစ်ပါတယ်။

၂၀၀၈-၂၀၀၉ပညာသင်နှစ်ကနေ လက်ရှိအချိန်ထိဆောင်ရွက်ခဲ့ရာမှာ ကလေးငယ်ပေါင်း ရှစ်သောင်းကျော် ပညာသင်ယူခွင့်ရရှိခဲ့တယ်လို့ သိရပါတယ်။

source & photo: 7day

News Read 5923 times