Sales Hotline : 09448001653       Download App



မဟာပညာရေးဘွဲ့ (အရည်အချင်းစစ်) M.Ed(Q) သင်တန်းဝင်ခွင့် စာမေးပွဲ လျှောက်လွှာခေါ်ယူခြင်း

မဟာပညာရေးဘွဲ့ (အရည်အချင်းစစ်) M.Ed(Q) သင်တန်းဝင်ခွင့် စာမေးပွဲ လျှောက်လွှာခေါ်ယူခြင်း

စစ်ကိုင်းပညာရေးတက္ကသိုလ်တွင် မဟာပညာရေးဘွဲ့ (အရည်အချင်းစစ်) M.Ed(Q)သင်တန်း အပတ်စဉ်(၂)ကို အောက်ပါအစီအစဉ်အတိုင်း ဖွင့်လှစ်ပါမည်။

(က) သင်တန်းအမည် - မဟာပညာရေးဘွဲ့ (အရည်အချင်းစစ် )M.Ed(Q)သင်တန်း

(ခ) သင်တန်းကာလ - ပညာသင်နှစ်(၁)နှစ် သတ်မှတ်ပါသည်။

(ဂ) လိုအပ်သည့်ပညာအရည်အချင်း - ပညာရေးဘွဲ့ (B.Ed) ဘွဲ့ရရှိရပါမည်။ အရည်အချင်းစစ် ရေးနှင့် နှုတ်ဖြေ စာမေးပွဲကို အောင်မြင်သူဖြစ်ရပါမည်။

(ဃ) အသက် - အသက်ကန့်သတ်ချက်မရှိပါ။

(င) လုပ်သက် - ပညာရေးဝန်ကြီးဌာနအောက်ရှိ၊ အဆင့်မြင့် ပညာဦးစီးဌာန (ဆရာအတတ်သင် ပညာဌာနခွဲ)၊ အခြေခံပညာဦးစီးဌာန၊ ပညာရေး သုတေသန စီမံကိန်း နှင့် လေ့ကျင့်ရေး ဦးစီးဌာန၊ ကျောင်းပြင်ပ နှင့် တစ်သက်တာ ပညာရေး ဦးစီးဌာနများတွင် တာဝန်ထမ်းဆောင် နေပြီး သင်တန်းစတင် ဖွင့်လှစ်သည့်နေ့၌ လုပ်သက်(၅)နှစ်ပြည့်သူ ပညာရေးဘွဲ့ရ ဆရာ၊ ဆရာမ ဝန်ထမ်းများ ဖြစ်ရမည်။

(စ) ရွေးချယ်ရမည့် အထူးပြုဘာသာရပ် - ပညာရေးစိတ်ပညာ (သို့မဟုတ်) ပညာရေးသဘောတရား (သို့မဟုတ်) သင်ပြနည်း (သို့မဟုတ်) ကာယပညာဘာသာရပ်တစ်ခုကိုသာ ရွေးချယ်လျှောက် ထားရမည်။ (တစ်ခုထက်ပိုလျှောက်ပါက လုံးဝစဉ်းစားမည် မဟုတ်ပါ။)

READ - တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုခွင့် ကတ်ပြားများတွင် အချက်အလက်မှားယွင်းပါက ဧပြီအထိ ပြင်ဆင်ခွင့်ပြု

(ဆ) ဝင်ခွင့်စာမေးပွဲ - သက်ဆိုင်ရာအထူးပြု ပညာရေးဘာသာရပ် မေးခွန်းလွှာတစ်ခု (၂) နာရီ မေးခွန်း ဖြေဆိုရမည်။

(ဇ) လျှောက်လွှာစတင်လက်ခံမည့်ရက် - ၂၅-၃-၂၀၁၉ (တနင်္လာနေ့)

(ဈ) လျှောက်လွှာပိတ်မည့်ရက် - ၁၉-၄-၂၀၁၉ (သောကြာနေ့)

(ည) လျှောက်လွှာလက်ခံမည့်နေရာ - သင်တန်းရေးရာဌာန စစ်ကိုင်းပညာရေးတက္ကသိုလ်သို့ တိုက်ရိုက်လျှောက်ထားနိုင်ပါသည်။

(ဋ) ဝင်ခွင့်စာမေးပွဲကျင်းပမည့်ရက် အချိန်/ဘာသာရပ်  - (၂၄-၄-၂၀၁၉) (ဗုဒ္ဓဟူးနေ့) နံနက် (၉း၀၀နာရီ မှ ၁၁း၀၀နာရီ) ထိ ပညာရေးဘာသာရပ်

(ဋ) ဝင်ခွင့်စာမေးပွဲဖြေဆိုရမည့် တက္ကသိုလ် - စစ်ကိုင်းပညာရေးတက္ကသိုလ်

(ဍ) လူတွေ့နှုတ်ဖြေ ဖြေဆိုရမည့်နေ့ - ၂၉-၄-၂၀၁၉ (တနင်္လာနေ့)

(ဎ) လိုအပ်သောအထောက်အထား - လျှောက်လွှာနှင့်အတူ အောက်ဖော်ပြပါ အထောက်အထားများတင်ပြရပါမည်။

(က) ဘွဲ့လက်မှတ်အမှတ်စာရင်း မူရင်းနှင့်မိတ္တူမှန်

(ခ)ပတ်စ်ပို့အရွယ်ဓာတ်ပုံ(၂)ပုံ ၊

(ဂ) ဝန်ထမ်းဖြစ်ကြောင်းနှင့်လုပ်သက်မှန်ကန်ကြောင်း မဟာပညာရေးဘွဲ့ (အရည်အချင်းစင်) M.Ed(Q)သင်တန်းဝင်ခွင့် စာမေးပွဲကို ဖြေဆိုင်ခွင့်ပြုကြောင်း နှင့် ဝင်ခွင့်စာမေးပွဲဖြေဆို အောင်မြင်ပါက အချိန်ပြည် တက်ရောက်ခွင့်ပြုကြောင်း၊ သက်ဆိုင်ရာ ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် (သို့မဟုတ်) တာဝန်ပေးအပ်ထားသော အရာရှိများ၊ ကျောင်းအုပ်ကြီးတို့၏ ထောက်ခံချက်ဖြင့် တင်ပြရမည်။

(ဏ) စစ်ကိုင်းပညာရေးတက္ကသိုလ်တွင်တက်ရောက်ရမည့်သူများ- အဆင့်မြင့်ပညာဦးစီးဌာန(ဆရာအတတ်သင်ပညာဌာနခွဲ) အောက်ရှိ ပညာရေးကောလိပ်များ (မြစ်ကြီးနား၊ တောင်ကြီး၊ လားရှိုး၊ လွိုင်ကော်၊ မန္တလေး၊ မိတ္ထီလာ၊ စစ်ကိုင်း၊ မုံရွာ၊ ဟားခါး၊ ကျိုင်းတုံ၊ ကသာ၊ မကွေး၊ ပခုက္ကူ)တွင် တာဝန်ထမ်းဆောင်နေသည့် ဆရာ/ ဆရာမဝန်ထမ်းများ၊ ပညာရေးသုတေသနစီမံကိန်း နှင့် လေ့ကျင့်ရေး ဦးစီးဌ၁န ကျောင်းပြင်ပနှင့် တစ်သက်တာ ပညာရေးဦးစီးဌာနများတွင် တာဝန်ထမ်းဆောင် နေပြီး၊ ပညာရေးဘွဲ့ရ ဆရာ/ဆရာမ ဝန်ထမ်းများသည် စစ်ကိုင်း ပညာရေး တက္ကသိုလ်တွင် တက်ရောက်ခွင့် ရရှိပါသည်။

(တ) သင်တန်းဖွင့်မည့်ရက် - ၁-၆-၂၀၁၉

(ထ) စုံစမ်းရန် - ဘာသာရပ်နှင့်စပ်လျဉ်း၍ အသေးစိတ်အချက်အလက်များကို သက်ဆိုင်ရာ ဘာသာရပ် ပါမောက္ခ/ဌာနမှူးများထံတွင် လည်းကောင်း၊ သင်တန်းဝင်ခွင့်နှင့် စပ်လျဉ်း၍ ဌာနမှူး(သင်တန်း)၊ ၀၉- ၄၂ဝ၁၂၀၈၉၄ ထံတွင် လည်းကောင်း စုံစမ်းနိုင်ပါသည်။

READ - PPTT ရေးဖြေအောင်စာရင်းများ မတ် ၂၅ ရက်တွင် ထုတ်ပြန်မည်

News Read 2721 times