Sales Hotline : 09448001653       Download App



ရန်ကုန်ပညာရေးတက္ကသိုလ်တွင် ဘာသာရပ် (၉) ခု အတွက် အချိန်ပိုင်းနည်းပြများ ခေါ်ယူ

ရန်ကုန်ပညာရေးတက္ကသိုလ်တွင် ဘာသာရပ် (၉) ခု အတွက် အချိန်ပိုင်းနည်းပြများ ခေါ်ယူ

ရန်ကုန်ပညာရေးတက္ကသိုလ်၏ အောက်ဖော်ပြပါ ဘာသာရပ်ဌာနများတွင် အချိန်းပိုင်း နည်းပြ (ပုတ်ပြတ်)  (၃၆၀၀/-) နှုန်းဖြင့် တာဝန်ထမ်းဆောင်ရန် လျှောက်ထားလိုသူများ လျှောက်ထားနိုင်ပါသည်။

စဉ် ဘာသာရပ်

၁။  မြန်မာစာ

၂။ အင်္ဂလိပ်စာ

၃။ ပထဝီဝင်

၎။ စီးပွားရေးပညာ

၅။ သင်္ချာ

၆။ ဓာတုဗေဒ

၇။ ရူပဗေဒ

၈။ သတ္တဗေဒ

၉။ ရုက္ခဗေဒ

၂။ အချိန်ပိုင်းနည်းပြ လျှောက်ထားသူများသည် -

(က) တည်ဆဲနိုင်ငံသား ပြစ်မှု ဥပဒေနှင့်ကိုက်ညီသော နိုင်ငံသားဖြစ်ရမည်။

(ခ) မဟာဘွဲ့ရရှိပြီးသူ ဖြစ်ရမည်။ ၂၀၁၉ ခုနှစ်၊ ဇွန်လ (၃၀) ရက်နေ့တွင် (၃၅) နှစ်ထက် မကျော်လွန်သူ၊ ပါရဂူဘွဲ့ရရှိပြီးသူဖြစ်ပါက ၂၀၁၉ ခုနှစ်၊ ဇွန်လ (၃၀) ရက်နေ့တွင် (၄၀) နှစ် ထက် မကျော်လွန်သူဖြစ်ရမည်။

၃။ လျှောက်လွှာပုံစံကို ရန်ကုန်ပညာရေးတက္ကသိုလ်၊ ဝန်ထမ်းရေးရာဌာနတွင် ရယူလျက် အောက်ပါအထောက်အထားများနှင့်အတူ (၂၉.၃.၂၀၁၉) ရက်နေ့ နောက်ဆုံးထား တင်သွင်းရမည် ဖြစ်ပါသည်။

(က) နိုင်ငံသားစိစစ်ရေးကတ်ပြားမူရင်းနှင့် မိတ္တူ၊

(ခ) ပညာအရည်အချင်းအတွက် အထောက်အထားမိတ္တူနှင့် ဘွဲ့လက်မှတ်မိတ္တူ

(ဂ) လူမှုရေးဆောင်ရွက်ချက်အကျဉ်း

(ဃ) အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာ ရပ်ကွက်ထောက်ခံစာမူရင်း၊

(င) အလုပ်သမားမှတ်ပုံတင်ကဒ်ပြားမိတ္တူ

(စ) သက်ဆိုင်ရာ ရဲစခန်း၏ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံစာမူရင်း

၎။ လူတွေ့နှုတ်ဖြေ ဖြေဆိုရမည့် အစီအစဉ်များကို ထုတ်ပြန်ကြေညာသွားမည် ဖြစ်ပါသည်။

၅။ အသေးစိတ် အချက်အလက်များကို ရန်ကုန်ပညာရေးတက္ကသိုလ် ဌာနမှူး (စီမံ/ဘဏ္ဍာ) ရုံးခန်း ဖုန်း ၀၁-၅၃၇၃၅၉ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

READ - မဟာပညာရေးဘွဲ့ (အရည်အချင်းစစ်) M.Ed(Q) သင်တန်းဝင်ခွင့် စာမေးပွဲ လျှောက်လွှာခေါ်ယူခြင်း

News Read 2399 times