Tips

Global English Course အကြောင်းနှင့်ပတ်သက်သည့်အမေးအဖြေ

မေး- Global English Course က ဘယ်လိုသင်တန်းမျိုးလဲ။

ဖြေ - Global English Course က ဘွဲ့လွန်ဒီပလိုမာသင်တန်းဖြစ်ပါတယ်။ Level ၅ ခုတက်ရပါမယ်။ Basic Level, Intermediate Level, Upper Intermediate Level, Advanced Level I, Advanced Level II တို့ဖြစ်ပါတယ်။ Level တစ်ခုစီကို (၁၂)ပတ်ကြာမြင့်မှာ ဖြစ်ပါတယ်။ Level (၅)ခုလုံး ပြီးသွားရင် Diploma in English ကိုချီးမြှင့်မှာဖြစ်ပါတယ်။ သင်တန်းတစ်ခုလုံးပြီးဖို့ (၁)နှစ်ခွဲမှ (၂) နှစ်အတွင်း ကြာမြင့်ပါမယ်။ ယခုလက်ရှိသင်တန်းကြေးက Level တစ်ခုစီအတွက် ကျပ် ၅၀ဝ၀ဝ (ငါးသောင်းကျပ်) ဖြစ်ပါတယ်။

မေး - Level တစ်ခုတက်ပြီးရင် အောင်လက်မှတ် ထုတ်ပေးပါသလား။

ဖြေ - မပေးပါ။ ထောက်ခံစာလိုချင်သူများကို ထောက်ခံစာထုတ်ပေးပါတယ်။

မေး - Basic Level က စတက်ရမှာလား။ ကြားဖြတ်ပြီး intermediate, Upper Intermediate တို့က စတက်လို့ရပါသလား။

ဖြေ- မရပါဘူး။ ကျောင်းသားအားလုံးက Basic Level စတက်ရမှာပါ။

မေး- Basic Level တက်ဖို့ စာမေးပွဲဖြေဆိုရပါသလား။

ဖြေ - မဖြေဆိုရပါ။ Online မှာ လျှောက်လွှာတင်ပြီးသွားရင် တက်ရောက်ခွင့်ရသူများကို Online မှာ ကြေငြာပေးပါမယ်။

မေး - ဘယ်လိုအချိန်တွေမှာ သင်တန်းတက်ရောက်နိုင်ပါသလဲ။

ဖြေ - သင်တန်းတက်ရောက်နိုင်တဲ့အချိန် (၃)ချိန်ရှိပါတယ်။ မိမိတက်လိုတဲ့ အချိန်ကို ရွေးချယ်ပြီး လျှောက်ထားရမှာဖြစ်ပါတယ်။

    - Weekday (WD) – တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ (နံနက် ၇းဝ၀နာရီမှ ၉းဝ၀နာရီ)
    - Weekend (WE 1) – စနေ၊ တနင်္ဂနွေ၊ (နံနက် ၉းဝ၀နာရီမှ ၁၂းဝ၀နာရီ)
    - Weekend (WE 2) – စနေ၊ တနင်္ဂနွေ (နေ့လည် ၁းဝ၀နာရီမှ ၄းဝ၀နာရီ)

ကျောင်းသားဟောင်းများ ကျောင်းအပ်ခြင်း

မေး - Global English Course သင်တန်းတက်ပြီး ခေတ္တနားထားသော ကျောင်းသား၊ ကျောင်းသူများ ဘယ်လိုကျောင်းအပ်ရပါသလဲ။ Online က လျှောက်ရမှာလား။

ဖြေ - ကျောင်းသားဟောင်းတွေဆိုရင် Online က လျှောက်ဖို့မလိုပါဘူး။ မိမိရပ်နားထားတဲ့ Level နှစ်၊ လ တို့ကို ပြောပြီး မိမိကျောင်းသားကဒ်ကိုပြပြီး ကျောင်းပြန်တက်လို့ ရပါတယ်။

Online မှ လျှောက်ထားမှု

မေး - Online မှ လျှောက်ထားရမယ့်ရက်ကို ဘယ်လိုသိနိုင်ပါသလဲ။

ဖြေ - Online မှလျှောက်ထားရမယ့်ရက်ကို ကြေးမုံသတင်းစာ၊ National Centre for English Language  ရဲ Facebook page နဲ့ NCEL ရဲ့ Webpage ဖြစ်တဲ့ https://ncel.edu.mm မှာ ကြေငြာပေးပါတယ်။ လျှောက်လွှာကို သတ်မှတ်တဲ့ရက်၊ သတ်မှတ်တဲ့အချိန်မှာပဲ လျှောက်ရပါမယ်။ ကြိုတင်လျှောက်ထားလို့မရပါဘူး။ လျှောက်ထားရမယ့်အချိန်ကျမှသာလျှင် https://register.ncel.edu.mm မှာ Register လုပ်လို့ရပါမယ်။

မေး - ကိုယ်တက်ချင်တဲ့အချိန်တွေကို Online မှာ လျှောက်တဲ့အခါ ဘယ်လိုရွေးရပါသလဲ။

ဖြေ - Online မှာ လျှောက်လွှာတင်ဖို့ သတ်မှတ်ထားတဲ့ရက်၊ သတ်မှတ်ထားတဲ့ အချိန်မှာ Register လုပ်တဲ့ Icon ပေါ်လာမှာပါ။ အဲဒီအခါ Register (register.ncel.edu.mm) ကို နှိပ်လိုက်ရင် Online မှ လျှောက်ရမယ့် ပုံစံပေါ်လာပါမယ်။ အဲဒီထဲမှာ WD, WE 1, WE 2 ဆိုပြီး ရွေးချယ်စရာ (၃)ခုကို ရွေးရမယ့် Select Option ကတဆင့် ရွေးချယ်လျှောက်ထားနိုင်ပါတယ်။

မေး - Online မှာ WD ကို လျှောက်ပြီး WE 1 or WE 2 အတန်းတွေကို ပြောင်းပြီး ကျောင်းအပ်လို့ရပါသလား။

ဖြေ - Online မှ ရွေးထားပြီးဖြစ်တဲ့ Session ကို ကျောင်းအပ်တဲ့အခါ ပြောင်းအပ်လို့မရပါဘူး။ ဒါကြောင့် လျှောက်ထားရာမှာ WD, WE 1, WE 2 တို့ကို သေချာရွေးချယ်ဖို့လိုအပ်ပါတယ်။

မေး - Online လုပ်တဲ့အခါ Form ဖြည့်ရာမျာ ဘာတွေဖြည့်ရမလဲ။

ဖြေ- Form ဖြည့်ရာမှာ အမည်၊ အဖအမည်၊ မှတ်ပုံတင်၊ မွေးသက္ကရာဇ်၊ အလုပ်အကိုင်၊ နေရပ်လိပ်စာ၊ အီးမေးလ် လိပ်စာ၊ ဘွဲ့အမည်တို့ကို ဖြည့်ရပါမယ်။

မေး - Form ကို အင်္ဂလိပ်လို ဖြည့်ရမှာလား၊ မြန်မာလိုဖြည့်ရမှာလား။

ဖြေ - Form ပါ အချက်အလက်အားလုံးကို အင်္ဂလိပ်လိုပဲ ဖြည့်ရမှာပါ။

မေး - Basic Level တစ်သုတ်ကို ကျောင်းသားဘယ်နှစ်ယောက် လက်ခံပါသလဲ။

ဖြေ - Basic Level ကျောင်းသားလက်ခံရာမှာ လူဦးရေက တသမတ်တည်းမရှိပါဘူး။ လက်ရှိ Intermediate, Upper Intermediate , Advanced Level I, Advanced Level II တက်နေတဲ့ ကျောင်းသားဦးရေကို တွက်ဆပြီးမှ ဆရာလုံလောက်မှု၊ အခန်းလုံလောက်မှုအရ လက်ခံတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ Global English Course (2/2018) မှာတော့ (၃၀ဝ) ကျော် လက်ခံခဲ့ပါတယ်။

မေး - ကျောင်းအပ်တဲ့အခါ လူစားလာပြီး အပ်လို့ရပါသလား။

ဖြေ - Basic Level ဆိုရင်တော့ လူကိုယ်တိုင်လာရပါမယ်။ အခြား Level တွေဆိုရင်တော့ ကျောင်းအပ်ရာမှာ လိုအပ်တဲ့အချက်အလက်အပြည့်အစုံပါရင် လူစားအပ်လို့လည်းရပါတယ်။

မေး - ကျောင်းအပ်တဲ့အခါ ဘာအချက်အလက် အထောက်အထားတွေလိုမလဲ။

ဖြေ - ကျောင်းအပ်တဲ့အခါ လိုအပ်တဲ့အချက်အလက်တွေကတော့ ဘွဲ့လက်မှတ်မူရင်းနှင့် မိတ္တူ၊ မှတ်ပုံတင်၊ ဓါတ်ပုံ (၄)ပုံ ဖြစ်ပြီး ဝန်ထမ်းဖြစ်ပါက ဝန်ထမ်းကဒ် မူရင်းနှင့် မိတ္တူ၊ သက်ဆိုင်ရာ ကျောင်း၊ ရုံး၊ ဌာနမှ တာဝန်ခံ အကြီးအကဲ၏ သင်တန်းတက်ရောက်ခွင့်ပြုစာ တို့ဖြစ်ပါတယ်။

မေး - Online မှာ လျှောက်လွှာကို ဘယ်နှစ်မိနစ်လောက်ကြာအောင် တင်ခွင့်ပေးပါသလဲ။

ဖြေ - လက်ခံနိုင်တဲ့ ကျောင်းသားဦးရေပေါ်မှာ မူတည်ပြီး (၁၀)မိနစ် (၁၅)မိနစ်လောက်ဖွင့်ပြီးရင် form ပြန် ပိတ်ပါတယ်။ တစ်စက္ကန့်မှာ လျှောက်လွှာ (၃၊ ၄)ခုလောက်ဝင်တာကြောင့် (၁၅)မိနစ်ဆိုရင် လျှောက်လွှာ (၅၀ဝ၀) ကျော် (၆၀ဝ၀)လောက်ဝင်နေပါတယ်။ ဒါ့ကြောင့် အင်တာနက် လိုင်းကြပ်တဲ့အတွက် လျှောက်လွှာတင်လို့မရတာ ဖြစ်တတ်ပါတယ်။ လျှောက်လွှာတင်နိုင်ဖို့ အင်တာနက်လိုင်း ကောင်းဖို့တော့လိုပါတယ်။

မေး - Online မှာ Form တင်ပြီး Sent လုပ်ပြီးရင် ကျောင်းအပ်လို့ရပြီလား။

ဖြေ - မရသေးပါဘူး။ Sent လုပ်ပြီးပေမယ့် ကိုယ်ရဲ့ Serial No. က သတ်မှတ်ထားတဲ့ ဦးရေထဲဝင်မှ ကျောင်းအပ်လို့ရပါမယ်။ ဥပမာ မိမိရဲ့ Online မှာ တင်လိုက်တဲ့ Form ရဲ့ WD Serial No. က (၁၅၁) ဆိုပေမယ့် WD တန်းတွေမှာ လက်ခံနိုင်တဲ့ ဦးရေက (၁၅၀) ဆိုရင် ကျောင်းအပ်ခွင့်ရမှာ မဟုတ်ပါဘူး။

source: ncel

Read 1497 times
Rate this item
(1 Vote)